လူတစ္ေယာက္၏ တန္ဖိုး (အလြန္းေကာင္းတဲ့ အသိပညာေပး ပို့စ္ေကာင္းတစ္ခုမို့ ဖတ္ျဖစ္ေအာင္ ဖတ္ေစခ်င္ပါတယ္)

တစ္ခါက နာမည္ၾကီး တကၠသိုလ္မွ ဆရာတစ္ဦးသည္ ေခ်ာင္က်ေသာ ရြာတစ္ရြာသို႔သြားေရာက္ လည္ပတ္ခဲ့သည္။

ရြာသို႔ေရာက္ေသာ္ ေလွတစီးငွားျပီး ျမစ္တစ္ေလွ်ာက္ လည္ပတ္ခဲ့သည္။

ေလွစတင္ထြက္ေသာအခါ ဆရာက ေလွသမားအား……

” ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”

” ကြ်န္ေတာ္ မတတ္ပါဘူး””႐ူပေဗဒ တတ္သလား”

“ဒါလဲ မတတ္ပါဘူး”

” ဒါဆိုရင္ ခင္ဗ်ား ကြန္ပ်ဴတာသံုးတတ္သလား”

“စိတ္မေကာင္းပါဘူး… ဒါလဲ ကြ်န္ေတာ္မတတ္ပါဘူး” ဆရာမွာ ေခါင္းခါျပီး

“သခ်ာၤမတတ္ရင္ လူ႕ဘ၀ရဲ႕၆ပံု၂ပံုကိုခင္ဗ်ားဆံုး႐ွံဳးမယ္”

“႐ူပေဗဒ မတတ္ရင္ လူ႔ဘ၀ရဲ႕ ၆ပံု၁ပံုကို ဆံုး႐ွဳံးမယ္”

“ကြန္ပ်ဴတာ မတတ္ရင္ လူ႔ဘ၀ရဲ႕ ၆ပံု၁ပံုကို ဆံုး႐ွဳံးမယ္”..

“ခင္ဗ်ားရဲ႕ ဘ၀၆ပံု၄ပံုဟာ ဆံုး႐ွဳံးသြားျပီပဲ….”

ထိုခဏအတြင္း ရာသီဥတု ေျပာင္းျပီး ေကာင္းကင္တြင္ တိမ္ညိဳမ်ား တက္လာသည္။

မၾကာမီ မိုးသက္ေလျပင္း က်ေရာက္ေတာ့မည္။

ထိုအခါ ေလွသမားက ဆရာအား

” ခင္ဗ်ားေရကူးတတ္သလား”ဟုေမးလိုက္သည္။ ဆရာက ခဏမွ် ဆံြအျပီး

“ကြ်န္ေတာ္မကူးတတ္ဘူး တစ္ခါမွ မသင္ဖူးဘူး”ဟုျပန္ေျဖေလသည္။

ေလွသမားမွာ ေခါင္းကိုသြင္သြင္ ရမ္းျပီး..

” ဒါဆိုရင္ ခင္ဗ်ားရဲ႕ဘ၀၆ပံုစလံုးဟာ ဆံုး႐ွဳံးရေတာ့မယ္”ဟု ျပန္ေျဖခဲ့သည္။

လူတေယာက္ဟာ ကိုယ့္ရဲ႕အဆင့္အတန္း ကိုယ့္ရဲ႕စံခ်ိန္နဲ႔အျခားလူတစ္ေယာက္ကို သြားတိုင္းတာလို႔ မရပါဘူး။

ပံုျပင္ထဲက ဆရာဟာပညာရွင္တစ္ဦးပါ။သူ႔ဘ၀မွာသခ်ာၤ၊ ရူပ၊ ကြန္ပ်ဴတာ ပညာေတြသာ အေရးၾကီးတယ္လို႔ ထင္ေနသူပါ။

ဒီပညာေတြသာ မတတ္ရင္ လူ႔ဘ၀ဟာအဓိပၸါယ္မဲ့ျပီလို႔ ထင္ေနသူပါ။

ဒါဟာ ပညာရွင္ေတြရဲ႕အယူအဆပါ။ေလွသမားအတြက္ကေတာ့ သူ႔အတြက္ ဒီပညာ မတတ္လဲ ဘာမွမျဖစ္ဘူး။

အေရးၾကီးတာကသူ႔အတြက္ “ရွင္သန္” ဖို႔ အားအင္ေတြ ရွိေနဖို႔ပဲ။

ဒါေပမဲ့ အေရးၾကံဳလာတဲ့ အခ်ိန္မွာ ဆရာတတ္ထားတဲ့ ပညာဟာ ဘာမွ အသံုးမ၀င္ခဲ့ဘူး။

ေလွေမွာက္သြားရင္ေရကူးတတ္တဲ့ လူသာ အသက္ရွင္ခြင့္ရမွာပါ။

တပါးသူကို အထင္မေသးပါနဲ႔။”ငါ”ဆိုတဲ့ ကိုယ့္စံႏူန္းနဲ႔ အမွားအမွန္ကို မခဲြျခားပါနဲ႔။

ဟိုလူမွာ ထီထြင္ဥာဏ္မရွိဘူး… ဒါေပမဲ့ သူဟာ ရိုးသားတယ္… မေကာင္းတာကို မၾကံစည္ တတ္ဘူး။

ဒီလူဟာ အေျပာအဆို မတတ္ဘူး။ ဒါေပမဲ့ သူဟာ အလုပ္ကိုၾကိဳးစားတယ္။ ေျဖာင့္မတ္တယ္။

မခုိမကပ္ဘူး။ ငါရဲ႕ “အရည္အခ်င္း” သူ႔မွာမရွိသလို သူ႔ရဲ႕ “အရည္အခ်င္း”လဲ ငါ့မွာ မရွိဘူး ဆိုတာကို ဘယ္ေတာ့မွမေမ့ပါနဲ႔…..

အဓိက ကေတာ့ကိုယ္ယံုၾကည္ရတဲ့ သူငယ္ခ်င္းနဲ႔ ဆံုတဲ့အခါ သင့္ျမတ္ေအာင္ေနထိုင္ႏိုင္ဖို႔ ၾကိဳးစားပါ။

ကိုယ့္စံႏွဳန္းနဲ႔ သူမ်ားကို တိုင္းတာဖို႔ မစဥ္းစားပါနဲ႔တဲ့……

ဘ၀တစ္ေလွ်ာက္မွာ ကိုယ္နဲ႔သေဘာထားခ်င္း တိုက္ဆိုင္သူနဲ႔ ဆံုဖို႔ဆိုတာ

တကယ္တမ္းေတာ့ ေတာ္ေတာ္မလြယ္လွပါဘူး။

(သီတဂူဆရာေတာ္ၾကီး၏ တရားေတာ္မွ)

Credit to ဘ၀စာမ်က္ႏွာ

Unicode >>>

လူတစ်ယောက်၏ တန်ဖိုး

(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုမို့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။

ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။

လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား……

” ခင်ဗျား သချာင်္ဗေဒတတ်သလား”

” ကျွန်တော် မတတ်ပါဘူး””ရူပဗေဒ တတ်သလား”

“ဒါလဲ မတတ်ပါဘူး”

” ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား”

“စိတ်မကောင်းပါဘူး… ဒါလဲ ကျွန်တော်မတတ်ပါဘူး” ဆရာမှာ ခေါင်းခါပြီး

“သချာင်္မတတ်ရင် လူ့ဘဝရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်”

“ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”

“ကွန်ပျူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”..

“ခင်ဗျားရဲ့ ဘဝ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ….”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။

မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။

ထိုအခါ လှေသမားက ဆရာအား

” ခင်ဗျားရေကူးတတ်သလား”ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး

“ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး”ဟုပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..

” ဒါဆိုရင် ခင်ဗျားရဲ့ဘဝ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်”ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။

ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘဝမှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။

ဒီပညာတွေသာ မတတ်ရင် လူ့ဘဝဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။

ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။

အရေးကြီးတာကသူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။

ဒါပေမဲ့ အရေးကြံုလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမဝင်ခဲ့ဘူး။

လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။”ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဉာဏ်မရှိဘူး… ဒါပေမဲ့ သူဟာ ရိုးသားတယ်… မကောင်းတာကို မကြံစည် တတ်ဘူး။

ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။

မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာမရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့…..

အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။

ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့……

ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ

တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။

(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)

Credit to ဘဝစာမျက်နှာ

error: Content is protected !!