








ကြောက်တာမရှိဘူး..။








ဒါပေမဲ့..








မပို ( ထီးလင်း)

Unicode >>>

ဘဝမှာ ခင်မင်မှုတွေကြား ရိုးသားမှုကို

အရောင်ဆိုးခံရမှာလောက် ကြောက်တာမရှိဘူး..။

ဘဝမှာ စေတနာနဲ့ လုပ်ကိုင်ပေးလိုက်တဲ့ အပြုမှုတွေကို

အထင်လွဲမှာလောက် ကြောက်တာမရှိဘူး.။

ဘဝမှာ ယုံကြည်မှုတွေကို

အလွဲသုးံစားလုပ်ခံရမှာလောက် ကြောက်တာမရှိဘူး..။

ဘဝမှာ ကိုယ်အရမ်းလေးစားချစ်ခင်ရတဲ့သူက

ကိုယ့်ကို စိတ်ကုန်ပြီး မသွန်သင်မဆုးံမပဲ နေမှာလောက်

ကြောက်တာမရှိဘူး..။

ဘဝမှာ ကိုယ်ယုံကြည်ရာလမ်း လျှောက်လှမ်းနေဆဲ

ချန်ထားခဲ့ရမှာလောက်ကြောက်တာမရှိဘူး..။

ဘဝမှာ ကိုယ်အပေါ် အထင်သေး အယုံကြည်မဲ့သွားမှာမျိုး

လောက် ကြောက်တာမရှိဘူး..။

ဘဝမှာ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး အထင်သေးခံရမှာလောက် ကြောက်တာမရှိဘူး..။

တခါတရံမှာ စေတနာဟာ ဝေဒနာတွေဖြစ်လာတတ်တယ်..။

ရိုးသားမှုဟာ အသုးံချ ခံရတတ်တယ်..။

ဒါပေမဲ့..

အရာရာကို ရိုးသားခြင်းနဲ့သာ ပေးဆပ်မယ်..။

မှန်ကန်ခြင်းမှာ ရဲရင့်ခြင်းတွေတွဲကပ်ပါလာတာမို့

အမှန်တရားဟာ ရှေ့မှာ အမြဲ လက်မထောင်နိုင်တယ်..။

ကျင်နာခြင်းနဲ့ စာနာ နားလည်မှုကိုသာ ဆုတ်ကိုင်ထားတယ်..။

တခါတရံ စေတနာဟာ လူတွေနဲ့ မထိုက်တန်တာရှိတယ်..။

အရာအားလုးံဟာ တခါတရံမှာ အံဝင်ဂွင်ကျ မဖြစ်တဲ့အခါ တွေ ရှိပါတယ်..။

ဒါကြောင့်လည်း ဘဝတစ်ခုဟာ စိတ်ဝင်စားဖို့ကောင်းလာတာပါပဲ..။

မပို ( ထီးလင်း)

error: Content is protected !!