လူငယ္စြန္႔ဦးတီထြင္သူေတြအတြက္ေအာင္ျမင္မႈရေစနိုင္တဲ့အခ်က္ (21) ခ်က္

လူငယ္စြန္႔ဦးတီထြင္သူေတြအတြက္ေအာင္ျမင္မႈရေစနိုင္တဲ့အခ်က္ (21) ခ်က္

(1) ကိုယ့္ကိုယ္ကို စိန္ေခၚပါ။

Richard Branson ကေတာ့ သူ႔အတြက္ စိတ္ခြန္အားေပးနိုင္တဲ့အရာက ကိုယ့္ကိုယ္ကို ျပန္စိန္ေခၚမႈပါပဲတဲ့။

ဘဝဆိုတာဟာ ေန႔စဥ္ေန႔တိုင္း ေလ့လာသင္ယူစရာေတြ အမ်ားၾကီးရွိတဲ့ တစ္သက္တာေက်ာင္းၾကီးပါ။

မေန႔ကသင့္ကို ဒီေန႔သင္က စိန္ေခၚျပီး သူ႔ထက္ပိုေကာင္းေအာင္ ၾကိဳးစားနိုင္ပါေစ။

(2) သင္အေလးထားတဲ့အလုပ္ကိုသာလုပ္ပါ။

Steve jobs ေျပာတာကေတာ့ ဘဝမွာ စိတ္ေက်နပ္မႈရေစတဲ့ တစ္ခုတည္းေသာနည္းလမ္းက ကိုယ္ယံုၾကည္တဲ့အလုပ္ကို လုပ္ျခင္းပါပဲတဲ့။

(3) ခက္ခဲမႈကိုမေၾကာက္ပါနဲ႔။

ဘယ္အရာကိုမွ တကယ္မလုပ္ဘဲ ရလဒ္သိမွာ မဟုတ္ပါဘူး။ Jeff Bezo ေျပာတဲ့စကားတစ္ခြန္းရွိပါတယ္။

ရႈံးနိမ့္တာက ေနာင္တရစရာမဟုတ္ပါဘူး။ မၾကိဳးစားတာကမွ ေနာင္တရစရာပါတဲ့။

(4) ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါ။

Henry Ford ရဲ့ နာမည္ေက်ာ္စကားတစ္ခြန္းကေတာ့ ဘယ္အရာကိုမဆို လုပ္နိုင္တယ္ပဲထင္ထင္ မလုပ္နိုင္ဘူးပဲထင္ထင္ သင္မွန္ပါတယ္။

ကိုယ့္ကိုယ္ကို ေအာင္ျမင္မယ္လို႔ယံုၾကည္ရင္ ဘာအခက္အခဲေတြရွိရွိ ေက်ာ္ျဖတ္နိုင္မွာပါပဲ။ ဒါမွမဟုတ္ရင္ေတာ့ ဆင္ေျခဆင္လက္ေတြနဲ႔သာ ျပီးသြားပါလိမ့္မယ္။

(5) အျမင္ရွိပါ။

စြန္႔ဦးတီထြင္သူဆိုတာဟာ ဆန္းသစ္တဲ့အျမင္တစ္ခုကို လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔ စိတ္အားထက္သန္သူပါ။

ဒါေၾကာင့္ ကိုယ့္ရဲ့ အေတြးအေခၚ အေျမွာ္အျမင္ဟာ ရွင္းလင္းေနဖို႔လည္း လိုပါတယ္။

(6) လူေတာ္လူေကာင္းေတြကိုရွာပါ။

Linkedin ရဲ့ co-founder တစ္ေယာက္ျဖစ္တဲ့ Reid Hoffman ေျပာတာကေတာ့ ကိုယ့္ကိုယ္ကို အေကာင္းဆံုးေျပာင္းလဲဖို႔နည္းလမ္းဟာ ကိုယ့္ရဲ့ idol ေတြနဲ႔ ေပါင္းသင္းဆက္ဆံျခင္းပါပဲတဲ့။

(7) အေၾကာက္တရားကိုရင္ဆိုင္ပါ။

အေၾကာက္တရားကင္းမဲ့ျခင္းဟာ လူ႔ခႏၶာကိုယ္က ၾကြက္သားေတြလိုပဲ ေလ့က်င့္ခန္းမ်ားမ်ားလုပ္ေလ သန္မာလာေလပါပဲလို႔ Arianna Huffington ကေျပာပါတယ္။

(8) ခ်က္ခ်င္းလုပ္ေဆာင္ပါ။

တစ္ေလာကလံုးမွာ အံ့ၾသဖြယ္အၾကံဥာဏ္ေတြ အျပည့္ရွိေပမယ့္ ေအာင္ျမင္မႈဆိုတာကေတာ့ လက္ေတြ႔အေကာင္အထည္ေဖာ္မွ ရလာတာမ်ိဳးပါ။

အစျပဳဖို႔ အလြယ္ဆံုးနည္းလမ္းဟာ စကားေျပာတာရပ္ျပီး လက္ေတြ႔လုပ္ေဆာင္တာပါလို႔ Disney ကေျပာပါတယ္။ ေအာင္ျမင္မႈဆိုတာလည္း ထိုနည္းလည္းေကာင္းပါပဲ။

(9) အခ်ိန္ယူပါ။

ဘယ္သူကမွေတာ့ ခ်က္ခ်င္းမေအာင္ျမင္ပါဘူး။

Steve Job ေျပာတဲ့ စကားကေတာ့ ေသခ်ာစဥ္းစားၾကည့္ရင္ ၾကီးၾကီးမားမားေအာင္ျမင္မႈတိုင္းဟာ အခ်ိန္ၾကာၾကာယူတတ္ပါတယ။

ဒါေၾကာင့္ ကိုယ့္အလုပ္မွာ အခ်ိန္ေပးရဖို႔ မတြန္႔ဆုတ္ပါနဲ႔တဲ့။

(10) ကိုယ့္ လုပ္နိုင္စြမ္းကို စီမံနိုင္ပါေစ။

သင့္ရဲ့ လုပ္နိုင္စြမ္းဟာ Limit တစ္ခုေတာ့ရွိပါတယ္။ ဒါေၾကာင့္ ပါးပါးနပ္နပ္ စီမံခန္႔ခြဲပါ။

(11) အသင္းေကာင္းတစ္ခုတည္ေထာင္ပါ။

လုပ္ငန္းပိုင္းဆိုင္ရာမွာ ဘယ္သူမွတစ္ေယာက္တည္း ေအာင္ျမင္မလာနိုင္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ့ေအာင္ျမင္မႈကို ပံ့ပိုးေပးမယ့္ အသင္းေကာင္းတစ္ခု တည္ေဆာက္ပါ။

(12) အက်င့္စရုိက္ကိုသာ အလုပ္ခန္႔ပါ။

သင္ဟာ လူတစ္ေယာက္ကို အလုပ္နဲ႔ပတ္သက္တာေတြ က်ြမ္းက်င္ေအာင္ သင္ျပေပးလို႔ရေပမယ့္ သင့္ရဲ့အလုပ္နဲ႔ သူ႔ရဲ့ အက်င့္စရုိက္ကို အံဝင္ခြင္က်ျဖစ္ေအာင္ လုပ္ယူလို႔မရပါဘူး။

(13) ေငြအရင္းအနွီး တိုးျမွင့္ဖို႔ ၾကိဳတင္စီစဥ္ပါ။

Richard Harroch ေျပာတာကေတာ့ ေငြအရင္းအနွီးကို တိုးျမွင့္ဖို႔ဆိုတာ ထင္ထားတာထက္ ပိုျပီးအခ်ိန္ၾကတတ္သလို အျမဲတမ္းခက္ခဲတဲ့အရာပါ။ ဒါေၾကာင့္ ၾကိဳတင္စီစဥ္ပါ။

(14) ကိုယ့္ပန္းတိုင္ကို သိပါ။

iContact ရဲ့ Co-Founder Ryan Allis ကေတာ့ ကိုယ့္ရည္ရြယ္ခ်က္ပန္းတိုင္ေတြကို အျမဲစိတ္ထဲထည့္ထားရင္ သင္လုပ္ေဆာင္သမ်ွဟာ သူတို႔ဆီကို အေရာက္သြားဖို႔ ေသခ်ာေစပါတယ္။

ဒါေၾကာင့္ ရည္ရြယ္ခ်က္ သတ္သတ္မွတ္မွတ္ထားျပီး ေန႔တိုင္း ကိုယ့္ကိုယ္ကို သတိေပးပါ။

(15) အမွားေတြကေန သင္ယူပါ။

စြန္႔ဦးတီထြင္သူ အမ်ားစုကေတာ့ အမွားဆိုတာ သူတို႔အတြက္ အေကာင္းဆံုးဆရာပါပဲတဲ့။ အမွားေတြကေန သင္ယူေလေလ ေအာင္ျမင္မႈဆီ နီးကပ္လာေလေလပါပဲ။

(16) ကိုယ့္ Customer ကို သိပါ။

သင့္ဘက္က ဘယ္သူေတြကို ဝန္ေဆာင္မႈေကာင္းေကာင္းေပးနိုင္သလဲဆိုတာ သိပါေစ။ ဒါမွသာ သူတို႔လိုအပ္တဲ့ အေကာင္းဆံုးေျဖရွင္းမႈေတြကို ေပးနိုင္မွာပါ။

(17) ေဝဖန္အျပစ္တင္မႈေတြကေန သင္ယူပါ။

မေက်မနပ္ျဖစ္ေနတဲ့ customer ေတြဟာ သင့္အတြက္ အေကာင္းဆံုးသင္ယူနိုင္မယ့္ အရင္းအျမစ္ပါပဲ။ သင့္ရဲ့ ဝန္ေဆာင္မႈမွာ ဘယ္ေနရာေတြအားနည္းေနသလဲဆိုတာ သူတို႔က သင္ေပးပါလိမ့္မယ္။

(18) Customer ရဲ့လိုအပ္ခ်က္ကို နားေထာင္ပါ။

Customer က ဘာကိုလိုခ်င္လဲ ဘာကိုလိုအပ္လဲဆိုတာကို ခန္႔မွန္းေနတာက အက်ိဳးမရွိပါဘူး။ သူတို႔ကို တိုက္ရုိက္ေမးျမန္းျပီး ေျပာသမ်ွကို ေသခ်ာနားေထာင္ပါ။

(19) ပါးပါးနပ္နပ္ ပိုက္ဆံသံုးပါ။

ဘာမွအက်ိဳးမရွိတဲ့အရာေတြအတြက္ ပိုက္ဆံသံုးမိနိုင္ေခ်ဟာ လြယ္ကူလြန္းလို႔ ကိုယ့္ရဲ့ ေငြရင္းျပဳတ္သြားတတ္တာကို သတိထားပါ။

(20) ကိုယ့္နယ္ပယ္ကို နားလည္ပါ။

တျခားသူေတြက သူတို႔နယ္ပယ္မွာ ပိုက္ဆံဘယ္ေလာက္ရွာေနေန သူတို႔ကို အားက်ျပီး ကိုယ္နားမလည္တဲ့ game ေတြကို မေဆာ့ပါနဲ႔လို႔ Zappos ရဲ့ Founder Tony Hsieh ကေျပာဖူးပါတယ္။

ကိုယ့္နယ္ပယ္ကို အမွန္အကန္နားလည္တာဟာ ေအာင္ျမင္မႈအတြက္ ေသာ့ခ်က္ပါပဲ။

(21) ေမ်ွာ္လင့္ထားတာထက္ပိုလုပ္ေဆာင္ပါ။

Google ရဲ့ Larry Page ကေတာ့ customer ေတြေမ်ွာ္လင့္ထားတာထက္ ပိုလုပ္ေဆာင္ဖို႔ တိုက္တြန္းပါတယ္။

ဒါဟာ သင့္ကို လူေတြပိုသတိထားမိေစရုံသာမက အားေပးေထာက္ခံသူေတြလည္း မ်ားလာနိုင္မယ့္ နည္းလမ္းပါ။

Credit-Original Upload

Unicode >>>

လူငယ်စွန့်ဦးတီထွင်သူတွေအတွက်အောင်မြင်မှုရစေနိုင်တဲ့အချက် (21) ချက်

(1) ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

Richard Branson ကတော့ သူ့အတွက် စိတ်ခွန်အားပေးနိုင်တဲ့အရာက ကိုယ့်ကိုယ်ကို ပြန်စိန်ခေါ်မှုပါပဲတဲ့။

ဘဝဆိုတာဟာ နေ့စဉ်နေ့တိုင်း လေ့လာသင်ယူစရာတွေ အများကြီးရှိတဲ့ တစ်သက်တာကျောင်းကြီးပါ။

မနေ့ကသင့်ကို ဒီနေ့သင်က စိန်ခေါ်ပြီး သူ့ထက်ပိုကောင်းအောင် ကြိုးစားနိုင်ပါစေ။

(2) သင်အလေးထားတဲ့အလုပ်ကိုသာလုပ်ပါ။

Steve jobs ပြောတာကတော့ ဘဝမှာ စိတ်ကျေနပ်မှုရစေတဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်ယုံကြည်တဲ့အလုပ်ကို လုပ်ခြင်းပါပဲတဲ့။

(3) ခက်ခဲမှုကိုမကြောက်ပါနဲ့။

ဘယ်အရာကိုမှ တကယ်မလုပ်ဘဲ ရလဒ်သိမှာ မဟုတ်ပါဘူး။ Jeff Bezo ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။

ရှုံးနိမ့်တာက နောင်တရစရာမဟုတ်ပါဘူး။ မကြိုးစားတာကမှ နောင်တရစရာပါတဲ့။

(4) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

Henry Ford ရဲ့ နာမည်ကျော်စကားတစ်ခွန်းကတော့ ဘယ်အရာကိုမဆို လုပ်နိုင်တယ်ပဲထင်ထင် မလုပ်နိုင်ဘူးပဲထင်ထင် သင်မှန်ပါတယ်။

ကိုယ့်ကိုယ်ကို အောင်မြင်မယ်လို့ယုံကြည်ရင် ဘာအခက်အခဲတွေရှိရှိ ကျော်ဖြတ်နိုင်မှာပါပဲ။ ဒါမှမဟုတ်ရင်တော့ ဆင်ခြေဆင်လက်တွေနဲ့သာ ပြီးသွားပါလိမ့်မယ်။

(5) အမြင်ရှိပါ။

စွန့်ဦးတီထွင်သူဆိုတာဟာ ဆန်းသစ်တဲ့အမြင်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်သူပါ။

ဒါကြောင့် ကိုယ့်ရဲ့ အတွေးအခေါ် အမြှော်အမြင်ဟာ ရှင်းလင်းနေဖို့လည်း လိုပါတယ်။

(6) လူတော်လူကောင်းတွေကိုရှာပါ။

Linkedin ရဲ့ co-founder တစ်ယောက်ဖြစ်တဲ့ Reid Hoffman ပြောတာကတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြောင်းလဲဖို့နည်းလမ်းဟာ ကိုယ့်ရဲ့ idol တွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းပါပဲတဲ့။

(7) အကြောက်တရားကိုရင်ဆိုင်ပါ။

အကြောက်တရားကင်းမဲ့ခြင်းဟာ လူ့ခန္ဓာကိုယ်က ကြွက်သားတွေလိုပဲ လေ့ကျင့်ခန်းများများလုပ်လေ သန်မာလာလေပါပဲလို့ Arianna Huffington ကပြောပါတယ်။

(8) ချက်ချင်းလုပ်ဆောင်ပါ။

တစ်လောကလုံးမှာ အံ့သြဖွယ်အကြံဉာဏ်တွေ အပြည့်ရှိပေမယ့် အောင်မြင်မှုဆိုတာကတော့ လက်တွေ့အကောင်အထည်ဖော်မှ ရလာတာမျိုးပါ။

အစပြုဖို့ အလွယ်ဆုံးနည်းလမ်းဟာ စကားပြောတာရပ်ပြီး လက်တွေ့လုပ်ဆောင်တာပါလို့ Disney ကပြောပါတယ်။ အောင်မြင်မှုဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။

(9) အချိန်ယူပါ။

ဘယ်သူကမှတော့ ချက်ချင်းမအောင်မြင်ပါဘူး။

Steve Job ပြောတဲ့ စကားကတော့ သေချာစဉ်းစားကြည့်ရင် ကြီးကြီးမားမားအောင်မြင်မှုတိုင်းဟာ အချိန်ကြာကြာယူတတ်ပါတယ။

ဒါကြောင့် ကိုယ့်အလုပ်မှာ အချိန်ပေးရဖို့ မတွန့်ဆုတ်ပါနဲ့တဲ့။

(10) ကိုယ့် လုပ်နိုင်စွမ်းကို စီမံနိုင်ပါစေ။

သင့်ရဲ့ လုပ်နိုင်စွမ်းဟာ Limit တစ်ခုတော့ရှိပါတယ်။ ဒါကြောင့် ပါးပါးနပ်နပ် စီမံခန့်ခွဲပါ။

(11) အသင်းကောင်းတစ်ခုတည်ထောင်ပါ။

လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘယ်သူမှတစ်ယောက်တည်း အောင်မြင်မလာနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့အောင်မြင်မှုကို ပံ့ပိုးပေးမယ့် အသင်းကောင်းတစ်ခု တည်ဆောက်ပါ။

(12) အကျင့်စရိုက်ကိုသာ အလုပ်ခန့်ပါ။

သင်ဟာ လူတစ်ယောက်ကို အလုပ်နဲ့ပတ်သက်တာတွေ ကျွမ်းကျင်အောင် သင်ပြပေးလို့ရပေမယ့် သင့်ရဲ့အလုပ်နဲ့ သူ့ရဲ့ အကျင့်စရိုက်ကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ယူလို့မရပါဘူး။

(13) ငွေအရင်းအနှီး တိုးမြှင့်ဖို့ ကြိုတင်စီစဉ်ပါ။

Richard Harroch ပြောတာကတော့ ငွေအရင်းအနှီးကို တိုးမြှင့်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ကြတတ်သလို အမြဲတမ်းခက်ခဲတဲ့အရာပါ။ ဒါကြောင့် ကြိုတင်စီစဉ်ပါ။

(14) ကိုယ့်ပန်းတိုင်ကို သိပါ။

iContact ရဲ့ Co-Founder Ryan Allis ကတော့ ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်တွေကို အမြဲစိတ်ထဲထည့်ထားရင် သင်လုပ်ဆောင်သမျှဟာ သူတို့ဆီကို အရောက်သွားဖို့ သေချာစေပါတယ်။

ဒါကြောင့် ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ထားပြီး နေ့တိုင်း ကိုယ့်ကိုယ်ကို သတိပေးပါ။

(15) အမှားတွေကနေ သင်ယူပါ။

စွန့်ဦးတီထွင်သူ အများစုကတော့ အမှားဆိုတာ သူတို့အတွက် အကောင်းဆုံးဆရာပါပဲတဲ့။ အမှားတွေကနေ သင်ယူလေလေ အောင်မြင်မှုဆီ နီးကပ်လာလေလေပါပဲ။

(16) ကိုယ့် Customer ကို သိပါ။

သင့်ဘက်က ဘယ်သူတွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သလဲဆိုတာ သိပါစေ။ ဒါမှသာ သူတို့လိုအပ်တဲ့ အကောင်းဆုံးဖြေရှင်းမှုတွေကို ပေးနိုင်မှာပါ။

(17) ဝေဖန်အပြစ်တင်မှုတွေကနေ သင်ယူပါ။

မကျေမနပ်ဖြစ်နေတဲ့ customer တွေဟာ သင့်အတွက် အကောင်းဆုံးသင်ယူနိုင်မယ့် အရင်းအမြစ်ပါပဲ။ သင့်ရဲ့ ဝန်ဆောင်မှုမှာ ဘယ်နေရာတွေအားနည်းနေသလဲဆိုတာ သူတို့က သင်ပေးပါလိမ့်မယ်။

(18) Customer ရဲ့လိုအပ်ချက်ကို နားထောင်ပါ။

Customer က ဘာကိုလိုချင်လဲ ဘာကိုလိုအပ်လဲဆိုတာကို ခန့်မှန်းနေတာက အကျိုးမရှိပါဘူး။ သူတို့ကို တိုက်ရိုက်မေးမြန်းပြီး ပြောသမျှကို သေချာနားထောင်ပါ။

(19) ပါးပါးနပ်နပ် ပိုက်ဆံသုံးပါ။

ဘာမှအကျိုးမရှိတဲ့အရာတွေအတွက် ပိုက်ဆံသုံးမိနိုင်ချေဟာ လွယ်ကူလွန်းလို့ ကိုယ့်ရဲ့ ငွေရင်းပြုတ်သွားတတ်တာကို သတိထားပါ။

(20) ကိုယ့်နယ်ပယ်ကို နားလည်ပါ။

တခြားသူတွေက သူတို့နယ်ပယ်မှာ ပိုက်ဆံဘယ်လောက်ရှာနေနေ သူတို့ကို အားကျပြီး ကိုယ်နားမလည်တဲ့ game တွေကို မဆော့ပါနဲ့လို့ Zappos ရဲ့ Founder Tony Hsieh ကပြောဖူးပါတယ်။

ကိုယ့်နယ်ပယ်ကို အမှန်အကန်နားလည်တာဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။

(21) မျှော်လင့်ထားတာထက်ပိုလုပ်ဆောင်ပါ။

Google ရဲ့ Larry Page ကတော့ customer တွေမျှော်လင့်ထားတာထက် ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

ဒါဟာ သင့်ကို လူတွေပိုသတိထားမိစေရုံသာမက အားပေးထောက်ခံသူတွေလည်း များလာနိုင်မယ့် နည်းလမ်းပါ။

Credit-Original Upload

error: Content is protected !!