ကေလးဆိုေတာ့ သူထင္ရာကို ေျပာခ်လိုက္တာျဖစ္မွာပါ

ကေလးဆိုေတာ့ သူထင္ရာကို ေျပာခ်လိုက္တာျဖစ္မွာပါ

လူတိုင္းဆဲတက္ပါတယ္

လူတစ္ေယာက္က

ရိုင္းျပတဲ႔ ဆဲနည္းမ်ိဳးစံုနဲ႔ ဆဲေနတယ္…

အဆဲခံရသူက ျပန္မဆဲပဲ ၿပံဳးေနတယ္…

ဒါကို ၅ ႏွစ္သားကေလးက ျမင္တယ္…

“ဦးဦး… ဟိုလူႀကီးက ဦးဦးကို တအားဆဲေနတာ

ဘာလို႔ျပန္မဆဲတာလဲ”…တဲ႔။

“သူဆဲသလို ကြ်န္ေတာ္ေတာင္ အကုန္ဆဲတတ္တယ္”

အဆဲခံရသူက

“ေအးကြ ငါ့တူ… သူဆဲသလို ငါ့တူတို႔လို ၅ ႏွစ္သား အရြယ္ေတာင္ ဆဲတတ္လို႔ ဦးဦးက ျပန္မဆဲတာပဲ”

ဒါနဲ႔ ကေလးက

“ေအာ္ သိပီသိပီ ေဖေဖနဲ႔ေမေမက ေျပာဖူးတယ္ ဆဲရင္ငရဲႀကီးတတ္တယ္တဲ႔…”

“ဦးဦးက ငရဲႀကီးမွာ ေၾကာက္လို႔ ျပန္မဆဲတာမို႔လား”

“ဒါေပါ့ ငါ့တူရ”

“ကြ်န္ေတာ္လည္း ေဖေဖနဲ႔ေမေမက မဆဲရဘူး ဆဲရင္ငရဲႀကီးတတ္တယ္လို႔ အၿမဲဆံုးမတယ္ဗ် အာ့ေၾကာင့္ ကြ်န္ေတာ္လည္း ဘယ္ေတာ့မွ မဆဲဘူးဗ်…”

“ေဟ… ဟုတ္လား ဦးဦးလည္း ဦးဦးရဲ႕ ေဖေဖနဲ႔ေမေမက သားတို႔အရြယ္ကတည္းက အဲ႔လို ဆံုးမခဲ႔လို႔ေလ သားရဲ႕”

“အင္းးးးး ဒါဆို ေစာေစာက ဦးဦးကို ဆဲေနတဲ႔ ဟိုလူႀကီးရဲ႕ အေဖနဲ႔အေမက ဆဲရင္ငရဲႀကီးတတ္တယ္လို႔ သူ႔ကို မဆံုးမခဲ႔လို႔လား မသိဘူးေနာ္ ဦးဦး”

တိန္!!!!

ကေလးေျပာတာေနာ္

ကေလးဆိုေတာ့ သူထင္ရာကို

ေျပာခ်လိုက္တာျဖစ္မွာပါ 🙂

#ApannPyay

Thein Than Win ( ထိန္ကန္ )

===========

ကလေးဆိုတော့ သူထင်ရာကို ပြောချလိုက်တာဖြစ်မှာပါ

လူတိုင်းဆဲတက်ပါတယ်

လူတစ်ယောက်က

ရိုင်းပြတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲနေတယ်…

အဆဲခံရသူက ပြန်မဆဲပဲ ပြုံးနေတယ်…

ဒါကို ၅ နှစ်သားကလေးက မြင်တယ်…

“ဦးဦး… ဟိုလူကြီးက ဦးဦးကို တအားဆဲနေတာ

ဘာလို့ပြန်မဆဲတာလဲ”…တဲ့။

“သူဆဲသလို ကျွန်တော်တောင် အကုန်ဆဲတတ်တယ်”

အဆဲခံရသူက

“အေးကွ ငါ့တူ… သူဆဲသလို ငါ့တူတို့လို ၅ နှစ်သား အရွယ်တောင် ဆဲတတ်လို့ ဦးဦးက ပြန်မဆဲတာပဲ”

ဒါနဲ့ ကလေးက

“အော် သိပီသိပီ ဖေဖေနဲ့မေမေက ပြောဖူးတယ် ဆဲရင်ငရဲကြီးတတ်တယ်တဲ့…”

“ဦးဦးက ငရဲကြီးမှာ ကြောက်လို့ ပြန်မဆဲတာမို့လား”

“ဒါပေါ့ ငါ့တူရ”

“ကျွန်တော်လည်း ဖေဖေနဲ့မေမေက မဆဲရဘူး ဆဲရင်ငရဲကြီးတတ်တယ်လို့ အမြဲဆုံးမတယ်ဗျ အာ့ကြောင့် ကျွန်တော်လည်း ဘယ်တော့မှ မဆဲဘူးဗျ…”

“ဟေ… ဟုတ်လား ဦးဦးလည်း ဦးဦးရဲ့ ဖေဖေနဲ့မေမေက သားတို့အရွယ်ကတည်းက အဲ့လို ဆုံးမခဲ့လို့လေ သားရဲ့”

“အင်းးးးး ဒါဆို စောစောက ဦးဦးကို ဆဲနေတဲ့ ဟိုလူကြီးရဲ့ အဖေနဲ့အမေက ဆဲရင်ငရဲကြီးတတ်တယ်လို့ သူ့ကို မဆုံးမခဲ့လို့လား မသိဘူးနော် ဦးဦး”

တိန်!!!!

ကလေးပြောတာနော်

ကလေးဆိုတော့ သူထင်ရာကို

ပြောချလိုက်တာဖြစ်မှာပါ 🙂

#ApannPyay

Thein Than Win ( ထိန်ကန် )

error: Content is protected !!