ေနာက္က်ျပီဟု ဘယ္သူေျပာမွာလဲ (ေဖျမင့္)

ေနာက္က်ျပီဟု ဘယ္သူေျပာမွာလဲ (ေဖျမင့္)

လူအမ်ားအျပားကုိ ႏွိပ္စက္ေျခာက္လွန္႕တက္သည့္ စကားတစ္ခြန္းရွိသည္။

“သိပ္ေနာက္က်သြားၿပီ“ ဆုိေသာစကား။

အထက္တန္းေက်ာင္းသားဘ၀မွ ေက်ာင္းထြက္လာခဲ့သူက အနိမ့္စားအလုပ္ေတြ လုပ္ေနရျခင္းအတြက္ စိတ္မခ်မ္းမသာ ျဖစ္သည္။

ခုေနေက်ာင္းျပန္တက္ၿပီး အတန္းပညာျပည့္စံုေအာင္ သင္လုိ႕ရရင္ သိပ္ေကာင္းမည္ဟု ေတြးသည္။

သုိ႕ေသာ္၊ “ခုေတာ့ သိပ္ေေနာက္က်သြားၿပီ“ တဲ့။ သူက ဆုိသည္။

ဇနီးသည္အေပၚ သစၥာေဖာက္ဖ်က္ခဲ့မိသည့္ ခင္ပြန္းသည္ကလည္း သူ႕အိမ္ေထာင္ေရးဘ၀ကုိ အဖတ္ဆည္ခ်င္သည္။

ျပန္သာယာေအာင္ ျပဳျပင္ခ်င္သည္။ သုိ႕ေသာ္ “သိပ္ေနာက္က်သြားၿပီ“ ဟု သူက ဆုိေနသည္။

အရက္ေသာက္လြန္းသျဖင့္ အလုပ္မွ ထုတ္ပယ္ျခင္းခံရသူကလည္း အရက္စြဲေရာဂါကုိ ကုစားကာ ဘ၀ကုိ အသစ္တစ္ဖန္ ျပန္စခ်င္သည္။ သုိ႕ေသာ္ “ေနာက္က်ခဲ့ၿပီ“ ဟု ျမင္ေနသည္။

မိသားစုေတြ ဇနီး ခင္ပြန္းေတြကို ၾကည့္လွ်င္ အခ်င္းခ်င္း ပဋိပကၡမျဖစ္ဖူးသူ အလြန္ပင္နည္းလွေၾကာင္း ေတြ႕ရမည္ျဖစ္သည္။

ကေတာက္ကဆ ျဖစ္ၿပီးစတြင္ ႏွစ္ဖက္စလံုး တင္းမာကာ ေျပရာေျပေၾကာင္း စကားဆုိလုိေသာ ဆႏၵမရွိတက္ၾက။

အခ်ိန္ၾကာသည့္အခါ၌မူ စိတ္ေတြေတာ့ ေျပသြားသည္။

သုိ႕ေသာ္

ေဒါသထြက္စဥ္က လြန္လြန္ကၽြံကၽြံေျပာခဲ့ဆုိခဲ့ လုပ္ခဲ့မိသည္မ်ား အတြက္

၀န္ခ်ေတာင္းပန္ဖုိ႕က်ေတာ့ အခ်ိန္ေတြ သိပ္ေနာက္က်သြားၿပီဟုခံစာမိတက္ၾကျပန္သည္။

သည္လုိပုဂၢဳိလ္မ်ဳိးေတြကို ကၽြန္ေတာ္ အၿမဲေျပာသည္။

“အဓိပၸာယ္မရွိတာ၊ ၿပီးခဲ့တဲ့အမွားကုိ ျပန္ေျပေအာင္လုပ္ဖုိ႕ ဘယ္ေတာ့မွ ေနာက္က်တယ္လုိ႕ မရွိဘူး၊

ဘယ္ကိစၥမဆုိ အသစ္ျပန္စဖုိ႕အတြက္ ေနာက္က်သြားၿပီ ဆုိတာ မရွိဘူး“ ဟူ၍ ။

မ်ားမၾကာမီက ကၽြန္ေတာ္ ဂီတပညာရွင္ႀကီး ေရာဘတ္ေရွာအေၾကာင္း ေဆာင္းပါးတစ္ပုဒ္ ဖတ္ရ၏။

ေရွာမွာ အတၱလန္တာ ဆင္ဖုိနီ ေအာ္ခက္စၾတာအဖြဲ႕ တြင္ ဂီတဒါရုိက္တာႏွင့္ တီး၀ုိင္းေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ေနရာမွအၿငိမ္းစားယူေတာ့မည္ ျဖစ္၏။

ေရွာႏွင့္ ကၽြန္ေတာ့္ၾကားတြင္ အျဖစ္အပ်က္ကေလးတစ္ခု ရွိခဲ့ဖူးသည္။

ဟုိး…. လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာ၊ နယူေယာက္ၿမိဳ႕ေတာ္ရွိ မာဘယ္ေကာ္လီဂ်ီယိတ္ ဘုရားေက်ာင္းတြင္ သင္းအုပ္ဆရာအျဖစ္

ကၽြန္ေတာ္ ၀င္ေရာက္စအခ်ိန္က ေရွာကၽြန္ေတာ့္ထံေရာက္ရွိလာကာ ဘုရားရွိခုိးေက်ာင္းတြင္

ေတးသီခ်င္း သီဆုိမည့္ လူငယ္အဖြဲ႕တစ္ခု ကၽြန္ေတာ္တုိ႕မွာ ရွိသင့္ေၾကာင္း၊

သည္အဖြဲ႕ မ်ဳိးတစ္ခု သူဦးေဆာင္ေနေၾကာင္း ႏွင့္ ေက်ာင္းအတြက္စီစဥ္ေပးႏုိင္ေၾကာင္းမ်ား ေျပာဆုိသည္။

သူ႕စိတ္ကူးကို ကၽြန္ေတာ္သေဘာက်သြားသည္။သည္အစီအစဥ္က ေက်ာင္းအသင္း၀င္ လူငယ္မ်ားအတြက္ ႏွစ္သက္ဖြယ္ျဖစ္ေစလိမ့္မည္ဟု ကၽြန္ေတာ္ျမင္လုိက္သည္။

သုိ႕ႏွင့္ သူ႕အား သူ႕အစီအစဥ္အတုိင္း ဆက္လုပ္ရန္ တုိက္တြန္းျဖစ္ခဲ့သည္။

အဆုိအဖြဲ႕မွ ပုဂၢိဳလ္မ်ားမွာ ေတးသီခ်င္း သီဆုိရာ၌ အလြန္ပင္

ထက္ထက္သန္သန္ႀကိဳးႀကိဳးၾကြၾကြရွိၾကရာ သူတုိ႕ေၾကာင့္ ကၽြန္ေတာ္တုိ႕

၀တ္ျပဳပြဲမွာ ပုိ၍ ျပည္၀စံုလင္လာသည္ဟု ကၽြန္ေတာ္ေတြးမိခဲ့သည္။

သုိ႕ေသာ္ အခ်ိဳ႕ေသာ အသင္းသူ အသင္းသားမ်ားက သည္အစီအစဥ္ကုိ သေဘာမက်ခဲ့။

ပုိ၍ဆုိးသည္က သေဘာမက်သူမ်ားထဲတြင္ သက္ႀကီး၀ါႀကီး ပုဂၢိဳလ္ႏွစ္ဦးပါေနျခင္းပင္။

သုိတုိ႕က အစဥ္အလာ အစြဲအလမ္း ျပင္းထန္သူမ်ားျဖစ္ၾကသည္။

ေတးဂီတအဖြဲ၏ သီဆုိမွဳမ်ားသည္ မာဘယ္ ဘုရားရွိခုိးေက်ာင္းက

အစဥ္အဆက္ လက္ခံက်င့္သံုးခဲ့သည့္ လုပ္နည္းလုပ္ဟန္မ်ားႏွင့္ မ်ားစြာ

ျခားနားေနသည္ဟု ၄င္းတုိ႕က ယူဆၾကသည္။

ထုိ႕ေနာက္ သည္အစီအစဥ္သစ္ကုိ

သူတုိ႕မလုိလား မႏွစ္ၿမိဳ႕သည့္အေၾကာင္း ကၽြန္ေတာ္သိျမင္ေအာင္အထင္အရွားျပသၾကသည္။

သုိ႕ႏွင့္ ေနာက္ဆံုး၌ အက်ိဳးအေၾကာင္းမေလ်ာ္ကန္မွန္း

သိလ်က္ႏွင့္ပင္ ေရွာအား ၀မ္းနည္းေၾကာင္း ေတာင္းပန္ကာ သူ ကမကထျပဳေနသည့္

အစီအစဥ္ကုိ ရပ္နားရေတာ့မည္ ျဖစ္ေၾကာင္း ေျပာလုိက္ရေတာ့သည္။

သူ အေတာ္ႀကီး စိတ္ပ်က္သြားသည္။ သုိ႕ေသာ္ အေျခအေနကုိ သေဘာေပါက္ေၾကာင္းေတာ့ သူေျပာသြားခဲ့သည္။

သည္အျဖစ္အပ်က္သည္ ကၽြန္ေတာ့္စိတ္ကုိ အၿမဲေႏွာက္ယွက္ေျခာက္လွန္႕၍ ေနခဲ့သည္။ ကုိယ္ ယံုၾကည္သည့္ အရာကို ျဖစ္ေအာင္ လုပ္ရဲသည့္ သတၱိ ကၽြန္ေတာ့မွာ မရွိခဲ့ဘူး မဟုတ္လား။

ယခုဆုိလွ်င္ သည္ကိစၥျဖစ္ပြားခဲ့တာ ရာစုႏွစ္တစ္၀က္နီးပါး ၾကာခဲ့ၿပီ ျဖစ္ပါသည္။ သည္ကာလ တစ္ေလွ်ာက္လံုးပင္ ေရွာႏွင့္ ကၽြန္ေတာ္ ေတြ႕ဆံုေျပာဆုိမိျခင္း လံုး၀ မရွိခဲ့။

သုိ႕ေသာ္ သူ႕အေၾကာင္း ေဆာင္းပါးကို ဖတ္ေနခုိက္ကၽြန္ေတာ့္ေခါင္းထဲရွိ မွန္မွားသိစိတ္က တစ္ခု သတိေဖာ္ေပးလာသည္။

ေရွာႏွင့္ပတ္သက္၍ ကၽြန္ေတာ့္ဘက္က အမွားတစ္ခု က်ဴးလြန္မိခဲ့ဖူးသည္။ သည္အမွားကို ယေန႕ထိ အမွန္ျပန္မျပင္ရေသးဟူ၍။

သုိ႕ႏွင့္ အိမ္ျပန္ေရာက္သည့္အခါ ေရာဘတ္ေရွာထံစာတစ္ေစာင္ ကၽြန္ေတာ္ေရးသည္။ ထုိစဥ္က ကၽြန္ေတာ့္ဘကက မွားယြင္းခဲ့သည့္ အေၾကာင္း၊

ယင္းအတြက္ ေတာင္းပန္ေၾကာင္း ေရးသားလုိက္ျခင္းျဖစ္သည္။

ခ်က္ခ်င္းဆုိသလုိပင္ ဂီတပညာရွင္ႀကီးထံမွ စာတစ္ေစာင္ျပန္လည္ေရာက္ရွိလာသည္။

“သေဘာထားႀကီးေသာ၊ ယဥ္ေက်းပ်ဴငွာ၍ ရင္းႏွီးပြင့္လင္းမွဳလည္းရွိေသာ“

ထုိေပးစာကုိ ဖတ္ရသည့္ အတြက္ ကၽြန္ေတာ့္အား ေက်းဇူးတင္ေၾကာင္းႏွင့္ ထုိစဥ္က

ျဖစ္ရပ္တြင္ ကၽြန္ေတာ့္ဘက္ကသာ မဟုတ္ သူ႕ဘက္ကလည္း ထပ္တူထပ္မွ်

မွားယြင္းမွဳ ရွိခဲ့ေၾကာင္း သူ႕စာ၌ ေဖာ္ျပခဲ့သည္။

သည္စာ ဖတ္ရၿပီးသည့္ေနာက္ ကၽြန္ေတာ္ ၀မ္းေျမာက္ အားတက္သြားလုိက္ပံုမွာ ေျပာဖြယ္ရာ မရွိေတာ့ေပး။

၀န္ခ်ေတာင္း ပန္စကားဟူသည္ ႏွစ္ေပါင္းမ်ားစြာၾကာေသာ္လည္း ေနာက္က်ၿပီဟူ၍ မရွိေၾကာင္း

အထင္အရွားျပလုိက္သည့္ သာဓကတစ္ခု ပင္တည္း။

သင့္စိတ္ထဲတြင္ေကာ သည္လုိအတိတ္ျဖစ္ရပ္မ်ဳိးေတြ ေပကတ္က်န္ေနတာ မရွိေပဘူးလား။

သင့္ျမတ္ရာသင့္ျမတ္ေၾကာင္း စကားတစ္ခြန္းေျပာလုိက္သင့္တာ၊ ပုဂၢိဳလ္ေရးမေက်လည္မွဳတစ္ခု ေက်လည္ေအာင္ ေျဖရွင္းလုိက္သင့္တာ၊

ေကာင္းေသာအမွဳတစ္ခု ေဆာင္ရြက္သင့္လ်က္ ၿပီးစီးေအာင္

မေဆာင္ရြက္ျဖစ္ေသာေသးတာ၊……….စသျဖင့္ ။

အဲသည္ကိစၥေတြသည္ ျဖစ္ပ်က္ခဲ့တာ ၾကာေကာင္း ၾကာခဲ့ပါမည္။

သို႕ေသာ္ ေနာက္က်သြားၿပီ ဟူ၍ ကား မယူဆပါႏွင့္။

အေၾကာင္းမူ သည္ကိစၥမ်ဳိးမွာ ဘယ္ေသာအခါမွ် ေနာက္က်ၿပီ ဟူ၍ မရွိေသာေၾကာင့္ပင္။

မူရင္း။ ။ N.V.Peale ၏ Who Says It’s Too Lat
Posted by steven boii

ျပန္လည္ကူးယူေဖာ္ျပပါသည္။

Unicode >>>

နောက်ကျပြီဟု ဘယ်သူပြောမှာလဲ (ဖေမြင့်)

လူအများအပြားကို နှိပ်စက်ခြောက်လှန့်တက်သည့် စကားတစ်ခွန်းရှိသည်။

“သိပ်နောက်ကျသွားပြီ“ ဆိုသောစကား။

အထက်တန်းကျောင်းသားဘဝမှ ကျောင်းထွက်လာခဲ့သူက အနိမ့်စားအလုပ်တွေ လုပ်နေရခြင်းအတွက် စိတ်မချမ်းမသာ ဖြစ်သည်။

ခုနေကျောင်းပြန်တက်ပြီး အတန်းပညာပြည့်စုံအောင် သင်လို့ရရင် သိပ်ကောင်းမည်ဟု တွေးသည်။

သို့သော်၊ “ခုတော့ သိပ်ေနောက်ကျသွားပြီ“ တဲ့။ သူက ဆိုသည်။

ဇနီးသည်အပေါ် သစ္စာဖောက်ဖျက်ခဲ့မိသည့် ခင်ပွန်းသည်ကလည်း သူ့အိမ်ထောင်ရေးဘဝကို အဖတ်ဆည်ချင်သည်။

ပြန်သာယာအောင် ပြုပြင်ချင်သည်။ သို့သော် “သိပ်နောက်ကျသွားပြီ“ ဟု သူက ဆိုနေသည်။

အရက်သောက်လွန်းသဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသူကလည်း အရက်စွဲရောဂါကို ကုစားကာ ဘဝကို အသစ်တစ်ဖန် ပြန်စချင်သည်။ သို့သော် “နောက်ကျခဲ့ပြီ“ ဟု မြင်နေသည်။

မိသားစုတွေ ဇနီး ခင်ပွန်းတွေကို ကြည့်လျှင် အချင်းချင်း ပဋိပက္ခမဖြစ်ဖူးသူ အလွန်ပင်နည်းလှကြောင်း တွေ့ရမည်ဖြစ်သည်။

ကတောက်ကဆ ဖြစ်ပြီးစတွင် နှစ်ဖက်စလုံး တင်းမာကာ ပြေရာပြေကြောင်း စကားဆိုလိုသော ဆန္ဒမရှိတက်ကြ။

အချိန်ကြာသည့်အခါ၌မူ စိတ်တွေတော့ ပြေသွားသည်။

သို့သော်

ဒေါသထွက်စဉ်က လွန်လွန်ကျွံကျွံပြောခဲ့ဆိုခဲ့ လုပ်ခဲ့မိသည်များ အတွက်

၀န်ချတောင်းပန်ဖို့ကျတော့ အချိန်တွေ သိပ်နောက်ကျသွားပြီဟုခံစာမိတက်ကြပြန်သည်။

သည်လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော် အမြဲပြောသည်။

“အဓိပ္ပာယ်မရှိတာ၊ ပြီးခဲ့တဲ့အမှားကို ပြန်ပြေအောင်လုပ်ဖို့ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး၊

ဘယ်ကိစ္စမဆို အသစ်ပြန်စဖို့အတွက် နောက်ကျသွားပြီ ဆိုတာ မရှိဘူး“ ဟူ၍ ။

များမကြာမီက ကျွန်တော် ဂီတပညာရှင်ကြီး ရောဘတ်ရှောအကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ရ၏။

ရှောမှာ အတ္တလန်တာ ဆင်ဖိုနီ အော်ခက်စတြာအဖွဲ့ တွင် ဂီတဒါရိုက်တာနှင့် တီးဝိုင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေရာမှအငြိမ်းစားယူတော့မည် ဖြစ်၏။

ရှောနှင့် ကျွန်တော့်ကြားတွင် အဖြစ်အပျက်ကလေးတစ်ခု ရှိခဲ့ဖူးသည်။

ဟိုး…. လွန်ခဲ့သော နှစ်ပေါင်းများစွာ၊ နယူယောက်မြို့တော်ရှိ မာဘယ်ကော်လီဂျီယိတ် ဘုရားကျောင်းတွင် သင်းအုပ်ဆရာအဖြစ်

ကျွန်တော် ၀င်ရောက်စအချိန်က ရှောကျွန်တော့်ထံရောက်ရှိလာကာ ဘုရားရှိခိုးကျောင်းတွင်

တေးသီချင်း သီဆိုမည့် လူငယ်အဖွဲ့တစ်ခု ကျွန်တော်တို့မှာ ရှိသင့်ကြောင်း၊

သည်အဖွဲ့ မျိုးတစ်ခု သူဦးဆောင်နေကြောင်း နှင့် ကျောင်းအတွက်စီစဉ်ပေးနိုင်ကြောင်းများ ပြောဆိုသည်။

သူ့စိတ်ကူးကို ကျွန်တော်သဘောကျသွားသည်။သည်အစီအစဉ်က ကျောင်းအသင်းဝင် လူငယ်များအတွက် နှစ်သက်ဖွယ်ဖြစ်စေလိမ့်မည်ဟု ကျွန်တော်မြင်လိုက်သည်။

သို့နှင့် သူ့အား သူ့အစီအစဉ်အတိုင်း ဆက်လုပ်ရန် တိုက်တွန်းဖြစ်ခဲ့သည်။

အဆိုအဖွဲ့မှ ပုဂ္ဂိုလ်များမှာ တေးသီချင်း သီဆိုရာ၌ အလွန်ပင်

ထက်ထက်သန်သန်ကြိုးကြိုးကြွကြွရှိကြရာ သူတို့ကြောင့် ကျွန်တော်တို့

၀တ်ပြုပွဲမှာ ပို၍ ပြည်ဝစုံလင်လာသည်ဟု ကျွန်တော်တွေးမိခဲ့သည်။

သို့သော် အချို့သော အသင်းသူ အသင်းသားများက သည်အစီအစဉ်ကို သဘောမကျခဲ့။

ပို၍ဆိုးသည်က သဘောမကျသူများထဲတွင် သက်ကြီးဝါကြီး ပုဂ္ဂိုလ်နှစ်ဦးပါနေခြင်းပင်။

သိုတို့က အစဉ်အလာ အစွဲအလမ်း ပြင်းထန်သူများဖြစ်ကြသည်။

တေးဂီတအဖွဲ၏ သီဆိုမှုများသည် မာဘယ် ဘုရားရှိခိုးကျောင်းက

အစဉ်အဆက် လက်ခံကျင့်သုံးခဲ့သည့် လုပ်နည်းလုပ်ဟန်များနှင့် များစွာ

ခြားနားနေသည်ဟု ၄င်းတို့က ယူဆကြသည်။

ထို့နောက် သည်အစီအစဉ်သစ်ကို

သူတို့မလိုလား မနှစ်မြို့သည့်အကြောင်း ကျွန်တော်သိမြင်အောင်အထင်အရှားပြသကြသည်။

သို့နှင့် နောက်ဆုံး၌ အကျိုးအကြောင်းမလျော်ကန်မှန်း

သိလျက်နှင့်ပင် ရှောအား ၀မ်းနည်းကြောင်း တောင်းပန်ကာ သူ ကမကထပြုနေသည့်

အစီအစဉ်ကို ရပ်နားရတော့မည် ဖြစ်ကြောင်း ပြောလိုက်ရတော့သည်။

သူ အတော်ကြီး စိတ်ပျက်သွားသည်။ သို့သော် အခြေအနေကို သဘောပေါက်ကြောင်းတော့ သူပြောသွားခဲ့သည်။

သည်အဖြစ်အပျက်သည် ကျွန်တော့်စိတ်ကို အမြဲနှောက်ယှက်ခြောက်လှန့်၍ နေခဲ့သည်။ ကိုယ် ယုံကြည်သည့် အရာကို ဖြစ်အောင် လုပ်ရဲသည့် သတ္တိ ကျွန်တော့မှာ မရှိခဲ့ဘူး မဟုတ်လား။

ယခုဆိုလျှင် သည်ကိစ္စဖြစ်ပွားခဲ့တာ ရာစုနှစ်တစ်ဝက်နီးပါး ကြာခဲ့ပြီ ဖြစ်ပါသည်။ သည်ကာလ တစ်လျှောက်လုံးပင် ရှောနှင့် ကျွန်တော် တွေ့ဆုံပြောဆိုမိခြင်း လုံးဝ မရှိခဲ့။

သို့သော် သူ့အကြောင်း ဆောင်းပါးကို ဖတ်နေခိုက်ကျွန်တော့်ခေါင်းထဲရှိ မှန်မှားသိစိတ်က တစ်ခု သတိဖော်ပေးလာသည်။

ရှောနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က အမှားတစ်ခု ကျူးလွန်မိခဲ့ဖူးသည်။ သည်အမှားကို ယနေ့ထိ အမှန်ပြန်မပြင်ရသေးဟူ၍။

သို့နှင့် အိမ်ပြန်ရောက်သည့်အခါ ရောဘတ်ရှောထံစာတစ်စောင် ကျွန်တော်ရေးသည်။ ထိုစဉ်က ကျွန်တော့်ဘကက မှားယွင်းခဲ့သည့် အကြောင်း၊

ယင်းအတွက် တောင်းပန်ကြောင်း ရေးသားလိုက်ခြင်းဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ဂီတပညာရှင်ကြီးထံမှ စာတစ်စောင်ပြန်လည်ရောက်ရှိလာသည်။

“သဘောထားကြီးသော၊ ယဉ်ကျေးပျူငှာ၍ ရင်းနှီးပွင့်လင်းမှုလည်းရှိသော“

ထိုပေးစာကို ဖတ်ရသည့် အတွက် ကျွန်တော့်အား ကျေးဇူးတင်ကြောင်းနှင့် ထိုစဉ်က

ဖြစ်ရပ်တွင် ကျွန်တော့်ဘက်ကသာ မဟုတ် သူ့ဘက်ကလည်း ထပ်တူထပ်မျှ

မှားယွင်းမှု ရှိခဲ့ကြောင်း သူ့စာ၌ ဖော်ပြခဲ့သည်။

သည်စာ ဖတ်ရပြီးသည့်နောက် ကျွန်တော် ၀မ်းမြောက် အားတက်သွားလိုက်ပုံမှာ ပြောဖွယ်ရာ မရှိတော့ပေး။

၀န်ချတောင်း ပန်စကားဟူသည် နှစ်ပေါင်းများစွာကြာသော်လည်း နောက်ကျပြီဟူ၍ မရှိကြောင်း

အထင်အရှားပြလိုက်သည့် သာဓကတစ်ခု ပင်တည်း။

သင့်စိတ်ထဲတွင်ကော သည်လိုအတိတ်ဖြစ်ရပ်မျိုးတွေ ပေကတ်ကျန်နေတာ မရှိပေဘူးလား။

သင့်မြတ်ရာသင့်မြတ်ကြောင်း စကားတစ်ခွန်းပြောလိုက်သင့်တာ၊ ပုဂ္ဂိုလ်ရေးမကျေလည်မှုတစ်ခု ကျေလည်အောင် ဖြေရှင်းလိုက်သင့်တာ၊

ကောင်းသောအမှုတစ်ခု ဆောင်ရွက်သင့်လျက် ပြီးစီးအောင်

မဆောင်ရွက်ဖြစ်သောသေးတာ၊……….စသဖြင့် ။

အဲသည်ကိစ္စတွေသည် ဖြစ်ပျက်ခဲ့တာ ကြာကောင်း ကြာခဲ့ပါမည်။

သို့သော် နောက်ကျသွားပြီ ဟူ၍ ကား မယူဆပါနှင့်။

အကြောင်းမူ သည်ကိစ္စမျိုးမှာ ဘယ်သောအခါမျှ နောက်ကျပြီ ဟူ၍ မရှိသောကြောင့်ပင်။

မူရင်း။ ။ N.V.Peale ၏ Who Says It’s Too Lat
Posted by steven boii

ပြန်လည်ကူးယူဖော်ပြပါသည်။

error: Content is protected !!