ကေလး ငယ္ေလးမ်ားအား အျခားသူကို လုံးဝနမ္းခြင့္မျပဳသင့္

လသားကေလးငယ္ေလးေတြဆိုတာ သဘာဝအရ အရမ္းခ်စ္ဖို႔ေကာင္းၿပီး ျမင္သူတိုင္းက ခ်ီပိုးခ်င္၊ နမ္းခ်င္စရာ ေကာင္းပါတယ္။

ဒါေပမယ့္ မိခင္ေတြအေနနဲ႔ ကိုယ့္ရဲ့ကေလးကို အျခားသူေတြ နမ္းခြင့္မျပဳဖို႔ သူမၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ပ်က္သင္ခန္းစာကို ေျပာျပခဲ့ပါတယ္။

Christa Leandra Valdez ဆိုသူ မိခင္ဟာ သူမရဲ့ ကေလးကို ဘယ္သူ႔ကိုမွ နမ္းခြင့္မျပဳတဲ့ မိခင္ျဖစ္ပါတယ္၊

ဒါေပမယ့္လည္း အခ်ိဳ႕က မနမ္းပါနဲ႔လို႔ တားျမစ္တဲ့ ၾကားထဲကေနပဲ ကေလးကို ဇိုးကနဲ ဇတ္ကနဲ အနမ္းသြားတာေတြ ကိုင္တြယ္သြားတာေတြ ရွိခဲ့ပါတယ္လို႔ ေျပာပါတယ္။

တစ္ရက္မွာေတာ့ သူကေလးရဲ့ ေျခမမွာ ေရာင္းရမ္းေနတာကို ေတြ႕ခဲ့ရပါတယ္။

ေနာက္ရက္မွာေတာ့ ေရာင္ေနတဲ့ ေနရာကေန အပူေလာင္နာလို အသားေတြစားလာတာကို ေတြ႕ရၿပီး ထိတ္လန႔္သြားပါတယ္။

တစ္ျဖည္းျဖည္း ျပည္တယ္နာလိုျဖစ္လာၿပီး ကေလးက နာက်င္မွုေဝဒနာကို အလူးလဲ ခံစားခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ ကေလးကို ဆရာဝန္နဲ႔ သြားျပခဲ့ပါတယ္။ ပထမဦးဆုံးျပတဲ့ ဆရာဝန္က ဘာျဖစ္တယ္ဆိုတာေသခ်ာမေျပာနိုင္ခဲ့ပါဘူး။

ဒါေၾကာင့္မို႔ သူမဟာ အျခားဆရာဝန္ေတြနဲ႔ ျပၾကည့္ရာ သုံးဦးက ဘာျဖစ္မွန္ မေျပာနိုင္ခဲ့ပဲ ေနာက္ဆုံး ျပတဲ့

ဆရာဝန္ ႏွစ္ဦးကေတာ့ ကေလးဟာ “ေရယုံ” ေရာဂါပိုးကူးစက္ခံရေကာင္းေျပာျပၿပီး ကေလးေဆး႐ုံတင္ခဲ့ရပါတယ္။

“ေရယုံ” ဆိုတာ မ်ားေသာအားျဖင့္ ပါးစပ္နဲ႔ လက္ေတြမွာသာ ျဖစ္တတ္ၿပီး ကေလးရဲ့ ေျခေထာက္မွာ လာျဖစ္ေနတဲ့ အတြက္ ဆရာဝန္ေတြ အံ့အားသင့္ခဲ့ပါတယ္။

ဒါေပမယ့္ ေကာက္ခ်က္အရ “ေရယုံ” ေရာဂါပိုးရွိသူ တစ္ဦးဦးက ကေလးရဲ့ ေျခေထာက္ကို သူ႔ပါးစပ္နဲ႔ နမ္းသြားတာျဖစ္နိုင္ၿပီး

ကေလးရဲ့ ေျခေထာက္မွာ အစင္းျခစ္ရာေလးျဖစ္ေနရာကေန ေရာဂါပိုးဝင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေဆးကုသခံေနၿပီး သုံးပတ္ခန႔္အၾကာမွ ကေလးရဲ့ အနာဟာ တစ္ျဖည္းျဖည္း ျပန္လည္သက္သာလာခဲ့ပါတယ္။

ဒီအေတာတြင္းမွာေတာ့ မိခင္တစ္ေယာက္ရဲ့ စိုးရိမ္ေသာကဟာ ႏွိုင္းစရာေတာင္မရွိခဲ့ပါဘူး။

ဒါေၾကာင့္မို႔ သူမရဲ့အျဖစ္ပ်က္ကို အျခားမိခင္ေတြ သင္ခန္းစာယူနိုင္ေအာင္ လူမွုကြန္ယက္ေပၚကေန ေဝမၽွေပးခဲ့ပါတယ္။

မိခင္ေတြအေနနဲ႔ အျခားသူေတြ ကိုယ့္ကေလးကို ထိေတြ႕ နမ္းရွုံ႔တာေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔လိုေၾကာင္း၊

ဒါဟာ ကိုယ့္ရဲ့ကေလးကို ကပ္ေစးနဲတာ မဟုတ္ပဲ မျမင္နိုင္တဲ့ အႏၲရာယ္ေတြက ကာကြယ္တာျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။

အျခားသူေတြကိုလည္း သူတစ္ပါးရဲ့ လသားအရြယ္ကေလးငယ္ေတြကို ခ်စ္လို႔ဆိုၿပီး အရမ္းကာေရာ နမ္းတာ၊ ေပြ႕ဖက္တာေတြ မလုပ္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

Credit: lwinpyin

Unicode >>>>

လသားကလေးငယ်လေးတွေဆိုတာ သဘာဝအရ အရမ်းချစ်ဖို့ကောင်းပြီး မြင်သူတိုင်းက ချီပိုးချင်၊ နမ်းချင်စရာ ကောင်းပါတယ်။

ဒါပေမယ့် မိခင်တွေအနေနဲ့ ကိုယ့်ရဲ့ကလေးကို အခြားသူတွေ နမ်းခွင့်မပြုဖို့ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်သင်ခန်းစာကို ပြောပြခဲ့ပါတယ်။

Christa Leandra Valdez ဆိုသူ မိခင်ဟာ သူမရဲ့ ကလေးကို ဘယ်သူ့ကိုမှ နမ်းခွင့်မပြုတဲ့ မိခင်ဖြစ်ပါတယ်၊

ဒါပေမယ့်လည်း အချို့က မနမ်းပါနဲ့လို့ တားမြစ်တဲ့ ကြားထဲကနေပဲ ကလေးကို ဇိုးကနဲ ဇတ်ကနဲ အနမ်းသွားတာတွေ ကိုင်တွယ်သွားတာတွေ ရှိခဲ့ပါတယ်လို့ ပြောပါတယ်။

တစ်ရက်မှာတော့ သူကလေးရဲ့ ခြေမမှာ ရောင်းရမ်းနေတာကို တွေ့ခဲ့ရပါတယ်။

နောက်ရက်မှာတော့ ရောင်နေတဲ့ နေရာကနေ အပူလောင်နာလို အသားတွေစားလာတာကို တွေ့ရပြီး ထိတ်လန့်သွားပါတယ်။

တစ်ဖြည်းဖြည်း ပြည်တယ်နာလိုဖြစ်လာပြီး ကလေးက နာကျင်မှုဝေဒနာကို အလူးလဲ ခံစားခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ကလေးကို ဆရာဝန်နဲ့ သွားပြခဲ့ပါတယ်။ ပထမဦးဆုံးပြတဲ့ ဆရာဝန်က ဘာဖြစ်တယ်ဆိုတာသေချာမပြောနိုင်ခဲ့ပါဘူး။

ဒါကြောင့်မို့ သူမဟာ အခြားဆရာဝန်တွေနဲ့ ပြကြည့်ရာ သုံးဦးက ဘာဖြစ်မှန် မပြောနိုင်ခဲ့ပဲ နောက်ဆုံး ပြတဲ့

ဆရာဝန် နှစ်ဦးကတော့ ကလေးဟာ “ရေယုံ” ရောဂါပိုးကူးစက်ခံရကောင်းပြောပြပြီး ကလေးဆေးရုံတင်ခဲ့ရပါတယ်။

“ရေယုံ” ဆိုတာ များသောအားဖြင့် ပါးစပ်နဲ့ လက်တွေမှာသာ ဖြစ်တတ်ပြီး ကလေးရဲ့ ခြေထောက်မှာ လာဖြစ်နေတဲ့ အတွက် ဆရာဝန်တွေ အံ့အားသင့်ခဲ့ပါတယ်။

ဒါပေမယ့် ကောက်ချက်အရ “ရေယုံ” ရောဂါပိုးရှိသူ တစ်ဦးဦးက ကလေးရဲ့ ခြေထောက်ကို သူ့ပါးစပ်နဲ့ နမ်းသွားတာဖြစ်နိုင်ပြီး

ကလေးရဲ့ ခြေထောက်မှာ အစင်းခြစ်ရာလေးဖြစ်နေရာကနေ ရောဂါပိုးဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးကုသခံနေပြီး သုံးပတ်ခန့်အကြာမှ ကလေးရဲ့ အနာဟာ တစ်ဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့ပါတယ်။

ဒီအတောတွင်းမှာတော့ မိခင်တစ်ယောက်ရဲ့ စိုးရိမ်သောကဟာ နှိုင်းစရာတောင်မရှိခဲ့ပါဘူး။

ဒါကြောင့်မို့ သူမရဲ့အဖြစ်ပျက်ကို အခြားမိခင်တွေ သင်ခန်းစာယူနိုင်အောင် လူမှုကွန်ယက်ပေါ်ကနေ ဝေမျှပေးခဲ့ပါတယ်။

မိခင်တွေအနေနဲ့ အခြားသူတွေ ကိုယ့်ကလေးကို ထိတွေ့ နမ်းရှုံ့တာတွေ မဖြစ်အောင် ကာကွယ်ဖို့လိုကြောင်း၊

ဒါဟာ ကိုယ့်ရဲ့ကလေးကို ကပ်စေးနဲတာ မဟုတ်ပဲ မမြင်နိုင်တဲ့ အန္တရာယ်တွေက ကာကွယ်တာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

အခြားသူတွေကိုလည်း သူတစ်ပါးရဲ့ လသားအရွယ်ကလေးငယ်တွေကို ချစ်လို့ဆိုပြီး အရမ်းကာရော နမ်းတာ၊ ပွေ့ဖက်တာတွေ မလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Credit: lwinpyin

error: Content is protected !!