မျက်နှာကိုတွန့် ရှုံ့အောင်လုပ်ဆောင်ခံရတဲ့ မွေးပြီးချင်းစ ကလေး






ဓါတ်ပုံထဲမှာ သူနာပြု ဆရာမတစ်ဦး ဟာ ကလေးငယ်မျက်နှာကိုတွန်ရှုံအောင် လက်တွေနဲ့ပြုလုပ်ထားပြီး








မွေးကင်းစကလေး ငယ် မျက်နှာကို တွန်ရှုံအောင်လုပ်ဆောင်ပြီး ဟာသလုပ်ခဲ့တဲ့ သူနာပြုတွေကို



Unicode >>>

မွေးကင်း စကလေးကို နွေးထွေးစွာစောင့်ရှောက်မှုတွေလုပ်ဆောင်ကြပေမယ်လည်း

ဆော်ဒီအာရေဗီယျနိုင်ငံက သူနာပြုဆရာမတွေကတော့မွေးပြီး ချင်းစ ကလေးကို နွေးထွေးစွာပြုစုမှုမလုပ်တဲ့အပြင်

ကလေးရဲ့မျက်နှာကို တွန့်ရှုံအောင်ပြုလုပ်ပြီး ကျီစယ်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

Ta’if မြို့က သူနာပြုဆရာမတွေ ဟာ မွေးကင်းစကလေးငယ်ကို မွေးပြီးပြီးချင်းမှာပဲ မျက်နှာကို

တွန့်ရှုံအောင်ပြုလုပ်ပြီး ဓါတ်ပုံအတူ ရိုက်ကာ လူမူကွန်ရက်ပေါ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံထဲမှာ သူနာပြု ဆရာမတစ်ဦး ဟာ ကလေးငယ်မျက်နှာကိုတွန်ရှံုအောင် လက်တွေနဲ့ပြုလုပ်ထားပြီး

ကျန်တစ်ဦးကအဲဒီလိုမျိုးလုပ်တဲ့ ပုံကို ဓါတ်ပုံရိုက်ကူးခဲ့ကာ သူနာပြုဆရာမတွေဟာ သူတို့လုပ်ရပ်တွေအတွက်

တစ်ဦးနဲ့တစ်ဦးအရွန်းဖောက်ခဲ့တယ်လို ့သိရပါတယ်။

အ ခုလိုမျိုးသူနာပြု ဆရာမတွေ ရဲ့လုပ်ရပ် ကို မွေးကင်းစ ကလေးငယ်ရဲ့မိဘတွေလည်းချက်ခြင်းမသိခဲ့ဘဲ

လူမူကွန်ရက်အပေါ် ပျံသွားချိန်မှ အံအားတုန်လှုပ်ခဲ့တယ်လို ဆိုပါတယ်။

မွေးကင်းစကလေးငယ် မျက်နှာကိုတွန့် ရှုံအောင်လုပ်ဆောင်ပြီး ကျယ်စယ်တဲ့ ရုပ်သံဖိုင် ပျံနှံချိန်မှာ

လူမူကွန်ရက် သုံးစွဲသူတွေကြား ဒေါသဖြစ်မှုတွေ၊ ပြင်းထန်တဲ့ ပြစ်တင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီးဆော်ဒီအာရေဗျ အာဏာပိုင်တွေ ဟာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက်

မွေးကင်းစကလေး ငယ် မျက်နှာကို တွန်ရှံုအောင်လုပ်ဆောင်ပြီး ဟာသလုပ်ခဲ့တဲ့ သူနာပြုတွေကို

အလုပ်ကချက်ခြင်းဖြုတ်ခဲ့သလို သူနာပြုလိုင်စင်တွေကို သိမ်းဆည်းတဲ့ အရေးယူမှုတွေလုပ်ခဲ့ပါတယ်။

Credit: pthonlinemedia

error: Content is protected !!