ျခေသၤ့ႀကီးကို အငတ္ငတ္အျပတ္ျပတ္ ထားတဲ့ တိရစာၦန္႐ုံဝန္ထမ္းမ်ားရဲ႕ ရက္စက္တဲ့လုပ္ရပ္ (ရုပ္သံႏွင့္တကြၾကည့္ရန္)

ျခေသၤ့ႀကီးကို အငတ္ငတ္အျပတ္ျပတ္ ထားတဲ့ တိရစာၦန္႐ုံဝန္ထမ္းမ်ားရဲ႕ ရက္စက္တဲ့လုပ္ရပ္

ဘဂၤလားေဒ့ရွ္ႏုိင္ငံက တိရစာၦန္႐ုံတစ္ခုမွာ ေလွာင္ထားတဲ့ Juboraj အမည္ရ ျခေသၤ့ႀကီးရဲ႕ လက္ရွိအေျခေနဟာ အလြန္ကို သနားစရာေကာင္းပါတယ္။ ျခေသၤ့ႀကီးဟာ တိရစာၦန္႐ုံဝန္ထမ္းေတြရဲ႕ သီးျခားဝွက္ထားျခင္းကို ခံရၿပီး၊ သူ႕ကုိထားတဲ့ ေနရာကို လာေရာက္လည္ပတ္တဲ့သူေတြကို ဝင္ခြင့္မျပဳပါဘူး။

ဒါေပမယ့္ တစ္စုံတစ္ေယာက္ရဲ႕ ေတြ႕ရွိမႈေၾကာင့္ Juboraj အေျခအေနဟာ ျပင္ပကုိ ေပါက္ၾကားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ဒါကာၿမိဳ႕ Comilla Zoo တိရစာၦန္႐ုံမွာ ျဖစ္ခဲ့တာပါ။ Juboraj ဟာ အ႐ိုးအၿပိဳင္းၿပိဳင္းနဲ႔ အားအင္ကုန္ခမ္းေနၿပီး ျပင္းထန္တဲ့ အစာငတ္ျခင္းကို ခံစားေနရပါတယ္။ သူ႔ရဲ႕ပုံစံဟာ ေတာသုံးေတာင္အပုိင္စုိးခဲ့ရတဲ့ ျခေသၤ့တစ္ေကာင္နဲ႔ေတာင္ မတူေတာ့ပါဘူး။

Juboraj ဟာ အသက္ (၁၈)ႏွစ္ ရွိပါၿပီ။ ဒီအသက္အရြယ္ဟာ ျခေသၤ့တစ္ေကာင္အဖုိ႔ေတာ့ အေတာ္ေလး အုိမင္းမစြမ္းျဖစ္ေနပါၿပီ။ ျခေသၤ့တစ္ေကာင္ဟာ ပ်မ္းမွ်အားျဖင့္ အသက္ (၁၂)ႏွစ္ကေန (၁၄)ႏွစ္အထိ အသက္ရွင္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူ႕ဘာသာ အရြယ္ဘယ္ေလာက္အုိအုိ ဒီေလာက္႐ုပ္ပ်က္ဆင္းပ်က္ ပိန္ကပ္ေနတာေတာ့ တစ္ခါမွ မျဖစ္ခဲ့ဖူးပါဘူး။

ဒီဗြီဒီယုိဖုိင္ေၾကာင့္ Juboraj ကုိ ေဆးထုိးသတ္မွာျဖင့္လည္း သတ္လုိက္ဖုိ႔၊ သို႔မဟုတ္ အစားအစာ ေဆးဝါး လုံလုံေလာက္ေလာက္ ေပးၿပီး ကုသဖုိ႔ လူထုက ေတာင္းဆုိခဲ့ပါတယ္။ ေလာေလာဆယ္ ျခေသၤ့ႀကီးကို ေဆးဝါးေစာင့္ေရွာက္မႈနဲ႔ အစာေရစာ ျပန္ေကၽြးေနေၾကာင္း သိရပါတယ္။

တိရစာၦန္႐ုံတာဝန္ရွိသူေတြကေတာ့ ျခေသၤ့ႀကီးကို ဝွက္ထားရတဲ့အေၾကာင္းအရင္းကို ရွင္းလင္းျခင္းမရွိေသးပါဘူး။ ျခေသၤ့ႀကီးကို Alauddin Road လမ္းမွာတည္ရွိတဲ့ တိ/ကုဌာန Cntral Veterinary Hospital က လႊဲေျပာင္းရယူထားၿပီး ဘဂၤလားေဒ့ရွ္သမၼတကေတာ့ တိရစာၦန္႐ုံဝန္ထမ္းေတြကို ထိေရာက္တဲ့ အေရးယူမႈေတြျပဳလုပ္ဖုိ႔ ညႊန္ၾကားထားေၾကာင္း သိရပါတယ္။

FROM@(Shwemom)

 

 

 

 

 

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိရစ္ဆာန်ရုံတစ်ခုမှာ လှောင်ထားတဲ့ Juboraj အမည်ရ ခြင်္သေ့ကြီးရဲ့ လက်ရှိအခြေနေဟာ အလွန်ကို သနားစရာကောင်းပါတယ်။ ခြင်္သေ့ကြီးဟာ တိရစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ သီးခြားဝှက်ထားခြင်းကို ခံရပြီး၊ သူ့ကိုထားတဲ့ နေရာကို လာရောက်လည်ပတ်တဲ့သူတွေကို ဝင်ခွင့်မပြုပါဘူး။

ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ တွေ့ရှိမှုကြောင့် Juboraj အခြေအနေဟာ ပြင်ပကို ပေါက်ကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒါကာမြို့ Comilla Zoo တိရစ္ဆာန်ရုံမှာ ဖြစ်ခဲ့တာပါ။ Juboraj ဟာ အရိုးအပြိုင်းပြိုင်းနဲ့ အားအင်ကုန်ခမ်းနေပြီး ပြင်းထန်တဲ့ အစာငတ်ခြင်းကို ခံစားနေရပါတယ်။ သူ့ရဲ့ပုံစံဟာ တောသုံးတောင်အပိုင်စိုးခဲ့ရတဲ့ ခြင်္သေ့တစ်ကောင်နဲ့တောင် မတူတော့ပါဘူး။

Juboraj ဟာ အသက် (၁၈)နှစ် ရှိပါပြီ။ ဒီအသက်အရွယ်ဟာ ခြင်္သေ့တစ်ကောင်အဖို့တော့ အတော်လေး အိုမင်းမစွမ်းဖြစ်နေပါပြီ။ ခြင်္သေ့တစ်ကောင်ဟာ ပျမ်းမျှအားဖြင့် အသက် (၁၂)နှစ်ကနေ (၁၄)နှစ်အထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ဘာသာ အရွယ်ဘယ်လောက်အိုအို ဒီလောက်ရုပ်ပျက်ဆင်းပျက် ပိန်ကပ်နေတာတော့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။

ဒီဗွီဒီယိုဖိုင်ကြောင့် Juboraj ကို ဆေးထိုးသတ်မှာဖြင့်လည်း သတ်လိုက်ဖို့၊ သို့မဟုတ် အစားအစာ ဆေးဝါး လုံလုံလောက်လောက် ပေးပြီး ကုသဖို့ လူထုက တောင်းဆိုခဲ့ပါတယ်။ လောလောဆယ် ခြင်္သေ့ကြီးကို ဆေးဝါးစောင့်ရှောက်မှုနဲ့ အစာရေစာ ပြန်ကျွေးနေကြောင်း သိရပါတယ်။

တိရစ္ဆာန်ရုံတာဝန်ရှိသူတွေကတော့ ခြင်္သေ့ကြီးကို ဝှက်ထားရတဲ့အကြောင်းအရင်းကို ရှင်းလင်းခြင်းမရှိသေးပါဘူး။ ခြင်္သေ့ကြီးကို Alauddin Road လမ်းမှာတည်ရှိတဲ့ တိ/ကုဌာန Cntral Veterinary Hospital က လွှဲပြောင်းရယူထားပြီး ဘင်္ဂလားဒေ့ရှ်သမ္မတကတော့ တိရစ္ဆာန်ရုံဝန်ထမ်းတွေကို ထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

FROM@(Shwemom)

error: Content is protected !!