ဆီးခ်ိဳေသြးခ်ိဳ အတြက္ ေဗဒါအစြမ္း

ဆီးခ်ိဳေသြးခ်ိဳ အတြက္ ေဗဒါအစြမ္း

တိုင္းရင္းေဆးပညာဦးစီးဌာန၊သုေတသနဌာနခဲြမွ ေဗဒါ၏ဆီးခ်ိဳ၊ေသြးခ်ိဳအေပၚအာနိသင္သက္ ေရာက္မွဳ ကိုုုုုုုုုသိပၸံနည္းက်သုေတသနျပဳလုပ္ၾကပါသည္။

ေဗဒါပြင့္ျပဳတ္ရည္ (20)ml/kg သည္ဂလူကို႔စ္ (.2)g/ kg တိုက္ထားေသာယုန္၏ ေသြးထဲသို႔သၾကားပမာဏကိုက်ဆင္းေစေၾကာင္း ေတြ႔ရွိ ရသည္။ ေဗဒါပြင့္ျပဳတ္ရည္(၅၀)မီလီကို သာမန္ တိုက္ေကြ်းျခင္းျဖင့္ စမ္းသပ္ရာ တိုက္ေကြ်းျပီး တစ္နာရီအၾကာတြင္ ဆီခ်ိဳေသြးခ်ိဳက်အာနိသင္ကို စတင္ေတြ႔ရွိရျခင္း၊(၂)နာရီခဲြၾကာသည္အထိေတြ႕ရွိရပါသည္။ ထိုသို႔စမ္းသပ္ခံရသူတို႔၏ ကိုယ္တြင္းအဂၤါမ်ား၊ ထိခိုက္ပ်က္ဆီးမွဳ တစ္စံုတစ္ရာ မေတြ႔ရွိ ရပါ။

အဆိပ္အာနိသင္ရွိ/မရွိ

ေဗဒါပြင့္ျပဳတ္ရည္မွထုတ္ယူရရွိေသာေရတြင္ ေပ်ာ္၀င္ပစၥည္း၏ လက္တေလာအဆိပ္အာနိသင္ ကိုၾကြက္ျဖဴမ်ားႏွင့္ စမ္းသပ္ရာ အဆိပ္အာနိသင္မေတြ႔ရပါ။

အသံုးျပဳပံု

ေဗဒါကို ျမန္မာနိုင္ငံတြင္ဟင္းအျဖစ္စားသံုးရံုမွ်မက ဆီးခ်ိဳေသြးခ်ိဳ ေရာဂါမ်ားတြင္လည္းအသံုးျပဳပါသည္။ ေဗဒါပြင့္ကို ျပဳတ္၍လည္းေကာင္း၊ အေျခာက္ခံျပီး လက္ဖက္ေျခာက္ကဲ႔သို႔ ေရေႏြးခတ္၍လည္ေကာင္း၊ အပြင့္ကိုျပဳတ္သုပ္စားျခင္းျဖင့္ ဆီၤးခ်ိဳ၊ေသြးခ်ိဳကို ထိန္းခ်ဳပ္နိုင္ပါသည္။

ဆီးခ်ိဳရွင္တစ္ဦးက က်ဳပ္ကေတာ့ဆီခ်ိဳကို ေဆးစစ္ျပီးထဲကအဂၤလိပ္ေဆးေတြနဲ႔မကုနိင္ဘူးေလ ဒီေတာ့ဘာေဆးမွလည္းမေသာက္ဘူးေပါ႔။ေဗဒါပြင့္ကို အရည္ညွစ္ျပီး ေနစဥ္လက္ဖက္ရည္ အၾကမ္း ပန္းကန္တစ္လံုး ေသာက္ေပးတယ္။ ေနာက္ပိုင္း ဆီးခ်ိဳသက္သာရာ ကတျဖည္းျဖည္းေပ်ာက္ကင္း သြားပါတယ္ဗ်ာ ဟုလည္းေျပာျပဖူးပါသည္။

သိပၸံေဆး၀ါးတို႔ျဖင့္ ကုသရန္ခက္ခဲေနသူမ်ား၊ ေငြေၾကးအဆင္မေျပသူ မ်ား အတြက္ လိုအပ္ပါက ေဗဒါပြင့္ေလးကို အရည္ညွစ္ေသာက္ေပးျပီးဆီခ်ိဳ ေသြးခ်ိဳကို ကုသနိုင္ပါေၾကာင္းေလ့လာမိသမွ် တင္ျပမိပါသည္။

စာကိုး

လက္ေတြ႔အသံုးခ်ေဆးဖက္အပင္ အတဲြ(၄)

ရဲမ်ိဳးသူ(ေဗာဓိျမိင္)

ဆီးချိုသွေးချို အတွက် ဗေဒါအစွမ်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊သုတေသနဌာနခွဲမှ ဗေဒါ၏ဆီးချို၊သွေးချိုအပေါ်အာနိသင်သက် ရောက်မှု ကိုုုုုုုုုသိပ္ပံနည်းကျသုတေသနပြုလုပ်ကြပါသည်။

ဗေဒါပွင့်ပြုတ်ရည် (20)ml/kg သည်ဂလူကို့စ် (.2)g/ kg တိုက်ထားသောယုန်၏ သွေးထဲသို့သကြားပမာဏကိုကျဆင်းစေကြောင်း တွေ့ရှိ ရသည်။ ဗေဒါပွင့်ပြုတ်ရည်(၅၀)မီလီကို သာမန် တိုက်ကျွေးခြင်းဖြင့် စမ်းသပ်ရာ တိုက်ကျွေးပြီး တစ်နာရီအကြာတွင် ဆီချိုသွေးချိုကျအာနိသင်ကို စတင်တွေ့ရှိရခြင်း၊(၂)နာရီခွဲကြာသည်အထိတွေ့ရှိရပါသည်။ ထိုသို့စမ်းသပ်ခံရသူတို့၏ ကိုယ်တွင်းအင်္ဂါများ၊ ထိခိုက်ပျက်ဆီးမှု တစ်စုံတစ်ရာ မတွေ့ရှိ ရပါ။

အဆိပ်အာနိသင်ရှိ/မရှိ

ဗေဒါပွင့်ပြုတ်ရည်မှထုတ်ယူရရှိသောရေတွင် ပျော်ဝင်ပစ္စည်း၏ လက်တလောအဆိပ်အာနိသင် ကိုကြွက်ဖြူများနှင့် စမ်းသပ်ရာ အဆိပ်အာနိသင်မတွေ့ရပါ။

အသုံးပြုပုံ

ဗေဒါကို မြန်မာနိုင်ငံတွင်ဟင်းအဖြစ်စားသုံးရုံမျှမက ဆီးချိုသွေးချို ရောဂါများတွင်လည်းအသုံးပြုပါသည်။ ဗေဒါပွင့်ကို ပြုတ်၍လည်းကောင်း၊ အခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍လည်ကောင်း၊ အပွင့်ကိုပြုတ်သုပ်စားခြင်းဖြင့် ဆီင်္းချို၊သွေးချိုကို ထိန်းချုပ်နိုင်ပါသည်။

ဆီးချိုရှင်တစ်ဦးက ကျုပ်ကတော့ဆီချိုကို ဆေးစစ်ပြီးထဲကအင်္ဂလိပ်ဆေးတွေနဲ့မကုနိင်ဘူးလေ ဒီတော့ဘာဆေးမှလည်းမသောက်ဘူးပေါ့။ဗေဒါပွင့်ကို အရည်ညှစ်ပြီး နေစဉ်လက်ဖက်ရည် အကြမ်း ပန်းကန်တစ်လုံး သောက်ပေးတယ်။ နောက်ပိုင်း ဆီးချိုသက်သာရာ ကတဖြည်းဖြည်းပျောက်ကင်း သွားပါတယ်ဗျာ ဟုလည်းပြောပြဖူးပါသည်။

သိပ္ပံဆေးဝါးတို့ဖြင့် ကုသရန်ခက်ခဲနေသူများ၊ ငွေကြေးအဆင်မပြေသူ များ အတွက် လိုအပ်ပါက ဗေဒါပွင့်လေးကို အရည်ညှစ်သောက်ပေးပြီးဆီချို သွေးချိုကို ကုသနိုင်ပါကြောင်းလေ့လာမိသမျှ တင်ပြမိပါသည်။

စာကိုး

လက်တွေ့အသုံးချဆေးဖက်အပင် အတွဲ(၄)

ရဲမျိုးသူ(ဗောဓိမြိင်)

error: Content is protected !!