အလှူပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ.. မျက်ရည် ကျရတဲ့အထိ ပီတိတွေ ဖြစ်ခဲ့ရပါတယ်… ဆိုတဲ့ အလှူ့အမ စိုးပြည့်သဇင်


 


 


 


 


 


 


Credit . pannpwint

အညာသေဒမှာလုပ်ခဲ့တဲ့ အကယ်ဒမီစိုးပြည့်သဇင်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တို့ရဲ့ အလှူပွဲကြီးကတော့ အောင်မြင်ခဲ့သည်။ မျက်ရည်ကျရတဲ့အထိ ပီတိတွေ ဖြစ်ခဲ့ရကြောင်းလည်း စိုးပြည့်သဇင်က ဆိုပါတယ်။

မနေ့က အလှူအဝင်ဖြစ်ခဲ့ပြီး ဒီနေ့ (အောက်တိုဘာလ ၂ဝ ရက်) မှာတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ရှင်သာမဏေလောင်းလျာ ၄၅ ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပြီး၊ သံဃာတော် ၂၅ ပါးတို့ကို ကထိန်သင်္ကန်း ကပ်လှူခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ညီအစ်မနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ အလှူကို ဖေ့စ်ဘွက် လူမှုကွန်ယက်တွင်လည်း ပရိတ်သတ်တွေက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြပါတယ်။

“ရှင်ပြုရဟန်းခံ သိက္ခာထပ် ကထိန်ခင်းအလှူပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ……အရမ်းလည်း ပျော်ရပြီး မျက်ရည်ကျတဲ့အထိ ပီတိတွေလည်းဖြစ်ခဲ့ရပါတယ်…အဖက်ဖက်မှ မေတ္တာနဲ့ ကူညီပါဝင်ပေးကြသော မိတ်ဆွေများအားလုံး ကျေးဇူးပါရှင့်” လို့ စိုးပြည့်သဇင်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။

လာရောက်ပြီး အလှူကိုချီးမြှင့်ပေးကြသော ဧည့်ပရိသတ်များအားလုံးနှင့်……..ကူညီချက်ပြုတ်ကျွေးမွေးကြသော ဒေါ်ဒေါ်တို့အားလုံးကိုလည်း ကျးဇူးအများကြီးတင်ပါတယ်ရှင်…..နတ်လူသာဓုခေါ်စေသော် လို့လည်း အားလုံးကို အမျှဝေပေးထားပါတယ်။

အောင်မြင်တဲ့ အနုပညာညီအစ်မနှစ်ယောက်ရဲ့ သာသနာ့ဒါယိကာမအဖြစ် ခံယူတဲ့ အညာအလှူလေးအတွက် ပရိသတ်တွေလည်း တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

Pictures©Soe Pyae Thazin, Sandi Myint Lwint

Credit . pannpwint

error: Content is protected !!