၀ယ္ေသာက္ရင္ ေစ်းႀကီးလွတဲ့ ၾကက္ေပါင္းရည္ကို ဒီလို ခ်က္ေသာက္ၾကပါ။

ၾကက္ေပါင္းရည္ခ်က္နည္း

က်ေနာ္ဒီလိုေျပာရတာအေၾကာင္းရွိပါတယ္။

အစိမ္းေရာင္တံဆိပ္နဲ႔ၾကက္ေပါင္းရည္၆ဗူးတကတ္ဝယ္ရင္၇၅၀၀က်ပ္ပါ (တံဆိပ္ထည့္မေျပာတာသူတပါးစီးပြားေရးကိုမထိခိုက္ေစခ်င္လို႔ပါ)

အိမ္မွာကိုယ့္ဘာသာကိုယ္ခ်က္ရင္ ဗမာၾကက္တေကာင္ ၆ေထာင္ ၾကက္သြန္ျဖဴ ဂ်င္း ၃နာရီမီတာခ ၁၅၀၀ေပါင္းရင္ေတာင္ ၇၅၀၀က်ပ္ဖိုးပါ။ရတဲ့ၾကက္ေပါင္းရည္ကေတာ့အတူတူပါပဲ။၆ဗူးစာပါ။

မတူတာကေတာ့ ကိုယ့္မိဘကိုတတ္ႏိုင္လို႔ ready made ေတြေသတၱာလိုက္ဝယ္ေပးလို႔ ျဖစ္လာတဲ့မိဘခံစားခ်က္နဲ႔ကိုယ္ကိုယ္တိုင္ခ်က္ေပးလို႔ျဖစ္လာတဲ့မိဘခံစားခ်က္ကေတာ့မတူပါ။ဒီေန႔အေမအရမ္းေပ်ာ္သြားတယ္။

လတ္ဆတ္ၿပီးပိုေမႊးတယ္သားဆိုတဲ့စကားနဲ႔တင္က်ေနာ္အရမ္းေပ်ာ္သြားပါတယ္။မိဘဆိုတာအသက္ႀကီးလာခ်ိန္မွာသူတို႔လိုခ်င္တာသားသမီးရဲ႕ဂ႐ုစိုက္မႈဆိုတာက်ေနာ္နားလည္လာပါတယ္။

ကိုယ္အခ်ိန္ေပးႏိုင္ရင္မိဘကိုခ်က္ေကြ်းၾကပါလို႔ေျပာပါရေစ၊

ခါတိုင္းေတာ့ အသက္၇၆ႏွစ္အရြယ္အေမ့အတြက္ ၾကက္ေပါင္းရည္နဲ႔ငွက္သိုက္ ready made ဆိုင္ကဝယ္ေပးပါတယ္။အမေတြကေနာက္ပိုင္းအားရင္ ငွက္သိုက္အေျခာက္ဝယ္ကိုယ္တိုင္ေပါင္းၿပီးခ်က္ေပးပါတယ္။

က်ေနာ့္ကိုလည္းၾကက္ေပါင္းရည္ခ်က္ၾကည့္ေပးပါေျပာေတာ့ဘံုေက်ာင္းကသိဖူးတဲ့နည္းခ်က္ၾကည့္ပါတယ္။

နည္းကေတာ့လြယ္ပါတယ္။

ၾကက္တေကာင္ကို အေရခြံနဲ႔အဆီခြာပါ။

ဖန္(သို႔)ေႂကြခြက္ထဲတြင္ ေႂကြပန္းကန္လံုးတလံုးေမွာက္ထည့္ၿပီးၾကက္သား၊ဂ်င္း၊ၾကက္သြန္ျဖဴနဲ႔(ဂ်င္ဆင္းေဆးျမစ္ရွိပါကလက္၂ဆစ္ထည့္ပါ)ေနရာလြတ္မွာထားၿပီး။ေပါင္းအိုးထဲထည့္ေပါင္းပါ။

က်ေနာ္သံုးတဲ့ဖန္ပန္းကန္ကအဖံုးမပါလို႔ခဲပတ္နဲ႔အုပ္တာပါခင္ဗ်။

အဖံုးပါတဲ့ ေႂကြ(သို႔)ဖန္ပန္းကန္ေတြဆိုခဲပတ္စရာမလိုပါ။

(ေရလံုးဝထည့္စရာမလိုပါ)

ပုန္းကန္လံုးကိုေမွာက္မထည့္ရင္ၾကက္ေပါင္းရည္ကပန္းကန္လံုးထဲစုသြားဖို႔မလြယ္သလိုၾကက္သားနဲ႔ေရာၿပီးၾကက္ေပါင္းရည္စစ္စစ္ရဖို႔မလြယ္လို႔ပါခင္ဗ်။

၃နာရီေပါင္းၿပီးလွ်င္ၾကက္သားတံုးမ်ားဖယ္ထုတ္ၿပီးေမွာက္ထားေသာပန္းကန္လံုးကိုဖယ္လိုက္လွ်င္ၾကက္ေပါင္းရည္ရပါၿပီ။

ၾကက္ေပါင္းရည္ကိုဆီမပါေအာင္ဇကာနဲ႔စစ္ၿပီးဆားနဲနဲျဖဴးပါ။

ဖန္ပုလင္းထဲတြင္သိမ္းထား၍တေန႔ထမင္းစားဇြန္း၃ဇြန္းသံုးေဆာင္ပါကတစ္ပတ္တိတိသံုးေဆာင္ႏိုင္ပါသည္။

ၾကက္ေပါင္းရည္ျဖစ္ေစေသာၾကက္သားကို ၾကက္သားသုပ္(သို႔)ဆီခ်က္တြင္ထည့္၍သံုးေဆာင္ႏိုင္ပါသည္ခင္ဗ်ား။

P.S ခင္မင္ရေသာသူငယ္ခ်င္းမိတ္ေဆြမ်ားကို radom tag ထားပါသည္။

Sai Myat Lwin Sankhat

ကြက်ပေါင်းရည်ချက်နည်း

ကျနော်ဒီလိုပြောရတာအကြောင်းရှိပါတယ်။

အစိမ်းရောင်တံဆိပ်နဲ့ကြက်ပေါင်းရည်၆ဗူးတကတ်ဝယ်ရင်ရ၅၀၀ကျပ်ပါ (တံဆိပ်ထည့်မပြောတာသူတပါးစီးပွားရေးကိုမထိခိုက်စေချင်လို့ပါ)

အိမ်မှာကိုယ့်ဘာသာကိုယ်ချက်ရင် ဗမာကြက်တကောင် ၆ထောင် ကြက်သွန်ဖြူ ဂျင်း ၃နာရီမီတာခ ၁၅၀၀ပေါင်းရင်တောင် ရ၅၀၀ကျပ်ဖိုးပါ။ရတဲ့ကြက်ပေါင်းရည်ကတော့အတူတူပါပဲ။၆ဗူးစာပါ။

မတူတာကတော့ ကိုယ့်မိဘကိုတတ်နိုင်လို့ ready made တွေသေတ္တာလိုက်ဝယ်ပေးလို့ ဖြစ်လာတဲ့မိဘခံစားချက်နဲ့ကိုယ်ကိုယ်တိုင်ချက်ပေးလို့ဖြစ်လာတဲ့မိဘခံစားချက်ကတော့မတူပါ။ဒီနေ့အမေအရမ်းပျော်သွားတယ်။

လတ်ဆတ်ပြီးပိုမွှေးတယ်သားဆိုတဲ့စကားနဲ့တင်ကျနော်အရမ်းပျော်သွားပါတယ်။မိဘဆိုတာအသက်ကြီးလာချိန်မှာသူတို့လိုချင်တာသားသမီးရဲ့ဂရုစိုက်မှုဆိုတာကျနော်နားလည်လာပါတယ်။

ကိုယ်အချိန်ပေးနိုင်ရင်မိဘကိုချက်ကျွေးကြပါလို့ပြောပါရစေ၊

ခါတိုင်းတော့ အသက်ရ၆နှစ်အရွယ်အမေ့အတွက် ကြက်ပေါင်းရည်နဲ့ငှက်သိုက် ready made ဆိုင်ကဝယ်ပေးပါတယ်။အမတွေကနောက်ပိုင်းအားရင် ငှက်သိုက်အခြောက်ဝယ်ကိုယ်တိုင်ပေါင်းပြီးချက်ပေးပါတယ်။

ကျနော့်ကိုလည်းကြက်ပေါင်းရည်ချက်ကြည့်ပေးပါပြောတော့ဘုံကျောင်းကသိဖူးတဲ့နည်းချက်ကြည့်ပါတယ်။

နည်းကတော့လွယ်ပါတယ်။

ကြက်တကောင်ကို အရေခွံနဲ့အဆီခွာပါ။

ဖန်(သို့)ကြွေခွက်ထဲတွင် ကြွေပန်းကန်လုံးတလုံးမှောက်ထည့်ပြီးကြက်သား၊ဂျင်း၊ကြက်သွန်ဖြူနဲ့(ဂျင်ဆင်းဆေးမြစ်ရှိပါကလက်၂ဆစ်ထည့်ပါ)နေရာလွတ်မှာထားပြီး။ပေါင်းအိုးထဲထည့်ပေါင်းပါ။

ကျနော်သုံးတဲ့ဖန်ပန်းကန်ကအဖုံးမပါလို့ခဲပတ်နဲ့အုပ်တာပါခင်ဗျ။

အဖုံးပါတဲ့ ကြွေ(သို့)ဖန်ပန်းကန်တွေဆိုခဲပတ်စရာမလိုပါ။

(ရေလုံးဝထည့်စရာမလိုပါ)

ပုန်းကန်လုံးကိုမှောက်မထည့်ရင်ကြက်ပေါင်းရည်ကပန်းကန်လုံးထဲစုသွားဖို့မလွယ်သလိုကြက်သားနဲ့ရောပြီးကြက်ပေါင်းရည်စစ်စစ်ရဖို့မလွယ်လို့ပါခင်ဗျ။

၃နာရီပေါင်းပြီးလျှင်ကြက်သားတုံးများဖယ်ထုတ်ပြီးမှောက်ထားသောပန်းကန်လုံးကိုဖယ်လိုက်လျှင်ကြက်ပေါင်းရည်ရပါပြီ။

ကြက်ပေါင်းရည်ကိုဆီမပါအောင်ဇကာနဲ့စစ်ပြီးဆားနဲနဲဖြူးပါ။

ဖန်ပုလင်းထဲတွင်သိမ်းထား၍တနေ့ထမင်းစားဇွန်း၃ဇွန်းသုံးဆောင်ပါကတစ်ပတ်တိတိသုံးဆောင်နိုင်ပါသည်။

ကြက်ပေါင်းရည်ဖြစ်စေသောကြက်သားကို ကြက်သားသုပ်(သို့)ဆီချက်တွင်ထည့်၍သုံးဆောင်နိုင်ပါသည်ခင်ဗျား။

P.S ခင်မင်ရသောသူငယ်ချင်းမိတ်ဆွေများကို radom tag ထားပါသည်။

Sai Myat Lwin Sankhat

error: Content is protected !!