ဒီ post ဟာ အသည်းကွဲနေသော အသည်းကွဲဖူးသော မိန်းကလေးတွေအတွက် ရည်ညွှန်းပါတယ် …

ဒီ post ဟာ အသည်းကွဲနေသော အသည်းကွဲဖူးသော မိန်းကလေးတွေအတွက် ရည်ညွှန်းပါတယ် …

လူတိုင်းအသည်းကွဲဖူးကြပါတယ်
ချစ်ခဲ့ဖူးတဲ့ လူတိုင်း အသည်းကွဲဖူးကြပါတယ်
အိလဲ အသည်းကွဲဖူးပါတယ်၊ကွဲဖူးတာမှ သူမရှိတော့ရင် မနက်ဖြန်ကို ဘယ်လိုဖြတ်သန်းရမလဲမသိလောက်အောင်ကိုပဲ အသည်းကွဲခဲ့ရပါတယ်
ငိုရလွန်းတဲ့ မျက်ရည်တွေဟာ ဘယ်တော့မှမခန်းတော့ဘူးထင်ရအောင် ငိုခဲ့ရတယ်…

ရင်ဘတ်တွေ အောင့်လွန်းလို့ တခါရှိုက်တိုင်း ရင်ဘတ်ကို လက်နဲ့တောင်ဖိထားရအောင် ငိုခဲ့ရတာပါ။
အမေလဲမနေရ သူငယ်ချင်းတွေလဲ မနေရ ..အရူးမီးဝိုင်း ရင်ဖွင့်ခဲ့ရ သူ့သူငယ်ချင်းတွေဆီဖုန်းတွေဆက် တွေ့ရင် ဘယ်လို တမ်းတနေပါတယ်ဆိုတဲ့ အကြောင်းတွေပြော အရူးမတယောက်လိုကို ဖြစ်ခဲ့ရတာပါ

ဒါပေမဲ့ အဲလိုကွဲခဲ့တဲ့ အသည်း အခုချိန်မှာ ဘာဖြစ်နေလဲ
အခုချိန်မှာ ဘာမှ မဖြစ်တဲ့ အပြင် အသည်းကွဲရူးသွပ်ခဲ့ရတာ ငါလား လို့တောင် ပြန်စဉ်းစားရတဲ့ထိကို

ဘဝက ငြိမ်းချမ်းပါတယ်၊တင့်တယ်ပါတယ်၊ကြည်နူးပါတယ် ဘာကြောင့်လဲ ၊ ဘယ်လို ဖြတ်သန်းခဲ့လဲ၊
ဖြတ်သန်းခဲ့ရတာတော့ နေ့ရက်တရက်ဆီတိုင်းကို နာကျင်စွာ ဖြတ်သန်းခဲ့ရတာပါ ။

အတူရောက်ဖူးတဲ့ နေရာတွေမှာ မျက်ရည်တွေ မဆည်နိုင် ဖြစ်ခဲ့ရတာပါ ။
ဒါပေမဲ့ ပထမဆုံး တွေးမိတဲ့ အတွေးက ငါ သူ့အပေါ် ဒီလောက် ချစ်ရက် နဲ့ သူငါ့ကို ဘာကြောင့် ထားခဲ့ သလဲ ဆိုတဲ့ အတွေးပါ ။အဖြေကတော့ ရှင်းပါတယ် သူ ကိုယ့်ကို မလိုအပ်တော့လို့ မချစ်တော့လို့ ကိုယ်နဲ့ နေရတာ စိတ်မချမ်းသာလို့ ပေါ့ ။
ကိုယ့်ကို မလိုအပ် တန်ဖိုးမထား တဲ့လူတယောက်ကို ကိုယ်လွမ်းဆွတ်နေမဲ့ အစားခံပြင်းစိတ်လေးတချက်လောက်နဲ့ တွေးကြည့်ပါ။

ကိုယ်က ဘာဖြစ်နေလို့ သူက ကိုယ့်ကို တန်ဖိုးမထားတာလဲ? ကိုယ်က ရုပ်ဆိုးနေလား မချမ်းသာလို့လား? ပညာမတတ်လို့လား? ဘာပြစ်ချက်တွေများ ရှိလို့လဲ၊
ဟုတ်ကဲ့ …ဒါဆို တခုပြောပါမယ် ….

ဒီလောကကြီးမှာလေ လူတိုင်းက ကိုယ့်အလှတရား နဲ့ ကိုယ်ရှိပါတယ်… မလှတဲ့မိန်းကလေးဆိုတာ မရှိပါဘူး … လှအောင် မနေတတ်တဲ့ မိန်းကလေးပဲရှိပါတယ်
မိတ်ကပ်ပညာတွေ ဒီလောက်တိုးတက် နေတဲ့ ခေတ်, beauty blogger တွေ , you tube video တွေ အဆင်သင့်ကြည့်လို့ရတဲ့ ခေတ်မှာ
မလှဘူး ဆိုတာထက် လှအောင် မနေတတ်ဘူးလို့ပဲ ပြောပါရစေ

အိုကေ ပြတ်သွားပြီလား ၊ ပြတ်သွားရင် အရင်ဆုံး လုပ်ရမဲ့ အလုပ်က မှန်ကြည့်ပါ …
ကိုယ့်မျက်နှာရဲ့ အားသာချက် အားနည်းချက် .. ဘယ်လိုရီရင်လှတယ် … ဘယ်လိုပြုံးရင် လှတယ် သေချာ ကြည့်ပါ …
ပြီးရင် ဒုတိယလုပ်ရမဲ့ အလုပ်ကလေ မိတ်ကပ်ကို ကိုယ့်မျက်နှာနဲ့ ဘယ်လို လိုက်ဖက်အောင်ပြင်မလဲ လေ့လာပါ … ဖြစ်နိုင်ရင် self make up class လေးတွေ တက်ပါ ….
ပြီးရင် မိတ်ကပ်လိမ်းပြီး selfie လေးတွေရိုက် .. fb ပေါ်တင်ပါ … ကိုယ့်ရဲ့ လှနေတဲ့ မျကိနှာလေးကို like ပေးသူတွေ love ပေးသူတွေ များလာရင် comment တွေ များလာရင် စိတ်ကြည်နူးချမ်းမြေ့ပြီး ရည်းစားဟောင်းကို မေ့သွားပါလိမ့်မယ် ….

နောက်တခု မပြည့်စုံလို့လား ဆိုတဲ့ အတွေးနဲ့ ပတ်သတ်ပြီး ပြောချင်ပါတယ် …
လူတ်ုင်းကလေ ဝတ္ထုတွေ ထဲကလို ရွှေတောင်ကြားက အိမ်ကြီးမှာ အခြွေအရံအများကြီး နဲ့ မွေးလာတာ မဟုတ်ပါဘူး …
ကိုယ့်ကုသိုလ်ကံ အကျိုးပေးနဲ့ ပြည့်စုံတာ ရှိသလို မပြည့်စုံတာလဲ ရှိမှာပဲ .. ဒီနေ့ချမ်းသာပေမဲ့ မနက်ဖြန် ဆင်းရဲချင်လဲ ဆင်းရဲနိုင်တာပဲ …
အခုချိန်မှာ ကိုယ်ပိုင်ကား မရှိပေမဲ့ တချိန်မှာ ကား ရှိနိုင်တာပဲ .. အခုချိန်မှာ ကိုယ်ပိုင်အိမ် မရှိပေမဲ့ တချိန်မှာ ရှိနိုင်တာပဲ !!!!!
အဓိက က ကိုယ့်စိတ်ဓါတ်က အရေးကြီးဆုံးပါ …
မပြည့်စုံခြင်းဟာ လုံးဝ ( လုံးဝ) ရှက်စရာမဟုတ်ပါဘူး …

အိဆိုရင် တချိန်တုန်းက ဘက်စ်ကားစီးပြီးလဲ ကျောင်းတက်ခဲ့ရတာပဲ … ပြည့်စုံတဲ့ သူတွေ ဖုန်းတွေ ကိုင်နေချိန်မှာ pco ဖုန်းလေးနဲ့ ပဲဆက်ခဲ့ရတဲ့ အချိန်တွေလဲ ရှိခဲ့တာပဲ….
ဒါပေမဲ့ လူဆိုတာ တနေရာထဲရပ်နေတဲ့သူမဟုတ်ဘူးလေ … ကိုယ်ကျောင်းသူဘဝ ဝင်ငွေမရှိချိန်မှာ ချွေချွေတာတာ နေခဲ့ရပေမဲ့ ကျောင်းပြီးတဲ့ အချိန် အလုပ်လုပ်န်ုင်ချိန်မှာ
ကိုယ့်ဝင်ငွေ ကိုယ့်ပညာ ကိုယ့်ခွန်အား နဲ့ ရှာဖွေ စုဆောင်း နိုင်ခဲ့တာပဲလေ…
ကိုယ်မပြည့်စုံချိန်မှာ စွန့်ခွာသွားသူ ကိုယ့်ကို မပေါင်းတဲ့ လူတွေကို ဘယ်တော့မှ မလွမ်းပါနဲ့ …. ဘယ်တော့မှလဲ ပြန်မပေါင်းပါနဲ့ … မှတ်ထားပါ …
ဘဝဆိုတာ အမြဲတမ်း နိမ့်နေတာ မဟုတ်ပါဘူး ….. အဆင်မပြေတဲ့ အချိန် တခဏအတွင်းမှာ ကိုယ့်ပညာ ကိုယ့်စိတ်ဓါတ် နဲ့ ကြံ့ကြံ့ခိုင် ရပ်တည် ခေါင်းမော့ထားဖို့သာလိုတာပါ …..
ကိုယ်မပြည့်စုံလို့ ထားခဲ့တာလား…. အိုကေ …. လုံးဝ မလွမ်းပါနဲ့ … သူ့လိုလူမျိုးနဲ့ ဝေးရတာ ဝမ်းသာလိုက်ပါ.. သူဟာအလွမ်းနဲ့ ထိုက်တန်သူ မဟုတ်ပါဘူး

ပညာမဲ့နေလား ဆိုတဲ့ စကားအတွက် ပြောစရာ တခုပဲရှိပါတယ် …
ဒီခေတ်မှာတော့ အားလုံးက ပညာတတ်မိန်းကလေးတွေပါ…
ရှေးခေတ်ကတော့ မိန်းမဆိုရင် သေစာရှင်စာပဲ ဖတ်တတ်ရင် ရပြီ ဆိုပြီး ၄ တန်းလောက် စာဖတ်တတ်ရင်ပဲ ကျောင်းထုတ် .. ယောကျာ်းပေးစား … အိမ်ရှင်မလုပ်ခိုင်း ဆိုတဲ့ ဘောင်ကြီးထဲ ထည့်ခံရပါတယ် ….
ဟိုခေတ်ကတော့ မိန်းမ အလုပ်မလုပ်လဲ ယောကျာ်းတယောက်ရှာတဲ့ ဝင်ငွေဟာ တအိမ်လုံး ဖူဖူလုံလုံရပ်တည်နိုင်တယ် …
အခုခေတ်က ယောကျာ်းတယောက်ထဲ အလုပ် လုပ်ရင် တအိမ်ထောင်လုံး စား လောက် ရဲ့လားဟင် ? ကဲဟုတ်ပြီ ရှာဖွေနိုင်တဲ့ ယောကျာ်းကို ယူထားရင်ရောပျော်ရွှင်အဆင်ပြေပြီ ထင်သလား ?????
အိ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ အိမ်ထောင်ရေးတွေမှာ ယောကျာ်းရော မိန်းမရော အလုပ် လုပ်ကြရပါတယ် … ခေါင်းစဉ်တွေက ပြောရင်းလွဲကုန်တော့မယ် … ဒီအကြောင်းကို နောက်မှ ဆွေးနွေးပါမယ်…
ပညာဆိုတာ အတန်းစာကိုမှ ပညာခေါ်ချင်တာ မဟုတ်ပါဘူး … ဟင်းချက်တတ်တာလဲ ပညာပဲ … ကားမောင်းတတ်တာလဲ ပညာပဲ …. သင်ယူနေရတဲ့ အရာတွေ အားလုံးဟာ ပညာပါ ….
ဘယ်လိုပဲ ပြည့်စုံတဲ့ ဘဝကပဲ လာလာ ဘယ်လိုပဲ မပြည့်စုံတဲ့ ဘဝကပဲ လာလာ … အတန်းပညာကိုသာမက တခြား အတတ်ပညာတွေက်ုပါ သင်ယူစေချင်ပါတယ်….
ဘယ်ပညာမဆို အလဟသ ဖြစ်သွားတယ် ဆိုတာ မရှိပါဘူး … ပြီးတော့ ဒီခေတ်မှာတော့ မိန်းကလေးတွေဟာ wonder woman တွေပါနော် …
အသည်းကွဲနေချိန်မှာလေ ကျောင်းတက်နေရသူက ဘွဲ့ရအောင် တနှစ်တတန်း မှန်မှန်အောင် အောင် စာကျက်ပါ …
ဘွဲ့ရပြီးသူက ဘွဲ့တခုအပြင် နောက်တဘွဲ့အတွက် ကြိုးစားပါ … ဘာသာစကား သင်တန်းတွေ တက်ပါ … ကွန်ပြူတာ ရေကူး ကားမောင်း မုန့်ဖုတ် ဟင်းချက် …. အို အကျိုးရှိမဲ့ သင်တန်းတွေ တက်ပါ …
ပြောချင်တာကလေ အသည်းကွဲနေချိန်မှာ အခန်းထဲ ပိတ်ပီး ခေါင်းအုံးပေါ်ငိုတဲ့ ခေတ်က ကုန်သွားပါပြီ

သူငယ်ချင်းတွေနဲ့ အရက်သွားသောက်တာမျိုးလဲ ခဏခဏ မလုပ်ပါနဲ့ ….( မူးရင် ပိုလွမ်းတယ်လေ )
အသည်းကွဲနေချိန်မှာ ကိုယ့်စိတ်ကို အနား မပေးပဲ အလုပ်တွေ ခိုင်းပါ ….ကျောင်းတက်ပါ … သင်တန်းတက်ပါ … စာကျက်ပါ… အလှပြင်ပါ…
နောက်ဆုံး လုပ်စရာ မရှိရင် လေ ခေါင်းအုံးပေါ်မှောက်အိပ်နေမဲ့ အစား အခန်း သန့်ရှင်းရေး လုပ်ပစ်လိုက်ပါ…. အခန်းလေး သန့်သွားရင် စိတ်ကလေး ကြည်သွားမှာတော့ အသေအချာပဲလေ …

အော် …. အရေးကြီး ဆုံး တခု ပြောဖို့ မေ့နေတယ် ….
ပြတ်ပြီ ဆိုတာနဲ့ သူနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ စုပါ … အိတ်အကြီးတလုံးယူပြီး ထည့်ပါ… ငိုလိုက် ထည့်လိုက် ပေါ့ …
ပြီးရင်လေ ကြိုးနဲ့ သေချာချည်ပြီး မမြင်ရတဲ့ နေရာသာ သွားထားလိုက်ပါ … နောက်တခုက couple photo တွေ ပြန်ကြည့်ပါ ….
ပြန်ကြည့်တိုင်း ဒီနေရာမှာ ဒါသွားစားတယ်… ဒီလိုလေးလေ လို့ တွေးစရာမလိုအောင် မှတ်ဉာဏ်တွေ ကောင်းပြီး သတိတွေကရနေမှာပါ…
ဒါပေမဲ့ အဲဒီ သတိရခြင်း နောက်မှာ ဒီလို ငါနဲ့ ပျော်ခဲ့တာတွေ ငါကောင်းခဲ့တာတွေကိုမှ မထောက်ထား လုပ်ရက်တဲ့သူလို့ တွေးပြီး သူ့ကို စိတ်တွေနာပစ်ပါ …
မမုန်းနိုင်ရင်တောင် စိတ်တွေနာ ပစ်ပါ … လွမ်းဆွတ်ခြင်းကို စိတ်နာခြင်းနဲ့ အနိုင်ယူပစ်ပါ ….
ပြီးရင်တော့ ပုံတွေက်ု ဖျက်ပစ်လိုက်ပါတော့

နောက်ဆုံး တခု သေချာမှာချင်ပါတယ်….
ခြံခုန် သွားသူပဲ ဖြစ်ဖြစ် … ကိုယ့်ကို ပလိန်းကြီး ထားသွားသူပဲ ဖြစ်ဖြစ် … သူ့ကို နစ်နာစေတဲ့ post တွေ … သူနဲ့ ပြောဖူးတဲ့ ss တွေက်ု fb ပေါ် လုံးဝ မတင်ပါနဲ့နော် ..
ဟယ် ဘာဖြစ်လို့လဲ ? ဘာဖြစ်လို့လဲံဆိုတော့လေ လမ်းခွဲပြီးတဲ့ အချိန်မှာ ကိုယ်ဟာ သူ့ကို ဂရုမစိုက်သူ … သူထားသွားလဲ ဘာမှ မဖြစ်သူ…
သူ့ကို ချောက်မချတဲ့ မိန်းမကောင်းတယောက် ဖြစ်သူ… သူ့ကို လွမ်းဆွတ်မနေသူ ဖြစ်စေချင်တာပါ…
သူနဲ့ ပတ်သတ်တာ တခု တင်ရင် ကိုယ်တော်ချောက … ငါ့က်ု မပြတ်နိုင်ရှာဘူး ထင်နေမှာ….
သူ့ကို block တာမျိုးလဲ မလုပ်စေချင်ဘူး … unfollow လေးလောက်တော့ လုပ်ပေါ့နော် !!! ကိုယ်ရည်းစားအသစ်ရသွားလဲ သူမြင်ရတာပေါ့ …. 😄

တချိန်မှာ သူထားသွားခဲ့ ဖူးသော မိန်းမသည် မတော်တဆ ပြန်လည်ဆုံတွေ့ခဲ့မယ်ဆိုရင် သူပြန်မက်မောရအောင် လှပ ကျော့ရှင်း ထက်မြက် နေတာမျိုးပဲ ဖြစ်စေချင်ပါတယ် ….
အသည်းကွဲတော့မယ် …. အသည်းကွဲနေတယ် ဆိုတဲ့ သူတွေ ဒီpost လေး ဖတ်ပြီး စဉ်းစား ဆင်ခြင် ပြင်ဆင်နိုင်ကြပါစေ ….
we are wonder women

ချစ်သော
အိရေချယ်

 

error: Content is protected !!