သင္ကဘယ္လို ဖခင္မ်ိဳးလဲ?

သင္ကဘယ္လို ဖခင္မ်ိဳးလဲ?

သင္အလုပ္မွ အိမ္ျပန္လာလၽွင္ သင့္ကေလးငယ္ေလးေတြသင့္ဆီေျပးလာၾကလား။

ဒါမွမဟုတ္ သင့္ကိုျမင္တာနဲ႔ ေရွာင္ေျပးသြားၾကလား။

သင္ကေရာ ငါဟာကေလးေတြခ်စ္ခင္ရတဲ့ ဖခင္ဆိုၿပီး ဂုဏ္ယူမလား။

ဒါမွမဟုတ္ ကေလးေတြေၾကာက္႐ြံရိုေသရတဲ့ ဖခင္ဆိုၿပီးဂုဏ္ယူေနမလား။

အလုပ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အလုပ္မွ အိမ္ျပန္ေရာက္လွ်င္ ကေလးနွင့္ ကေလးးအေမကို ၿပံဳးျပၿပီး အိမ္ထဲဝင္တဲ့ဖခင္လား။

အလုပ္ကပင္ပန္း ေဒါသကထြက္ မ်က္နွာထားထား ပုပ္ပုပ္। တည္တည္နဲ႔ အိမ္ထဲဝင္တတ္တဲ့ ဖခင္မ်ိဳးလား။

ကေလးေတြကို ကစားစရာေတြနဲ႕ပဲလႊတ္ထားတဲ့ ဖခင္လား।ကေလးေတြနဲ႔အတူကစားေပးတဲ့ ဖခင္လား။

ကေလးေတြေရွ႕မွာ ၾကမ္းတမ္းရိုင္းစိုင္းေသာ စကားလုံးေတြကိုသံုးတဲ့ဖခင္လား। ကေလးအနားမွာရွိလွ်င္ အေျပာအဆို ဆင္ျခင္တတ္တဲ့ ဖခင္တေယာက္လား။

ကေလးေရွ႕မွာ သူ႔အေမနဲ႔ ရန္ျဖစ္တတ္တဲ့ ဖခင္လား। သူ႔အေမကို ဝိုင္းကူေပးတဲ့ ဖခင္လား။

ကေလးနားမွာေဆးလိပ္ေသာက္ၿပီး ကေလးအဆုတ္ကိုဖ်က္ဆီးေပးတဲ့ဖခင္လား। ကေလးနဲ႔အတူ လမ္းေလၽွာက္အားကစားလုပ္ၿပီး က်န္းမာသန္စြမ္းေအာင္ကူညီေပးတဲ့ဖခင္လား။

ကေလးကို အခ်ိန္ေပးတဲ့ ဖခင္လား। iPhone ကိုပဲအခ်ိန္ေပးတဲ့ ဖခင္လား။

မေန႔က ေဆးခန္းမွာ ဆယ္ေက်ာ္သက္ကေလးမေလး တေယာက္ရဲ့ ၄၅-မိနစ္ၾကာၾကာ ငိုယိုၿပီး ရန္ျဖစ္တဲ့မိဘေတြအေၾကာင္း နားေထာင္ၿပီးေနာက္ အေဖမ်ားကို အေဖတေယာက္က အခ်င္းခ်င္း သတိေပးသည္ဟုပဲ မွတ္ယူပါ။

မိဘသည္ ကေလးတဦး၏ ဘဝတြင္ ပထမဦးဆံုးေသာ သင္ဆရာ। ျမင္ဆရာ। ၾကားဆရာျဖစ္သည္။

ေမတၱာျဖင့္
စိုးမိုးေက်ာ္

Unicode >>>

သင်ကဘယ်လို ဖခင်မျိုးလဲ?

သင်အလုပ်မှ အိမ်ပြန်လာလျှင် သင့်ကလေးငယ်လေးတွေသင့်ဆီပြေးလာကြလား။

ဒါမှမဟုတ် သင့်ကိုမြင်တာနဲ့ ရှောင်ပြေးသွားကြလား။

သင်ကရော ငါဟာကလေးတွေချစ်ခင်ရတဲ့ ဖခင်ဆိုပြီး ဂုဏ်ယူမလား။

ဒါမှမဟုတ် ကလေးတွေကြောက်ရွံရိုသေရတဲ့ ဖခင်ဆိုပြီးဂုဏ်ယူနေမလား။

အလုပ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်မှ အိမ်ပြန်ရောက်လျှင် ကလေးနှင့် ကလေးးအမေကို ပြုံးပြပြီး အိမ်ထဲဝင်တဲ့ဖခင်လား။ အလုပ်ကပင်ပန်း ဒေါသကထွက် မျက်နှာထားထား ပုပ်ပုပ်। တည်တည်နဲ့ အိမ်ထဲဝင်တတ်တဲ့ ဖခင်မျိုးလား။

ကလေးတွေကို ကစားစရာတွေနဲ့ပဲလွှတ်ထားတဲ့ ဖခင်လား।ကလေးတွေနဲ့အတူကစားပေးတဲ့ ဖခင်လား။

ကလေးတွေရှေ့မှာ ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးတွေကိုသုံးတဲ့ဖခင်လား। ကလေးအနားမှာရှိလျှင် အပြောအဆို ဆင်ခြင်တတ်တဲ့ ဖခင်တယောက်လား။

ကလေးရှေ့မှာ သူ့အမေနဲ့ ရန်ဖြစ်တတ်တဲ့ ဖခင်လား। သူ့အမေကို ဝိုင်းကူပေးတဲ့ ဖခင်လား။

ကလေးနားမှာဆေးလိပ်သောက်ပြီး ကလေးအဆုတ်ကိုဖျက်ဆီးပေးတဲ့ဖခင်လား। ကလေးနဲ့အတူ လမ်းလျှောက်အားကစားလုပ်ပြီး ကျန်းမာသန်စွမ်းအောင်ကူညီပေးတဲ့ဖခင်လား။

ကလေးကို အချိန်ပေးတဲ့ ဖခင်လား। iPhone ကိုပဲအချိန်ပေးတဲ့ ဖခင်လား။

မနေ့က ဆေးခန်းမှာ ဆယ်ကျော်သက်ကလေးမလေး တယောက်ရဲ့ ၄၅-မိနစ်ကြာကြာ ငိုယိုပြီး ရန်ဖြစ်တဲ့မိဘတွေအကြောင်း နားထောင်ပြီးနောက် အဖေများကို အဖေတယောက်က အချင်းချင်း သတိပေးသည်ဟုပဲ မှတ်ယူပါ။

မိဘသည် ကလေးတဦး၏ ဘဝတွင် ပထမဦးဆုံးသော သင်ဆရာ। မြင်ဆရာ। ကြားဆရာဖြစ်သည်။

မေတ္တာဖြင့်
စိုးမိုးကျော်

error: Content is protected !!