အမ်ဳိးသမီးတိုင္းသိသင့္ေသာ သားအိမ္ကင္ဆာအေၾကာင္း

အမ်ဳိးသမီးေတြမွာ ျဖစ္တတ္တဲ့ ကင္ဆာေရာဂါေတြ အတြက္ သတိေပး လကၡဏာေတြကို လ်စ္လ်ဴ႐ႈ မထားသင့္ပါဘူး။

ဒီလကၡဏာေတြကို အေစာပိုင္း အဆင့္ကတည္းက သိနားလည္မွသာ ကုသမႈ ကို ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။

(၁) တင္ပဆံု နာက်င္ကိုက္ခဲျခင္း

ခ်က္ေအာက္ပိုင္း တင္ပဆံုတြင္းမွာ နာက်င္တာနဲ႔ တင္းေနတာစတဲ့ လကၡဏာ ေတြကို တာရွည္ခံစား ေနရရင္ သတိထားသင့္ပါတယ္။

ဒါက ရာသီအႀကိဳ ေဝဒနာ မဟုတ္ဘူး ဆိုတာ ေသခ်ာဖို႔ေတာ့ လိုပါတယ္။

တင္ပဆံုတြင္း နာက်င္ကိုက္ခဲမႈဟာ မမ်ဳိးဥအိမ္ကင္ဆာ၊ သားအိမ္ေခါင္း ကင္ဆာ၊ မိန္းမကိုယ္ ကင္ဆာစတဲ့ ကင္ဆာေတြနဲ႔ ဆက္စပ္မႈရွိလို႔ သတိထား သင့္ပါတယ္။

(၂) ဝမ္းဗိုက္ေဖာင္းျခင္း၊ ေလပြျခင္း

ဝမ္းဗိုက္ေဖာင္းတာနဲ႔ ေလပြတာက မမ်ဳိးဥအိမ္ကင္ဆာမွာ အေတြ႕ရမ်ားတဲ့ လကၡဏာေတြ ျဖစ္ ပါတယ္။

ေလပြတာေၾကာင့္ ေဘာင္းဘီ ၾကယ္သီးကိုေတာင္ မတပ္ႏိုင္ေအာင္ ျဖစ္ေန တာမ်ဳိး၊ ေဘာင္းဘီဆိုက္ႀကီး တာကို ဝတ္ရတာမ်ဳိး ျဖစ္ေနရင္ ဒီလကၡဏာေတြကို လ်စ္လ်ဴမ႐ႈသင့္ပါဘူး။

(၃) ခါးေအာက္ပိုင္း ၾကာရွည္ ကိုက္ခဲျခင္း

ခါးနာတာက ခါးေအာက္ပိုင္းမွာ အျဖစ္မ်ားၿပီး စူးရွတဲ့ ကိုက္ခဲမႈမ်ဳိးကို ခံစားရ တတ္ ပါတယ္။

တခ်ဳိ႕အမ်ဳိး သမီးေတြက ကေလးေမြးတဲ့ ခံစားခ်က္မ်ဳိးနဲ႔ ဆင္တူတယ္လို႔ ဆိုၾကပါတယ္။ ခါးနာတာက မမ်ဳိးဥအိမ္ ကင္ဆာရဲ႕ လကၡဏာတစ္ရပ္ပါ။

(၄) ၾကာရွည္ ဖ်ားနာျခင္း

ခုနစ္ရက္ထက္ ပိုၾကာၾကာ ဖ်ားရင္ ဒါမွမဟုတ္ အဖ်ားက မေပ်ာက္ႏိုင္ျဖစ္ေနရင္ ဆရာဝန္နဲ႔ ျပသင့္ပါ တယ္။ ၾကာရွည္ဖ်ားနာတာက ကင္ဆာရဲ႕ လကၡဏာ တစ္ရပ္ ျဖစ္ႏိုင္လို႔ပါ။

ဒါေပမဲ့ အမ်ားအားျဖင့္ ဖ်ားတာ က တျခားအပရိက ေဝဒနာေတြရဲ႕ လကၡဏာလည္း ျဖစ္တတ္ပါတယ္။

(၅) မိန္းမကိုယ္မွ ပံုမမွန္ေသြးဆင္းျခင္း

မိန္းမကိုယ္က ပံုမွန္မဟုတ္တဲ့ ေသြးဆင္းတာက စိုးရိမ္ရပါတယ္။ ရာသီေသြး အလြန္အမင္း ဆင္းတာ၊ ရာသီလာခ်ိန္ တစ္ခ်ိန္နဲ႔ တစ္ခ်ိန္ၾကား ေသြးဆင္းတာ၊ Sex အတြင္းနဲ႔ အၿပီးမွာ ေသြးဆင္းတာေတြ အားလံုးက ပံုမမွန္ ေသြးဆင္းမႈေတြျဖစ္ၿပီး အမ်ဳိးသမီး ကင္ဆာ လကၡဏာေတြလည္း ျဖစ္ပါတယ္။

ဒီလကၡဏာေတြက သားအိမ္ေခါင္းကင္ဆာ၊ သားအိမ္ကင္ဆာနဲ႔ မမ်ဳိးဥအိမ္ ကင္ဆာတို႔နဲ႔ ဆက္စပ္မႈ ရွိပါတယ္။

(၆) ဝမ္းသြားေသာ အေလ့အထ ေျပာင္းလဲမႈ ၾကာရွည္ျဖစ္ေပၚျခင္း

ဝမ္းခ်ဳပ္တာ၊ ဝမ္းေလွ်ာတာ၊ ဝမ္းထဲ ေသြးပါတာ၊ ေလထတာ၊ ဝမ္းအရည္က်ဲက်ဲ သြားတာနဲ႔ အူအေလ့အထ ေျပာင္းလဲမႈေတြ ျဖစ္ရင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

ဒါေတြက မီးယပ္သားဖြားကင္ဆာနဲ႔ အူမႀကီးကင္ဆာ လကၡဏာေတြနဲ႔ ဆက္စပ္ ေနတတ္ပါတယ္။

(၇) အေၾကာင္းရင္းမရွိဘဲ ကိုယ္အေလးခ်ိန္ မ်ားစြာေလ်ာ့က်ျခင္း

ဘာအေၾကာင္းရင္းမွ မရွိဘဲ ကိုယ္အေလးခ်ိန္ ၁၀ ေပါင္နဲ႔အထက္ ေလ်ာ့က် တာက ပံုမွန္ မဟုတ္ပါဘူး။

အမ်ဳိးသမီး တစ္ဦးရဲ႕ ကိုယ္အေလးခ်ိန္က တစ္လအတြင္း အတက္အက် ျဖစ္ႏိုင္ေပမယ့္ ၁၀ ေပါင္နဲ႔အထက္ ေလ်ာ့က်ရင္ ဆရာဝန္နဲ႔ ေဆြးေႏြးသင့္ပါတယ္။

(၈) မိန္းမကိုယ္ ပံုမမွန္ေျပာင္းလဲမႈမ်ား

မိန္းမကိုယ္မွာ အနာျဖစ္တာ၊ အရည္ၾကည္ျဖစ္တာ၊ အေရျပား အေရာင္ေျပာင္း လဲတာနဲ႔ မိန္းမကိုယ္ကေန ပံုမမွန္ အရည္ဆင္းတာေတြျဖစ္ရင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

(၉) ရင္သားေျပာင္းလဲျခင္း

လစဥ္ ရင္သား စစ္ေဆးမႈအတြင္း အဖုအက်ိတ္ေပၚတာ၊ နာက်င္တာ၊ ရင္သားက အရည္ထြက္တာ၊ ရင္သား နီျမန္းတာနဲ႔ ေရာင္ရမ္းတာတို႔ ျဖစ္ေနရင္ ဆရာဝန္နဲ႔ အျမန္ဆံုး တိုင္ပင္ပါ။

(၁၀) ႏံုးခ်ည့္ေညာင္းညာျခင္း

အျဖစ္မ်ားဆံုး ကင္ဆာလကၡဏာ တစ္ရပ္က ႏံုးခ်ည့္ေညာင္းညာတာပါ။ ကင္ဆာ အဆင့္ျမင့္တဲ့အခါ ပိုမို ႏံုးခ်ည့္ ေညာင္းညာႏိုင္ေပမယ့္ ကင္ဆာ အေစာပိုင္း အဆင့္မွာကတည္းက သိသာထင္ရွားတဲ့ ေဝဒနာပါ။

ေန႔စဥ္ ပံုမွန္လုပ္ေဆာင္မႈေတြ လုပ္တာေတာင္ ႏံုးခ်ည့္ေညာင္း ညာ ေနဆဲ ဆိုရင္ ဆရာဝန္နဲ႔ ျပသသင့္ ပါတယ္။

May Gyi Chit Kyawzintoe
အေထြေထြဗဟုသုတ

Unicode Version

အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။

ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။

ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။

တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ် ပါတယ်။

လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေ တာမျိုး၊ ဘောင်းဘီဆိုက်ကြီး တာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။

တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။

ဒါပေမဲ့ အများအားဖြင့် ဖျားတာ က တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။

ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။

အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။

နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်း ညာ နေဆဲ ဆိုရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။

May Gyi Chit Kyawzintoe
အထွေထွေဗဟုသုတ

error: Content is protected !!