“လဲရင် ပြန်ထ၊ ဒါ.. ဘဝပဲ ” ဆိုတဲ့စကားအတိုင်း အရှုံးတွေကြုံလာတဲ့အခါ ပြန် လည်ထူမတ်နိုင်စေမယ့် နည်းလမ်းကောင်း
လဲရင်ပြန်ထ_ဒါ_ဘဝပဲ
ဒါကြောင့်
“လဲရင် ပြန်ထ၊ ဒါ.. ဘဝပဲ ” ဆိုတဲ့စကားအတိုင်း အရှုံးတွေကြုံလာတဲ့အခါ ပြန် လည်ထူမတ်နိုင်စေမယ့် နည်းလမ်းကောင်းလေးတချို့ကို
၁။ ပရဟိတလုပ်ပါ။
၂။ သင်တန်းတက်ပါ။
၃။ စည်းမျဉ်းသတ်မှတ်ပါ။
၇။ လေ့ကျင့်ခန်းလုပ်ပါ။
မေတ္တာဖြင့်…
TKW ( 12 Nov 2016 )
Unicode >>
လဲရင်ပြန်ထ_ဒါ_ဘဝပဲ
ဘဝတိုင်းကတော့ အခက်အခဲတွေကိုယ်စီနဲ့ပါပဲ။
ဒါပေမယ့် ကြုံလာသမျှ အခက်အခဲတိုင်း ကိုသာ အရှုံးပေးနေမယ်ဆိုရင် အောင်မြင်မှုတွေကိုလည်း ဘယ်တော့မှ ဆုပ်ကိုင်နိုင်တော့မှာ မဟုတ် ပါဘူး။
ဒါကြောင့်
“လဲရင် ပြန်ထ၊ ဒါ.. ဘဝပဲ ” ဆိုတဲ့စကားအတိုင်း အရှုံးတွေကြံုလာတဲ့အခါ ပြန် လည်ထူမတ်နိုင်စေမယ့် နည်းလမ်းကောင်းလေးတချို့ကို
ဂန္ထဝင်ရဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေး လိုက်ပါတယ်နော်။
၁။ ပရဟိတလုပ်ပါ။
လိုအပ်နေသူတွေကို ကူညီတာက စိတ်ဓာတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
ဒါ့အပြင် သူတစ်ပါးကိုကူညီရင်း ကိုယ့်ဘဝရဲ့အားနည်းချက်၊ အားသာချက်တွေကိုလည်း နှိုင်းယှဉ် သုံးသပ်တတ်လာတဲ့အတွက် အသိအမြင်ပိုကျယ်လာပါတယ်။
၂။ သင်တန်းတက်ပါ။
ကိုယ့်အတွက် အသိပညာ၊ ကိုယ်ရည်ကိုယ်သွေး တိုးမြှင့်စေမယ့် သင်တန်းတွေတက်ပါ။
သင်တန်းတွေက ပြဿနာတွေဆီ အာရုံမရောက်အောင် ထိန်းချုပ်ပေးနိုင်သလို အချိန်တွေလည်း အလဟဿမဖြစ်တော့ပါဘူး။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ စည်းမျဉ်းသတ်မှတ်ပါ။
ကိုယ်သည်းခံနိုင်တဲ့၊ သည်းမခံနိုင်တဲ့အပြုအမူတွေကို စည်းမျဉ်းဆွဲပြီး ကိုယ့်ဝန်းကျင်ကို သေချာအသိပေးပါ။
ကိုယ့်အပေါ်တကယ်နားလည်တဲ့သူတွေဆိုရင် ကိုယ့်အတွက် အဆင်မပြေလို့ သတ်မှတ်ရတဲ့ကန့်သတ်ချက်တွေအပေါ် လေးစားလိုက်နာကြမှာဖြစ်ပါတယ်။
၄။ သာယာတဲ့ဝန်းကျင်ကို ဖန်တီးပါ။
ရှုပ်ပွနေတဲ့ပတ်ဝန်းကျင်က စိတ်ဖိစီးမှုကိုတိုးစေတဲ့အတွက် အခန်းသန့်ရှင်းရေးလုပ်ပါ။
နှစ်သက်ရာ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်စားပါ။
စိတ်ပျော်ရွှင်စေမယ့် သီချင်းလေး တွေနားထောင်ရင်း သာယာတဲ့ဝန်းကျင်ကို ဖန်တီးသင့်ပါတယ်။
၅။ အွန်လိုင်းသုံးတာ လျှော့ပါ။
တစ်နေ့တာလုံး အွန်လိုင်းပေါ်တက်နေတာက အဆိုးအကောင်းသတင်းအစုံအလင်ကြောင့် ပိုပြီး အာရုံနောက်စရာဖြစ်ပါတယ်။
ဒါ့ကြောင့် စိတ်ဓာတ်ကျနေချိန်မှာ အွန်လိုင်းသုံးတာလျှော့ချပြီး ကိုယ်ချစ်ခင်ရသူတွေအတွက် ပိုအချိန်ပေးသင့်ပါတယ်။
၆။ ဆံပင်ပုံစံအသစ် ပြောင်းပါ။
ဆံပင်တိုတိုညှပ်တာ၊ အရောင်ဆိုးတာ၊ ပုံစံအသစ်ပြောင်းတာမျိုးတွေ ပြုလုပ်ပေးခြင်းကလည်း စိတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။
၇။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ဖယ်ရှားပေးနိုင်သလို စိတ်ဖိစီးမှုတွေလျော့ကျပြီး အိပ်ပျော်စေပါတယ်။
မေတ္တာဖြင့်…
TKW ( 12 Nov 2016 )
CREDIT – ဂန္ထဝင်မဂ္ဂဇင်း
error: Content is protected !!