ေခါင္းေဆာင္ မတင္ထိုက္သူ (၆) ဦး

 

ေခါင္းေဆာင္ မတင္ထိုက္သူ (၆) ဦး

ဂဏန္းလို လူ
ဂဏန္းပုပ္ေကာင္ လက္မေထာင္၍ မာန္ေဆာင္ဝင့္ၾကြား ကန္႔လန္႔သြားကာ အလားသဏၭာန္ လူမဆန္သည့္ ဂုဏ္မာန္မ့ဲ ကင္း လူ႔ငဖ်င္းသည္ ခ်ဳိ႕ယြင္းလစ္လပ္ ဂုဏ္အင္ျဒပ္ေၾကာင့္ေပးအပ္,ရာထူး စိတ္မကူးသင့္ ။

ပုတ္သင္ညိဳလို လူ
ပုတ္သင္ပမာ သတၱဝါကား ေခါင္းခါေခါင္းၿငိမ့္ ဂုဏ္ရည္နိမ့္ကာ ရႈစိမ့္ေသာ္ျငား မတရားသည့္ မိုက္မွားဗာလ လူ႔အႏၶကို
မုခ်ဖယ္ရွား သုတ္သင္ထား၍ လ်ာထားမူေဘာင္ တို႔ျပည္ေထာင္ဝယ္ ေခါင္းေဆာင္,ေနရာ မေပးသာေပ ။

ကိုင္းပင္လို လူ
ေလျပည္သယ္ရာ ယိမ္းႏြဲ႔ပါ၍ ထက္ညာစုန္ဆန္ ပါသြားျပန္ကာ အမွန္သရုပ္ ဂုဏ္ရည္ပုပ္သည့္သိမ္ႏုပ္ည့ံဖ်င္း ေကာင္းသတင္းကား ႀကိဳင္သင္းဖြယ္ရာ မရွိတာေၾကာင့္ ေနရာကိုေပး ေခါင္းေဆာင္ေရြးလ်င္ မေႏွးဒုကၡ ေတြ႕ၾကရမည္ ။

ႏြားသိုးလို လူ
တဏွာမာန္စြယ္ အရြယ္ငယ္စဥ္၌ ႀကံရြယ္ေနရွာ ကိေလသာႏွင့္ အာဏာရာထူး မက္အ့ံမူးကာ စိတ္ရူး ႏြားသိုး ထိုလူမ်ဳိးကား ကိုယ္က်ဳိးေဖြရွာ ဥပမာေၾကာင့္ ေနရာေပးဖို႔ စဥ္းစားစို႔ကြယ္ ။

လိပ္လို လူ
တြားသြားသည့္ခါ ေျခလက္မွာဝယ္ လားရာသူ႔ဘက္ ျပန္ျပန္ယက္ကာ သိုဝွက္ဦးေခါင္း ကိုယ္တြင္းေအာင္း၍ ျဖစ္ေၾကာင္းကုန္စင္ မသိျမင္ပဲ ငါလ်င္မွန္စြ နာယကဟု အတၱေဖာ္ထုတ္ စိတ္ဓာတ္ယုတ္သည့္ ညစ္ပုပ္ေခါင္းေဆာင္ လူ႔ျပာေလာင္ကို ၾကဥ္ေရွာင္ဖယ္ခြာ သတိမူပါေလာ့ ။

ေခြးအ လိုလူ
အိပ္စား ကာမ ထိုႏွစ္ခြျဖင့္ ဘဝေရွ႕ေရး ျပန္မေတြးသည့္ ဤေခြးပမာ လူသားမွာလည္း ျပည္ရြာအက်ဳိး ရမၼက္ဆိုးျဖင့္ သယ္ပိုးထမ္းရြက္ လုပ္ေဆာင္ခ်က္သည္ အခက္ႀကံဳကာ ပ်က္စီးမွာမို႔ ႏံုခ်ာတိမ္းေစာင္း ေခါင္ေဆာင္ေကာင္းဟု ထပ္ေလာင္းမွန္စြာ မတင္ထိုက္ပါေပ ။

ႏိူင္လင္းစိုး (ခ်င္းတြင္းေျမ)

ခေါင်းဆောင် မတင်ထိုက်သူ (၆) ဦး

ဂဏန်းလို လူ
ဂဏန်းပုပ်ကောင် လက်မထောင်၍ မာန်ဆောင်ဝင့်ကြွား ကန့်လန့်သွားကာ အလားသဏ္ဌာန် လူမဆန်သည့် ဂုဏ်မာန်မဲ့ ကင်း လူ့ငဖျင်းသည် ချို့ယွင်းလစ်လပ် ဂုဏ်အင်ဒြပ်ကြောင့်ပေးအပ်,ရာထူး စိတ်မကူးသင့် ။

ပုတ်သင်ညိုလို လူ
ပုတ်သင်ပမာ သတ္တဝါကား ခေါင်းခါခေါင်းငြိမ့် ဂုဏ်ရည်နိမ့်ကာ ရှုစိမ့်သော်ငြား မတရားသည့် မိုက်မှားဗာလ လူ့အန္ဓကို
မုချဖယ်ရှား သုတ်သင်ထား၍ လျာထားမူဘောင် တို့ပြည်ထောင်ဝယ် ခေါင်းဆောင်,နေရာ မပေးသာပေ ။

ကိုင်းပင်လို လူ
လေပြည်သယ်ရာ ယိမ်းနွဲ့ပါ၍ ထက်ညာစုန်ဆန် ပါသွားပြန်ကာ အမှန်သရုပ် ဂုဏ်ရည်ပုပ်သည့်သိမ်နုပ်ည့ံဖျင်း ကောင်းသတင်းကား ကြိုင်သင်းဖွယ်ရာ မရှိတာကြောင့် နေရာကိုပေး ခေါင်းဆောင်ရွေးလျင် မနှေးဒုက္ခ တွေ့ကြရမည် ။

နွားသိုးလို လူ
တဏှာမာန်စွယ် အရွယ်ငယ်စဉ်၌ ကြံရွယ်နေရှာ ကိလေသာနှင့် အာဏာရာထူး မက်အ့ံမူးကာ စိတ်ရူး နွားသိုး ထိုလူမျိုးကား ကိုယ်ကျိုးဖွေရှာ ဥပမာကြောင့် နေရာပေးဖို့ စဉ်းစားစို့ကွယ် ။

လိပ်လို လူ
တွားသွားသည့်ခါ ခြေလက်မှာဝယ် လားရာသူ့ဘက် ပြန်ပြန်ယက်ကာ သိုဝှက်ဦးခေါင်း ကိုယ်တွင်းအောင်း၍ ဖြစ်ကြောင်းကုန်စင် မသိမြင်ပဲ ငါလျင်မှန်စွ နာယကဟု အတ္တဖော်ထုတ် စိတ်ဓာတ်ယုတ်သည့် ညစ်ပုပ်ခေါင်းဆောင် လူ့ပြာလောင်ကို ကြဉ်ရှောင်ဖယ်ခွာ သတိမူပါလော့ ။

ခွေးအ လိုလူ
အိပ်စား ကာမ ထိုနှစ်ခွဖြင့် ဘဝရှေ့ရေး ပြန်မတွေးသည့် ဤခွေးပမာ လူသားမှာလည်း ပြည်ရွာအကျိုး ရမ္မက်ဆိုးဖြင့် သယ်ပိုးထမ်းရွက် လုပ်ဆောင်ချက်သည် အခက်ကြုံကာ ပျက်စီးမှာမို့ နုံချာတိမ်းစောင်း ခေါင်ဆောင်ကောင်းဟု ထပ်လောင်းမှန်စွာ မတင်ထိုက်ပါပေ ။

နိူင်လင်းစိုး (ချင်းတွင်းမြေ)

error: Content is protected !!