တန်ဖိုးဖြတ်မရသော စကားများ

 

တန်ဖိုးဖြတ်မရသော စကားများ

ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီးဝင်နေလျှင် သူတပါးကို အထင်သေးတာ သဘာဝပဲ။တစ် ဘဝ၏ ငါ့အဖြစ်ကို မကြည့်ပါနှင့်။တစ် သံသရာလုံးရဲ့ ငါ့အဖြစ်ကိုကြည့်ပါ။( မဟာဂန္ဓာရုံဆရာတော် )

သတ္တဝါတိုင်း မာန်ရှိကြတယ်။ အသိဉာဏ် မပြည့်စုံခင်တော့ မဆိုသာဘူး။ အသိဉာဏ် ရင့်ကျက်လာမှ မာန်တက်တာ ဟန်မကျဘူး။(ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်)

အဆိုးလောကဓံကို ကြိတ်မှိတ်ခံလို့ရတယ်။ အကောင်းလောကဓံကို ခံနိုင်ခဲတယ်။( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ )

အငြင်းရှိလျှင် ရှောင်။ အပြစ်ကင်းသည်။( ဘုန်းတော်ကြီး ဦးသီလ )

လူအများဟာ ဘယ်သူဟာ ကံကောင်းတယ်။ဘယ်သူဟာ ကံဆိုးတယ်လို့  ပြောဆိုလေ့ရှိကြတယ်။ ကံကောင်းခြင်း ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုသာလျှင်ဖန်တီးနေကြခြင်းဖြစ်တယ်။ ကံတရားဆိုတာ မိမိတို့ ၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။ စေတနာကောင်းလျှင် ကံကောင်းမယ်။ စေတနာဆိုးလျှင် ကံဆိုးမယ်။( တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ )

၁။ သူတပါးလှေကို ဖာနိုင်လျက် မိမိလှေကို မဖာနိုင်လျှင် နစ်တတ်သည်။

၂။ ရှေ ဥဒေါင်းငှက် အကကောင်း သော်လည်း စအိုပေါ်၍ အဆို အမြည်ခံရသည်။

၃။ တုံး တံတားလျှောက်စဉ် အရပ်တပါး မကြည့်နှင့်။ ချောက်ထဲသို့ ကျလိမ့်မည်။ သံသရာတံတားလျောက်စဉ် သူတပါးအပြစ် မကြည့်နှင့်။ သံသရာချောက်သို့  ကျလိမ့်မည်။

၎။ သူတပါး၏အပြစ်ကို မိမိနှလုံးအိမ် ကြာကြာမစိမ်နှင့်။

( ပထမရှေ့ ကျင်ဆရာတော်ကြီး )

စိတ်ကို ဆုံးမရင် လူချမ်းသာလည်း ရနိုင်တယ်။ နတ်ချမ်းသာလည်း ရနိုင်တယ်။ နိဗ္ဗာန်ချမ်းသာလည်း ရနိုင်တယ်။ မြဲမြဲမှတ်ကြ။(ရှေ့ ဥဒေါင်းတောင် ဆရာတော်ကြီး )

သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင် အသေစောက ကိုယ်ကျိုးနည်းလိမ့်မယ်။( မိုးကုတ်ဆရာတော်ကြီး )

ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆို လုပ်ရမှာ ပျင်းကြတယ်။ မလုပ်ချင်ပေမဲ့ ပေပြီးလုပ်ရတယ်။အကုသိုလ်အလုပ်ကျတော့ ဘယ်သူမဆို မတိုက်တွန်းရဘူး။ လုပ်ချင်နေကြတယ်။ အကုသိုလ်အလုပ်ကို လုပ်ချင်နေပေမဲ့ ပေပြီး မလုပ်ပဲ ရှောင်နေရမယ်။( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး )

စကားနှင့် အစား….သည်နှစ်ပါးမှာ…..စကားမညီသော် အရှုပ်ရှုပ်…..အစားမညီသော် တရုတ်ရုတ်။( လုံးထော်ဆရာတော် )

စကားအပေါင်းကို အုပ်သည်ကား ကတိ။တရားအပေါင်းကို ချုပ်သည်ကား သတိ။ကြော့ကြမ်းလျှင် မုန်းတတ်သည်။

သော့သွမ်းလျှင် ဆုံးတတ်သည်။ဟော့ရမ်းလျှင် ရှုံးတတ်သည်။မကြော့ မကြမ်း နုရမည်။မဟော့ မရမ်း ရှုရမည်။မသော့ မသွမ်း ပြုရမည်။( ကျည်းကန်ရှင်ကြီး စကားပုံ )

စားသမျှမစင်။ထားသမျှ မသေခင်။ပြုသမျှ ကုသိုလ်ပင်။ယခုဘဝကောင်းဘို့ တွင်။စားလည်းစား ထားလည်းထား ပြုလည်းပြုမှ တော်မည်ပင်။( ဒီပဲယင်းဆရာတော် )

အဝတ်လွန်သော် ဣဏ

( ကြွေးတင်တတ်တယ်)
အစားလွန်သော် ဘယ

( ဘေးဖြစ်တတ်တယ် )

အအိပ်လွန်သော် မောဟ

( တွေဝေတတ်တယ် )

အဝလွန်သော် ထိန

( ထိုင်းမှိုင်းတတ်တယ် )

( ရှင်မဟာသီလဝံသ )

သူတည်းတယောက်၊ ကောင်းဘို့ ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

( အနန္တသူရိယအမတ် )

မိမိကျန်းမာရေးကိုကောင်းစွာစောင့်ရှောက်သောအားဖြင့် မိမိအကျိုးကို ကောင်းစွာ စောင့်ရှောက်သည်မည်၏။( ဒေါ်မမခင် )

ပညာရှိများရေးသားထားသော စာပေများကို ကိုယ့်အိမ်မှာထားခြင်းသည် ၎င်းပညာရှိများ၏ ကိုယ်စားလှယ်ကို ဆုံးမသြဝါဒပေးရန်ပင် ခေါ်ထားခြင်းနှင့်တူ၏။( ဦးပဂျီငို )

သူရဲကောင်းသည် စည်းစိမ်ကို မနှစ်သက်၊ ရဲစိတ် ရဲမာန်ကိုသာ ခင်တွယ်၏။ မြတ်နိုး၏။ နှစ်သက်၏။( သခင်ထွန်းအုပ် )

လောကကို ကောင်းအောင်ပြုရာ၌ တယောက် နှစ်ယောက်ပြု၍မကောင်း။ အများပြုလုပ်မှ ကောင်းသည်။ လောကုတ္တရာအရာ မဂ် ဖိုလ်ကို ရအောင်ပြုလုပ်လျှင်ကား တယောက်တည်း ပြုလုပ်မှ ကောင်းသည်။( ယောအတွင်းဝန် ဦးဖိုးလှိုင် )

စိတ်သောကများသောအခါ၌ဖြစ်စေ မိမိကိုယ်ကို အယုံတရား အားကိုးအားထား မရှိပဲကြောက်သလိုလိုဖြစ်နေသည့် အခါ၌ဖြစ်စေ စိတ်ပျက်စွာနေသည့် အခါ၌ဖြစ်စေ ဤအတောအတွင်း အရေးကြီးသော ဆုံးဖြတ်ချက်ကို အဆောတလျင် မပြုလုပ်ပါနှင့်။ မှားယွင်းသည်သာ များတတ်သည်။( လောကဓံ ဦးထွန်း )

စိတ်မညစ်တတ်သောသူ၌ရောဂါနည်းပါး၏။ အမြဲပျော်ရွှင်လျှင် အသက်ရှည်၏။ လာဘ်များကို တိုးတက်၏။ ကြီးပွါးရေးနည်းလမ်းကို မကြာခဏ ကြုံတွေ့ ရတတ်လေသည်။( ဒဂုံနတ်ရှင် )

ကိုယ်နှင့် ကျေးဇူးကိုကား မြတ်နိုးစွာ စောင့်ရှောက်အပ်၏။ ကိုယ်ဟူသည်ကား ခန္ဓာကွယ်ခဲ့သော် ပျောက်ပျက်တတ်၏။ ကျေးဇူးသော်ကား ကမ္ဘာပတ်လုံး ဥဒါန်းစကားတည်သည်ဖြစ်၏။( မဏိရတနာပုံ ငခင်ညို )

မကျင့်ပဲ မမြတ်ချင်န့ဲ။

မလုပ်ပဲ မရချင်န့ဲ။

မဆင်ပဲ မလှချင်န့ဲ။

မသိပဲ မမေးချင်န့ဲ။

မခေါ်ပဲ မလည်ချင်န့ဲ။

မသင်ပဲ မတတ်ချင်န့ဲ။

မဟုတ်ပဲ မဟချင်န့ဲ။

မကျင့်ပဲ မရချင်န့ဲ။

မရှိပဲ မကြွားချင်န့ဲ။

မတော်ပဲ မဝယ်ချင်န့ဲ။

( ကျော်အောင်စံထားဆရာတော် )

Credit to Ashin Nyeya Dhamma

 

error: Content is protected !!