ရှင်​မပြုနိုင်​တဲ့က​လေး​လေး​တွေကို ရှင်​ပြု ပေးမယ့် စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်


စိုးပြည့်သဇင်


 


 


Credit – 8days TV

“ရှင်​မပြုနိုင်​တဲ့က​လေး​လေး​တွေကို ရှင်​ပြု ပေးမယ်”

စိုးပြည့်သဇင်

တံတားဦးမြို့နယ် စကားအင်းကျေးရွာ ဇီးကန်တောရကျောင်းမှာ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မနှစ်ယောက်ဟာ ကထိန် ကံထပ် ရဟန်းခံ ရှင်ပြု နားသအလှူတော် မင်္ဂလာပွဲကို အောက်တိုဘာလ ၂၀ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

”ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တာကြောင့် ရှင်ပြုပွဲလုပ်ရတာပျော်ပါတယ်။မန္တလေးမှာ အလှူလုပ်ဖြစ်တာက စိုးပြည့်ငယ်ငယ်လေးကတည်းက ကိုးကွယ်တဲ့ဆရာတော်ကြီးရှိလို့ပါ။မနှစ်ကတည်းက လှူချင်ပေမယ့် အလှူရှင်ရှိတာကြောင့် ဒီနှစ်မှအလှူလုပ်ဖြစ်သွားတာပါ။မဒီကလည်း လှူချင်တယ်ဆိုတာနဲ့ ညီအစ်မနှစ်ယောက် အမှတ်တရဖြစ်အောင်လို့ပါ။ရှင်မပြုနိုင်တဲ့ ကလေးတွေ၊ အခက်အခဲရှိတဲ့ကလေးတွေအတွက် ကိုယ်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တာကြောင့် တစ်ဖက်တစ်လမ်းက သာသနာပြုရာရောက်အောင်လို့ အလှူလုပ်ဖြစ်ခဲ့တာပါ”

Photo Credit@ Soe Pyae Thazin

Credit – 8days TV

error: Content is protected !!