ဆုေတာင္းပြဲနဲ႔ ပတ္သတ္ၿပီး သေဘာက်လို႔ (စိန္ေသာင္း- Just For Fun)

ဆုေတာင္းပြဲနဲ႔ ပတ္သတ္ၿပီး သေဘာက်လို႔

”ရြာထဲက လူ​ေတြအားလံုး​ကိုေခၚ

ဒီည ဘာသာ​ေပါင္​းစံုဆု​ေတာင္​းပြဲလုပ္​မယ္​

ဟို​ေကာင္​ ​ေအာင္​ဘု .. မင္​းက ပြဲအတြက္​​ေနရာထိုင္​ခင္​း

စီစဥ္​​ထား .. ဟို​ေကာင္​ အာႏိုး မင္​းက

သူ႔ဘာသာနဲ႔သူ သက္​ဆိုင္​တဲ့ကိုယ္​​ေတာ္​​ေတြကို သြား​ေခၚ ”

က်ဳပ္​တို႔ရြာက သူႀကီးက​ေတာ့ up to date ျဖစ္သည္​ဟု

ဆိုလို႔ရသည္​.. ၿမိဳ႕​ေပၚမွာ ပြဲတခုခုမလုပ္​လိုက္​ႏွင္​့

သတင္​းတစ္​ခုၾကားတာႏွင္​့ ရြာမွာလည္​း လုပ္​ၿပီးသားပင္​ျဖစ္​သည္​

​ေဟာ .. ခုလည္​းၾကည္​့ .. ဘာသာ​ေပါင္​းစံုဆု​ေတာင္​းပြဲ

ဆိုလား ဘာဆိုလား

သူႀကီး up to date ျဖစ္​တာ အ​ေရးမႀကီးဘူး

တရြာလံုး အလုပ္​ကပ်က္​ရ​သည္​ .. ပြဲဆိုတာနဲ႔

မိသားစုအားလံုး မတက္​မ​ေနရ .. လူမ​ေျပာနဲ႔

​ေခြး​ေတာင္​ သူႀကီးအိမ္​​ေ႐ွ႕ ျဖတ္​မ​ေလွ်ာက္​ရဲတဲ့ဘဝ

ည​ေရာက္​​ေတာ့ ေမာင္​​ေအာင္​ဘုရဲ႕ စ္​ီစဥ္​မႈနဲ႔

ရြာလယ္​ကြင္​းျပင္​ႀကီးမွာ

လူလည္​း စံုသ​ေလာက္​႐ွိၿပီ ..

” သူႀကီးမလာ​ေသးဘူးလား ​ေအာင္​ဘု ”

အာႏိုးမွ လွမ္​း​ေမးလိုက္​သည္​။

” လာၿပီ​ေလ .. ဟိုမွာ ”

” လက္​မွာလည္​း ဖ​ေယာင္​းတိုင္​​ေတြနဲ႔ ”

သူႀကီး​ေရာက္​​ေတာ့ ​ပြဲရဲ႕ေနရာထိုင္​ခင္​း​ေတြကို

တပတ္​​ေလွ်ာက္​ၿပီး စစ္​​ေဆးသည္​

​ေ႐ွ႕ဆံုးမွာ ​ေက်ာက္​သင္​ပုန္​း ၂ခ်ပ္​ကို ဆက္​ၿပီး

​ေျမျဖဴနဲ႔​ ျမင္​သာ​ေအာင္​ေရးထားတာက

” ဘာသာ​ေပါင္​းဆံု စု​ေတာင္​းပြဲ ”

” ငွယ္​ ”

” ဘာ​ေတြမ်ား စ​ု​ၿပီး ေတာင္​းၾကမလည္​းမသိ ”

​ေက်ာက္​သင္​ပုန္​းရဲ႕ ​ေ႐ွ႕တည္​့တည္​့ကို ၾကည္​့လိုက္​ေတာ့

ထိုင္​ခံု ၆လံုး နဲ႔ လူ​ပုဂိၢဳလ္​ ၆ေယာက္​

” ဟင္​ .. ၾကည္​့စမ္​း ငါ​ဒီရြာမွာ​ေနလာတာ ၾကာၿပီ

ရြာက လူ​ေတြဒီ​ေလာက္​ မ်ားတဲ့ဘာသာ​ေတြ

ကိုးကြယ္​​ေနမွန္​း ခုမွသိတယ္​ ”

” ႐ွိ​ေစ​ေတာ့.. ​ေမွာင္​လည္​း ​ေမွာင္​စျပဳၿပီဆို​ေတာ့

ပြဲ​ေလး စလိုက္​ရ​ေအာင္​ ”

ဆို​ေတာ့ကာ

” ဟင္​ .. ​ေအာင္​ဘု ဘယ္​မလည္​း ငါထိုင္​ဖို႔​ေနရာ ”

” ​ေအာက္​မွာပဲ ဖိနပ္​ခုထိုင္​လိုက္​ပါ သူႀကီး ”

” ဟမ္​့ ”

သူႀကီးလည္​း စီးလာ​တဲ့ ခံုဖိနပ္​ကို ခုထိုင္​လိုက္​သည္​

သိပ္​​ေတာ့ အဆင္​မ​ေျပလွ ..

” ဒါနဲ႔ .. သူႀကီးက ဘာ​ေမဂ်ာနဲ႔ ​ေအာင္​တာလည္​းတဲ့

​ေ႐ွ႕က ပထဝီဆရာက ​ေမးခိုင္​းလိုက္​တယ္​ ”

” ငမ္​့ ..ဆု​ေတာင္​းပြဲနဲ႔ ဘာဆိုင္​လို႔တုန္​း ”

” သူႀကီးပဲ ဘာသာ​ေပါင္​းစံု ဆု​ေတာင္​းပြဲဆို ”

” ​ေအ့​ေလ ”

” အာ့မွာ ညာဖက္​​ေထာင္​့ဆံုးက သမိုင္​းဘာသာ

သင္​တဲ့ဆရာ ၊ သူ႔​ေဘးက သခ်ာၤသင္​တဲ့ဆရာ

အလယ္​က ဆရာက​ေတာ့ သိပၸံဘာသာ သင္​တဲ့ဆရာ

သူႀကီးနဲ႔ ​ေသာက္​​ေနၾကပဲလို႔ ​ေျပာတယ္​ ”

တခုခု လြဲ​ေနမွန္​း သူႀကီးရိပ္​မိလိုက္သည္​။

” ဟို​ေကာင္​ အာႏိုး ”

” ဗ်ာ ”

” ငါ​ေခၚခိုင္​းတာ ဘာသာ​ေ႐းကိုယ္​​ေတာ္​​ေတြကြ

နင္​့​ေမလင္​​​ေတြ ​ေခၚခိုင္​းတယ္​မ်ားမွတ္​​ေနလား ”

” ဟာ .. အာ့ဆို သူႀကီးလြဲတာ ..

ဒီရြာမွာ ကိုးကြယ္​တာဆိုလို႔

ရြာဦး​ေက်ာင္​းက ဆရာ​ေတာ္​ပဲ႐ွိတာ​ေလ ”

” ​ေအး .. အာ့ဆိုလည္​း ႐ွိတာနဲ႔ ဆု​ေတာင္​းမယ္​

ဆရာ​ေတာ္​သြားပင္​့စမ္​း ”

” ဆရာ​ေတာ္​က ထိုင္​းသြားတယ္​ သူႀကီး ”

” ဪ.. ထိုင္​းဘုရင္​စ်ာပန​သြားတာျဖစ္​မယ္​ ”

” မဟုတ္​ပါဘူး .. နားထိုင္​းသြားလို႔ပါသူႀကီး ”

” ခြီး .. အာ့ဆို ဘယ္​သူ႐ွိတုန္​း ”

” ခြံဒန္​ လို႔​ေခၚတဲ့ ကိုရင္​ႀကိ္​းတစ္​ပါးပဲ ႐ွိတယ္​သူႀကီး ”

ခြံဒန္​ဆို​ေတာ့ သူႀကီးမ်က္​​ေမွာင္​ၾကံဳ႕ၿပီး

” ​အဲ့နာမည္​ငါၾကားဖူး​ေနသလိုလိုပဲကြ

ဘာတဲ့ ပန္​းဦးလြတ္​တယ္​ဆိုလား ဘာလားပဲ

အို .. ဘာျဖစ္​ျဖစ္​ကြာ မ႐ွိ႐ွိတာနဲ႔ ဆု​ေတာင္​းၾကမယ္​

အာႏိုး အဲ့ခြံဒန္​ဆိုတဲ့ ကိုယ္​​ေတာ္​​ သြားပင္​့​ေခ် ”

” တင္​ပါ့ .. အဲ​ေလ ဟုတ္​ကဲ့သူႀကီး .. ”

ခဏၾကာ​ေတာ့ အာႏိုးႏွင္​့ ကိုရင္​​ႀကီး ​ေရာက္​လာသည္​

သို႔​ေသာ္​

အရင္​ဦးဆံုးသူႀကီးႏွင္​့ အင္​တာဗ်ဴဝင္​ရအံုးမည္​ျဖစ္​သည္​။

” ကိုရင္​့နာမည္​က ခြံဒန္​​ေနာ္​ ”

” ဟုတ္​ပါတယ္​ ”

” အဲ့နာမည္​က ဘယ္​လို​ေပးျဖစ္​တာလည္​းဟင္​ ”

” ဪ.. အာ့က ကိုရင္​့ရဲ႕ မိဘႏွစ္​ပါးက ၿမိဳ႕မွာ

ပုလင္​းခြံ​ေတြ ဒန္​​ေတြဝယ္​​ေရာင္​း လုပ္​တယ္​​ေလ

အာ့နဲ႔ ခြံဒန္​ဆိုၿပီး ျဖစ္​သြားတာပဲ ”

” ဟူး .. ​ေတာ္​ပါ​ေသးရဲ႕

တပည္​့​ေတာ္​က ဟို​ေကာင္​မွတ္​လို႔ ”

သူႀကီး သက္​ျပင္​း႐ွည္​ခ်လိုက္​သည္​

ခုမွပဲ စိတ္​​ေအးရ​ေတာ့သည္​။

” ကဲ ..ဒါဆို ဆု​ေတာင္​းပြဲ​ေလး စလိုက္​ရ​ေအာင္​ ”

” ဟင္​ ”

ကိုရင္​​ႀကီးခြံဒန္​ခမ်ာ ဘာမွ မသိ႐ွာ​ေပ .. ။

” ဘာ​ေတြ ဆု​ေတာင္​းၾကမွာလည္​းဟင္​ ”

” အာ့​ေတာ့ တပည္​့​ေတာ္​လည္​း သိပု

ၿမိဳ႕​ေပၚမွာ ဆု​ေတာင္​းပြဲ​ေတြလုပ္​တယ္​ၾကားလို႔သာ

လိုက္​လုပ္​ရတာ ”

” ဟုတ္​ပီ​ေလ .. အာ့ဆိုလည္​း ကြကိုယ္​ျဖစ္​ခ်င္​တာ

ဆု​ေတာင္​းၾကတာ​ေပါ့ ”

ဤသို႔ႏွင္​့ ကိုရင္​ႀကီးအား ​ေ႐ွ႕ဆံုးခံု​တြင္​ထိုင္​​ေစၿပီး

ဖ​ေယာင္​းတိုင္​မ်ား မွ်​ေဝကာ တစ္​​ေယာက္​တစ္​​ေပါက္​

ဆု​ေတာင္​းၾက​ေလသည္​။

” ခ်ဲ​ေပါက္​ပါ​ေစ ”

” ထီ​ေပါက္​ပါ​ေစ ”

” ခင္​ဝင္​့ဝါနဲ႔ ညားရပါလို၏ ”

” သူႀကီး သက္​​ေက်ာ္​ရာ​ေက်ာ္​႐ွည္​ပါ​​ေစ ”

” ဟယ္​ .. ဘာ​ေတြတုန္​း ”

” အာ့ဆို ကိုရင္​က ​ေ႐ွ႕က​ေန တိုင္​​ေပး​​ေလ

တပည္​့​ေတာ္​တို႔က ​ေနာက္​ကလိုက္​ဆိုမယ္​ ”

ကိုရင္​ဒုကၡ​ေရာက္​​ေလၿပီ .. သို႔​ေသာ္​လည္​း

အၾကပ္​တည္​းမ်ားၾကားထဲမွ ႐ုန္​းထြက္​ႏိုင္​ရန္​

ကိုရင္​ပါးစပ္​ထဲ႐ွိရာ ဆိုရ​ေလ​ေတာ့သည္​။

ၾသကာသ အရင္​ဆိုၾက

ၾသကာသ ၾသကာသ ၾသကာသ..

ရပါလို၏ အ႐ွင္​ဘုရား ..

” ကဲကဲ .. လိုက္​ဆို ..

အႀကိမ္​ႀကိမ္​ အခါခါ ႐ွံဳးလည္​း

အႀကိမ္​ၿကိမ္​ အခါခါ႐ွံဳးလည္​း

ယံုၾကည္​ရာ​ေတြ မစြန္​႔လႊတ္​လိုက္​ပါနဲ႔

ယံုၾကည္​ရာ​ေတြ မစြန္​႔လႊတ္​လိုက္​ပါနဲ႔

အႏၱရာယ္​လည္​း မ်ားပါ​ေစ

အႏၱရာယ္​လည္​း မ်ားပါ​ေစ

ဆူးခင္​းလမ္​း​ေတြ .. . .

 

ရင္​ထဲက ​ေမတၱာတရားနဲ႔ ​ေပးဆပ္​လာ ”

(အလဲ့ .. ဟုတ္​သဟ)

” ကဲ.. သာဓု​ေခၚၾက ”

” သာဓု သာဓု သာဓုပါဘုရား ”

ထိုစဥ္​ကိုရင္​့ယပ္​​ေတာင္​ၾကားတြင္​ထည္​့လာ​ေသာ

ဖုန္​း ထျမည္​လာ​ေလ​ေတာ့သတည္​း

♪ ​ေမွ်ာ္​လင္​့ခ်က္​တစံုတရာ မပါဝင္​ပါတယ္​

​ေပးဆပ္​ကာသာရင္​မွာ ​ေပ်ာ္​တယ္​

​ေက်ာ္​လြန္​ႏိုင္​ၿပီ အခက္​ခဲတိုင္​း ရင္​ထဲက

​ေမတၱာတရား နဲ႔ ​ေပးဆပ္​လာ ..

အံ့ၾသဘ

crd
#စိန္​​ေသာင္​း (just for fun )

Unicode >>>

ဆုတောင်းပွဲနဲ့ ပတ်သတ်ပြီး သဘောကျလို့

”ရွာထဲက လူ​တွေအားလုံး​ကိုခေါ်

ဒီည ဘာသာ​ပေါင်​းစုံဆု​တောင်​းပွဲလုပ်​မယ်​

ဟို​ကောင်​ ​အောင်​ဘု .. မင်​းက ပွဲအတွက်​​နေရာထိုင်​ခင်​း

စီစဉ်​​ထား .. ဟို​ကောင်​ အာနိုး မင်​းက

သူ့ဘာသာနဲ့သူ သက်​ဆိုင်​တဲ့ကိုယ်​​တော်​​တွေကို သွား​ခေါ် ”

ကျုပ်​တို့ရွာက သူကြီးက​တော့ up to date ဖြစ်သည်​ဟု

ဆိုလို့ရသည်​.. မြို့​ပေါ်မှာ ပွဲတခုခုမလုပ်​လိုက်​နှင်​့

သတင်​းတစ်​ခုကြားတာနှင်​့ ရွာမှာလည်​း လုပ်​ပြီးသားပင်​ဖြစ်​သည်​

​ဟော .. ခုလည်​းကြည်​့ .. ဘာသာ​ပေါင်​းစုံဆု​တောင်​းပွဲ

ဆိုလား ဘာဆိုလား

သူကြီး up to date ဖြစ်​တာ အ​ရေးမကြီးဘူး

တရွာလုံး အလုပ်​ကပျက်​ရ​သည်​ .. ပွဲဆိုတာနဲ့

မိသားစုအားလုံး မတက်​မ​နေရ .. လူမ​ပြောနဲ့

​ခွေး​တောင်​ သူကြီးအိမ်​​ရှေ့ ဖြတ်​မ​လျှောက်​ရဲတဲ့ဘဝ

ည​ရောက်​​တော့ မောင်​​အောင်​ဘုရဲ့ စ်​ီစဉ်​မှုနဲ့

ရွာလယ်​ကွင်​းပြင်​ကြီးမှာ

လူလည်​း စုံသ​လောက်​ရှိပြီ ..

” သူကြီးမလာ​သေးဘူးလား ​အောင်​ဘု ”

အာနိုးမှ လှမ်​း​မေးလိုက်​သည်​။

” လာပြီ​လေ .. ဟိုမှာ ”

” လက်​မှာလည်​း ဖ​ယောင်​းတိုင်​​တွေနဲ့ ”

သူကြီး​ရောက်​​တော့ ​ပွဲရဲ့နေရာထိုင်​ခင်​း​တွေကို

တပတ်​​လျှောက်​ပြီး စစ်​​ဆေးသည်​

​ရှေ့ဆုံးမှာ ​ကျောက်​သင်​ပုန်​း ၂ချပ်​ကို ဆက်​ပြီး

​မြေဖြူနဲ့​ မြင်​သာ​အောင်​ရေးထားတာက

” ဘာသာ​ပေါင်​းဆုံ စု​တောင်​းပွဲ ”

” ငှယ်​ ”

” ဘာ​တွေများ စ​ု​ပြီး တောင်​းကြမလည်​းမသိ ”

​ကျောက်​သင်​ပုန်​းရဲ့ ​ရှေ့တည်​့တည်​့ကို ကြည်​့လိုက်​တော့

ထိုင်​ခုံ ၆လုံး နဲ့ လူ​ပုဂ္ဂိုလ်​ ၆ယောက်​

” ဟင်​ .. ကြည်​့စမ်​း ငါ​ဒီရွာမှာ​နေလာတာ ကြာပြီ

ရွာက လူ​တွေဒီ​လောက်​ များတဲ့ဘာသာ​တွေ

ကိုးကွယ်​​နေမှန်​း ခုမှသိတယ်​ ”

” ရှိ​စေ​တော့.. ​မှောင်​လည်​း ​မှောင်​စပြုပြီဆို​တော့

ပွဲ​လေး စလိုက်​ရ​အောင်​ ”

ဆို​တော့ကာ

” ဟင်​ .. ​အောင်​ဘု ဘယ်​မလည်​း ငါထိုင်​ဖို့​နေရာ ”

” ​အောက်​မှာပဲ ဖိနပ်​ခုထိုင်​လိုက်​ပါ သူကြီး ”

” ဟမ်​့ ”

သူကြီးလည်​း စီးလာ​တဲ့ ခုံဖိနပ်​ကို ခုထိုင်​လိုက်​သည်​

သိပ်​​တော့ အဆင်​မ​ပြေလှ ..

” ဒါနဲ့ .. သူကြီးက ဘာ​မေဂျာနဲ့ ​အောင်​တာလည်​းတဲ့

​ရှေ့က ပထဝီဆရာက ​မေးခိုင်​းလိုက်​တယ်​ ”

” ငမ်​့ ..ဆု​တောင်​းပွဲနဲ့ ဘာဆိုင်​လို့တုန်​း ”

” သူကြီးပဲ ဘာသာ​ပေါင်​းစုံ ဆု​တောင်​းပွဲဆို ”

” ​အေ့​လေ ”

” အာ့မှာ ညာဖက်​​ထောင်​့ဆုံးက သမိုင်​းဘာသာ

သင်​တဲ့ဆရာ ၊ သူ့​ဘေးက သချာင်္သင်​တဲ့ဆရာ

အလယ်​က ဆရာက​တော့ သိပ္ပံဘာသာ သင်​တဲ့ဆရာ

သူကြီးနဲ့ ​သောက်​​နေကြပဲလို့ ​ပြောတယ်​ ”

တခုခု လွဲ​နေမှန်​း သူကြီးရိပ်​မိလိုက်သည်​။

” ဟို​ကောင်​ အာနိုး ”

” ဗျာ ”

” ငါ​ခေါ်ခိုင်​းတာ ဘာသာ​ရေးကိုယ်​​တော်​​တွေကွ

နင်​့​မေလင်​​​တွေ ​ခေါ်ခိုင်​းတယ်​များမှတ်​​နေလား ”

” ဟာ .. အာ့ဆို သူကြီးလွဲတာ ..

ဒီရွာမှာ ကိုးကွယ်​တာဆိုလို့

ရွာဦး​ကျောင်​းက ဆရာ​တော်​ပဲရှိတာ​လေ ”

” ​အေး .. အာ့ဆိုလည်​း ရှိတာနဲ့ ဆု​တောင်​းမယ်​

ဆရာ​တော်​သွားပင်​့စမ်​း ”

” ဆရာ​တော်​က ထိုင်​းသွားတယ်​ သူကြီး ”

” ဪ.. ထိုင်​းဘုရင်​စျာပန​သွားတာဖြစ်​မယ်​ ”

” မဟုတ်​ပါဘူး .. နားထိုင်​းသွားလို့ပါသူကြီး ”

” ခွီး .. အာ့ဆို ဘယ်​သူရှိတုန်​း ”

” ခွံဒန်​ လို့​ခေါ်တဲ့ ကိုရင်​ကြိ်​းတစ်​ပါးပဲ ရှိတယ်​သူကြီး ”

ခွံဒန်​ဆို​တော့ သူကြီးမျက်​​မှောင်​ကြုံ့ပြီး

” ​အဲ့နာမည်​ငါကြားဖူး​နေသလိုလိုပဲကွ

ဘာတဲ့ ပန်​းဦးလွတ်​တယ်​ဆိုလား ဘာလားပဲ

အို .. ဘာဖြစ်​ဖြစ်​ကွာ မရှိရှိတာနဲ့ ဆု​တောင်​းကြမယ်​

အာနိုး အဲ့ခွံဒန်​ဆိုတဲ့ ကိုယ်​​တော်​​ သွားပင်​့​ချေ ”

” တင်​ပါ့ .. အဲ​လေ ဟုတ်​ကဲ့သူကြီး .. ”

ခဏကြာ​တော့ အာနိုးနှင်​့ ကိုရင်​​ကြီး ​ရောက်​လာသည်​

သို့​သော်​

အရင်​ဦးဆုံးသူကြီးနှင်​့ အင်​တာဗျူဝင်​ရအုံးမည်​ဖြစ်​သည်​။

” ကိုရင်​့နာမည်​က ခွံဒန်​​နော်​ ”

” ဟုတ်​ပါတယ်​ ”

” အဲ့နာမည်​က ဘယ်​လို​ပေးဖြစ်​တာလည်​းဟင်​ ”

” ဪ.. အာ့က ကိုရင်​့ရဲ့ မိဘနှစ်​ပါးက မြို့မှာ

ပုလင်​းခွံ​တွေ ဒန်​​တွေဝယ်​​ရောင်​း လုပ်​တယ်​​လေ

အာ့နဲ့ ခွံဒန်​ဆိုပြီး ဖြစ်​သွားတာပဲ ”

” ဟူး .. ​တော်​ပါ​သေးရဲ့

တပည်​့​တော်​က ဟို​ကောင်​မှတ်​လို့ ”

သူကြီး သက်​ပြင်​းရှည်​ချလိုက်​သည်​

ခုမှပဲ စိတ်​​အေးရ​တော့သည်​။

” ကဲ ..ဒါဆို ဆု​တောင်​းပွဲ​လေး စလိုက်​ရ​အောင်​ ”

” ဟင်​ ”

ကိုရင်​​ကြီးခွံဒန်​ခမျာ ဘာမှ မသိရှာ​ပေ .. ။

” ဘာ​တွေ ဆု​တောင်​းကြမှာလည်​းဟင်​ ”

” အာ့​တော့ တပည်​့​တော်​လည်​း သိပု

မြို့​ပေါ်မှာ ဆု​တောင်​းပွဲ​တွေလုပ်​တယ်​ကြားလို့သာ

လိုက်​လုပ်​ရတာ ”

” ဟုတ်​ပီ​လေ .. အာ့ဆိုလည်​း ကွကိုယ်​ဖြစ်​ချင်​တာ

ဆု​တောင်​းကြတာ​ပေါ့ ”

ဤသို့နှင်​့ ကိုရင်​ကြီးအား ​ရှေ့ဆုံးခုံ​တွင်​ထိုင်​​စေပြီး

ဖ​ယောင်​းတိုင်​များ မျှ​ဝေကာ တစ်​​ယောက်​တစ်​​ပေါက်​

ဆု​တောင်​းကြ​လေသည်​။

” ချဲ​ပေါက်​ပါ​စေ ”

” ထီ​ပေါက်​ပါ​စေ ”

” ခင်​ဝင်​့ဝါနဲ့ ညားရပါလို၏ ”

” သူကြီး သက်​​ကျော်​ရာ​ကျော်​ရှည်​ပါ​​စေ ”

” ဟယ်​ .. ဘာ​တွေတုန်​း ”

” အာ့ဆို ကိုရင်​က ​ရှေ့က​နေ တိုင်​​ပေး​​လေ

တပည်​့​တော်​တို့က ​နောက်​ကလိုက်​ဆိုမယ်​ ”

ကိုရင်​ဒုက္ခ​ရောက်​​လေပြီ .. သို့​သော်​လည်​း

အကြပ်​တည်​းများကြားထဲမှ ရုန်​းထွက်​နိုင်​ရန်​

ကိုရင်​ပါးစပ်​ထဲရှိရာ ဆိုရ​လေ​တော့သည်​။

သြကာသ အရင်​ဆိုကြ

သြကာသ သြကာသ သြကာသ..

ရပါလို၏ အရှင်​ဘုရား ..

” ကဲကဲ .. လိုက်​ဆို ..

အကြိမ်​ကြိမ်​ အခါခါ ရှံုးလည်​း

အကြိမ်​ကြိမ်​ အခါခါရှံုးလည်​း

ယုံကြည်​ရာ​တွေ မစွန်​့လွှတ်​လိုက်​ပါနဲ့

ယုံကြည်​ရာ​တွေ မစွန်​့လွှတ်​လိုက်​ပါနဲ့

အန္တရာယ်​လည်​း များပါ​စေ

အန္တရာယ်​လည်​း များပါ​စေ

ဆူးခင်​းလမ်​း​တွေ .. . .

 

ရင်​ထဲက ​မေတ္တာတရားနဲ့ ​ပေးဆပ်​လာ ”

(အလဲ့ .. ဟုတ်​သဟ)

” ကဲ.. သာဓု​ခေါ်ကြ ”

” သာဓု သာဓု သာဓုပါဘုရား ”

ထိုစဉ်​ကိုရင်​့ယပ်​​တောင်​ကြားတွင်​ထည်​့လာ​သော

ဖုန်​း ထမြည်​လာ​လေ​တော့သတည်​း

♪ ​မျှော်​လင်​့ချက်​တစုံတရာ မပါဝင်​ပါတယ်​

​ပေးဆပ်​ကာသာရင်​မှာ ​ပျော်​တယ်​

​ကျော်​လွန်​နိုင်​ပြီ အခက်​ခဲတိုင်​း ရင်​ထဲက

​မေတ္တာတရား နဲ့ ​ပေးဆပ်​လာ ..

အံ့သြဘ

crd
#စိန်​​သောင်​း (just for fun )

error: Content is protected !!