11*12*2017
#ကိုကြီး
၁၁.၁၂.၂၀၁၇
Myint Zaw
11*12*2017
လူတွေ အကြင်နာတရားတွေ မဲ့ကုန်ကြပြီ။
ဒီအစ်မကြီးက ကျနော်တို့ ပရဟိတအဖွဲ့ထဲကပါ။ အားလုံး ချစ်စနိုးနဲ့ ခေါ်ကြတာက တီနုတဲ့။
ဒီနေ့ ညနေ(၄)နာရီလောက်က တီနုတို့နေတဲ့ မြို့ထဲ ၁၇ လမ်းနဲ့ ၁၈ လမ်းကြား နောက်ဖေးဖက် အိမ်သာ သွားရင်း ကလေး ငိုတဲ့အသံကြားလို့ အောက်ဆင်းကြည့်ကြတယ်တဲ့။
အဲ့မှာ မွေးကင်းစ ချက်ကြိုးမဖြတ်ရသေးတဲ့ ကလေးကို အမှိုက်ပုံးနားမှာ ပစ်ထားတာတွေ့ကြတယ်။
ကလေးမျက်နှာနဲ့ နှာခေါင်းမှာ ပုရွက်ဆိတ်တွေ ကိုက်ထားလို့ သွေးတွေတောင် ထွက်နေတယ်တဲ့။
သက်ဆိုင်ရာကို သတင်းပို့ပြီး ကလေးဆေးရုံ ပို့လိုက်ကြတယ်လို့ သိရပါတယ်။
ကလေးလက်ကလေးကို လက်ညှိုးထည့်ပေးတာ လက်ကို အတင်းဆုပ်ထားတာ ကြပ်နေတာပဲ၊ ထားခဲ့ရတာ စိတ်တောင် မကောင်းဘူးလို့ တီနုက ပြောရှာတယ်။
(သမီးလေး အသက်ကို ကယ်ခဲ့တဲ့ တီနုကို NuNu လေးစားစွာ ဂုဏ်ပြုပါတယ်။)
#ကိုကြီး
၁၁.၁၂.၂၀၁၇
Myint Zaw
error: Content is protected !!