ATM စက် ဖောက်ခွဲပြီး ငွေ သေတ္တာ ခိုးခံရ

ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့ခ်ျ နယ်မြေ ထဲမှာ ဒီကနေ့မနက်စောစောက အေတီအမ် ငွေထုတ်စက် တလုံး ဖောက်ခွဲခံရပြီး အထဲက ငွေ သေတ္တာ အခိုးခံခဲ့ရတယ်လို့ မန်နေဂျာအွ န်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က ပရဝေ့ခ်ျနယ်မြေ ဆဖန်းဆုန် ရပ်ကွက် လိုတတ်စ်ကုန်တိုက်ရှေ့ အေတီအမ်စက် မှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်း ရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ကုန်တိုက်မျက်နှာချင်းဆိုင် ယာဉ်ရပ်နားရာ နေရာအနီး ပေါက်ကွဲစတွေ ပြန့်ကြဲနေတဲ့ ဘန်ကောက် ဘဏ် အေတီအမ်စက် အပိုင်းအစတွေ တွေ့ရတာလို့ ပရဝေ့ခ်ျနယ်မြေရဲစခန်း တာဝန်ကျရဲမှူး ကစ်သီဖုန်းဆွန်ဆုန်းဝိဖတ်က သတင်းထောက် တွေကို ပြောပါတယ်။


မျက်မြင်သက်သေတဦးဖြစ်တဲ့ လိုတတ်စ်ကုန်တိုက် ညစောင့် တဦး ပြောပြချက်အရ သူဟာ အစောင့်တာဝန် ထမ်းဆောင်နေရင်း ဒီမနက် ၃ နာရီကျော်လောက်မှာ ပေါက်ကွဲသံ တခု ကြားလိုက်ရကြောင်း၊ ပေါက်ကွဲရာဘက် ကြည့်လိုက်ရာမှာ မီးလောင်နေတာတွေ့ရတဲ့အတွက် အရေးပေါ်မီးသတ်ဘူး ယူပြီး မီးသွားငြှိမ်းဖို့ ပြင်နေစဉ် အရပ်မြင့်မြင့်၊ ဂျာကင်အင်္ကျီအနက်၊ ဘောင်းဘီအနက်ဝတ်၊ ဆိုင်ကယ်ဦးထုပ်အဖြူဆောင်းထားတဲ့ အမျိုးသားတဦး အခင်း ဖြစ်တဲ့နေရာကနေ ဆိုင်ကယ်စီးပြီး ဆီနတ်ခလင်းလမ်းဘက် မောင်းထွက်သွားတာ မြင်လိုက်တယ်လို့ ဆိုပါတယ်။



သတင်းရင်းမြစ် – DVB

ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့ချ် နယ်မြေ ထဲမှာ ဒီကနေ့မနက်စောစောက အေတီအမ် ငွေထုတ်စက် တလုံး ဖောက်ခွဲခံရပြီး အထဲက ငွေ သေတ္တာ အခိုးခံခဲ့ရတယ်လို့ မန်နေဂျာအွ န်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က ပရဝေ့ချ်နယ်မြေ ဆဖန်းဆုန် ရပ်ကွက် လိုတတ်စ်ကုန်တိုက်ရှေ့ အေတီအမ်စက် မှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်း ရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ကုန်တိုက်မျက်နှာချင်းဆိုင် ယာဉ်ရပ်နားရာ နေရာအနီး ပေါက်ကွဲစတွေ ပြန့်ကြဲနေတဲ့ ဘန်ကောက် ဘဏ် အေတီအမ်စက် အပိုင်းအစတွေ တွေ့ရတာလို့ ပရဝေ့ချ်နယ်မြေရဲစခန်း တာဝန်ကျရဲမှူး ကစ်သီဖုန်းဆွန်ဆုန်းဝိဖတ်က သတင်းထောက် တွေကို ပြောပါတယ်။

ပေါက်ကွဲပျက်စီးစတွေဟာ ၁၅ မီတာအကွာထိ လွှင့်စင်သွားပြီး ငွေ ထည့်တဲ့ သေတ္တာ အခိုးခံရကာ ဆုံးရှုံးမှု ပမာဏကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မျက်မြင်သက်သေတဦးဖြစ်တဲ့ လိုတတ်စ်ကုန်တိုက် ညစောင့် တဦး ပြောပြချက်အရ သူဟာ အစောင့်တာဝန် ထမ်းဆောင်နေရင်း ဒီမနက် ၃ နာရီကျော်လောက်မှာ ပေါက်ကွဲသံ တခု ကြားလိုက်ရကြောင်း၊ ပေါက်ကွဲရာဘက် ကြည့်လိုက်ရာမှာ မီးလောင်နေတာတွေ့ရတဲ့အတွက် အရေးပေါ်မီးသတ်ဘူး ယူပြီး မီးသွားငြှိမ်းဖို့ ပြင်နေစဉ် အရပ်မြင့်မြင့်၊ ဂျာကင်အကျႌအနက်၊ ဘောင်းဘီအနက်ဝတ်၊ ဆိုင်ကယ်ဦးထုပ်အဖြူဆောင်းထားတဲ့ အမျိုးသားတဦး အခင်း ဖြစ်တဲ့နေရာကနေ ဆိုင်ကယ်စီးပြီး ဆီနတ်ခလင်းလမ်းဘက် မောင်းထွက်သွားတာ မြင်လိုက်တယ်လို့ ဆိုပါတယ်။

တခြား သက်သေ တဦးကတော့ သူဟာ ကုန်တိုက်အနီး အိမ်ခန်းထဲ အိပ်နေစဉ် ပေါက်ကွဲသံ ကြားလို့ အိမ်ပြတင်းဝကနေ ထကြည့်ခဲ့ကြောင်း၊ အဲဒီအခါမှာ အေတီအမ်စက် မီးလောင် နေတာတွေ့ရပြီး အရပ်မြင့်မြင့် အမျိုးသားတဦးက လေးထောင့်သေတ္တာတလုံး ဆွဲလာကာ ဆိုင်ကယ်ပေါ်တင်ပြီး ထွက်သွားတာ တွေ့ရကြောင်း၊ သူ့ရဲ့ဆိုင်ကယ်မှာတော့ နံပတ်ပြားတပ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ရဲစခန်းက အဲဒီ ဖောက်ခွဲ မှုမှာ အေတီအမ်စက် ရဲ့ ဘယ်ဘက်က အုတ်နံရံကိုပါ ထိခိုက်ကွဲအက်စေတဲ့အတွက် အပြင်းစားဗုံးကို အသုံးပြုပြီး ဖောက်ခွဲ ခဲ့တာလို့ သုံးသပ်ထားပါတယ်။

သတင်းရင်းမြစ် – DVB

error: Content is protected !!