စံပါယ္ပန္းအေၾကာင္းႏွင့္စပါယ္ပန္းစိုက္ပ်ိဳးနည္း

ပန္းတကာ့ပန္းရနံ႔ေတြထဲက အန႔ံတကာအနံေတြထဲက က်ေနာ္အႀကိဳက္ဆံုးပန္းစံပါယ္ပန္းနဲ႔ သူ႔ရဲ႕ရနံ႔ေၾကာင့္ျဖစ္ပါတယ္။

အမ်ားဆံုးသံုးတဲ့ေရေမႊးေတြမွာလည္းစံပါယ္ရန႔ံကိုအမ်ားဆံုးသံုးျဖစ္ပါတယ္။

အနံ႔ေၾကာင့္ ပန္းကိုႀကိဳက္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္ေလာက္အထိႀကိဳက္သလဲဆိုရင္ စပယ္လို႔နာမည္ေပးထားတဲ့မိန္းကေလးေတြေတာင္ ဘယ္လိုပါလိမ့္လို႔ေတာင္စူးစမ္းခ်င္တတ္ပါတယ္။

ပန္းပင္ေတြထဲမွာ စံပါယ္ပင္က စိုက္ရတာအလြယ္ဆံုးျဖစ္ပါတယ္။

ကိုင္းကူး ပင္ပြားကူး အင္မတန္လြယ္ပါတယ္။ အထူးသျဖင့္ပင္ပြားကူးတာမ်ားပါတယ္။

အိုးနဲ႔ျဖစ္ျဖစ္ လြတ္လပ္တဲ့ေနရာမွာပဲျဖစ္ျဖစ္ သူ႔ကိုေရကိုသာပံုမွန္ေလာင္းေပး အစိုဓာတ္နည္းနည္းေလး႐ွိေပးရံုနဲ႔

အျခားပန္းလိုမ်ိဳး ဂ႐ုိစိုက္စရာမလိုေလာက္ေအာင္ပစ္ထားလို႔ရပါတယ္။ ပြင့္ခ်ိန္တန္ပြင့္ေပးပါတယ္။

အပြင့္မ်ားမ်ားလိုရင္ အျမဲတမ္းပြင့္ေစခ်င္တယ္ဆိုရင္ေတာ့ သူ႔ကို ေျမေလးမၾကာခဏဆြေပးျခင္း ႏြားေခ်း ေျမေဆြးေျမပုပ္မ်ားထည့္ေပးျခင္းျဖင့္

အပင္သန္လို႔အပြင့္လည္းႀကီး ဖူးငံုအပြင့္လည္းမ်ားမ်ားထြက္လာတတ္ပါတယ္။

မိမိတို႔အိမ္ေဘးပတ္ပတ္လည္မွာ စံပါယ္ပင္ေတြစိုက္ေပးျခင္းျဖင့္

ပြင့္လာတဲ့အခါမနက္ခင္း ညေနခင္းေလေျပေလညင္းေလးႏွင့္အတူ သူ႔ရဲ႕ရနံ႔ေလး ေရာစပ္ေပးလိုက္တဲ့အခါ ႐ႈ႐ိႈက္ရတာ

အင္မတန္မွ အရသာ႐ွိလွပါတယ္။ စံပါယ္ရနံ႔ေလေျပ ေလညင္းကိုေတာ့ လူတိုင္း႐ႈ႐ႈိက္ခ်င္ၾကမွာပါ။

ဒါက က်ေနာ္ရဲ႕ ကိုယ္ေတြ႔သက္သက္စိုက္ပ်ိဳးဖူးတာပါ။

နည္းစနစ္က်က်နဲ႔ စိုက္ပ်ိဳးခ်င္တယ္ဆိုရင္ ေအာက္ပါအတိုင္းစိုက္ပ်ိဳးနည္းကို ဆရာမသက္သက္ႏြယ္က ေျပာျပေပးထားပါတယ္..။

Common Name : Jasmine

Botanical Name: Jasminum arborescens

Family Name : Oleaceae

စံပါယ္ပန္းကို မိုးဦးကာလတြင္ အပင္ ပ်ိဳးေထာင္ စိုက္ပ်ိဳးၾကသည္။

အပင္ မစိုက္ခင္ေျမေဆြး ႏြားေခ်းေဆြး မ်ားကို စိုက္မည့္ေနရာတြင္ က်င္းထူး ၿပီး ထည့္ေပးရမည္။

( အခ်ိဳးနွုန္းကေတာ့ ၁ က်င္းလွ်င္ ၅၀၀ မွ ၁၀၀၀ ဂရမ္ နႈန္း) ျပီးလွ်င္

အပင္ ကိုင္းတက္ (Sucker) ဒါမွမဟုတ္ရင္ အျမစ္ထြက္ျပီး ကိုင္းကူး/ ကိုင္ထိုးပင္ ( layering/ cutting) အပင္ ေတြကို စိုက္လို႕ရပါျပီ။

၁ နွစ္သားဆိုရင္ ပန္းစပြင့္တာပါဘဲ.. စိုက္တဲ့အခ်ိန္မွာ 3 ေပ 5 ေပျခား ျပီးစိုက္ၾကပါတယ္..

စံပါယ္ပန္း ဟာ မိုးဦးက်တြင္ စတင္ပြင့္ၾကပါသည္။

အခ်ိဳ႕ေဒသတြင္ စံပါယ္ပန္း ေစာေစာ ပြင့္ေစရန္ ေဆာင္းအကုန္ ဒီဇင္ဘာလ/ ဇန္နဝါရီလ ေလာက္မွာ အပင္ျပဳျပင္ေပး ရပါတယ္။

ျပဳျပင္ နည္းေတြကေတာ့ အရြက္ေခၽြေပးတာ တို႕၊ ေျမၾသဇာ (ႏွမ္းဖတ္ပုပ္ရည္) ထည့္ေပးတာ၊

ေရေလာင္း ေပါင္းသင္ေပး တာ တို႕ကို ႀကိဳလုပ္ရင္ ေစာပန္းပြင့္လို႕ ေစ်းေကာင္း ရနိုင္ပါတယ္။

*အရြက္ေခၽြတဲ့ အခါ အရြက္ရင့္ေတြကို တစ္ရြက္ျခင္း ေခၽြေပးရပါတယ္။

အဲဒီလို မဟုတ္ဘဲ ဆြဲျပီး အကုန္ ေခၽြပစ္ရင္ အရြက္ အရင္းက ထြက္လာမဲ႕ အဖူးခိုင္ အညြန္႕ေလာင္း ေတြကို ထိခိုက္မိျပီး အပြင့္ကန္း ကုန္တတ္ပါတယ္။

အရြက္ေခၽြတဲ့ အခါ အရြက္ထပ္ဖ်ား အညြန္႕ေတြကို မေခၽြရပါဘူး။

အရြက္ေခၽြျခင္း၊ ေပါင္းရွင္းျခင္း ေတြ လုပ္ျပီးရင္ ေရသြင္းျခင္း ေရေလာင္းျခင္း လုပ္ေပးရပါတယ္။

အရြက္ေခၽြျပီး တစ္ ပတ္ၾကာ မွ ေျမေဆြး ႏြားေခ်းေဆြး ေျမၾသဇာ (ႏွမ္းဖတ္ပုပ္ရည္) ေတြ အပင္ေျခမွာ တည့္ေပး ရပါတယ္

ေရကိုလဲ ကိုယ့္ေျမ အေျခအေန ကိုၾကည့္ျပီး ေလာင္းရ ပါမယ္၊ အပင္က ေရဝပ္တဲ့ ဒါဏ္ကိုလဲ မခံနိုင္ပါဘူး။

ေဖေဖာ္ဝါရီ လကုန္ မတ္လဆန္း ေလာက္ ဆိုရင္ ပန္းေတြပြင့္ လာတာပါဘဲ။

ပန္းခူးရင္လဲ ခူးျပီး ပန္းအညွာေတြကို စိတ္ရွည္ လက္ရွည္ ေခၽြေပးရေသးတယ္။ ဒါမွ ေနာက္ပန္းေတြ လႈိင္လိႈင္ပြင့္ လာမွာပါ။

ေႏြရာသီ ဆိုမနက္ တစ္ ၾကိမ္ / ည တစ္ ၾကိမ္ ေရေလာင္းေပးရပါတယ္။

ပန္းပြင့္ခ်ိန္ ေရေလာင္းဖို႕လဲ မျပင္းပါနဲ႕။ ပန္းပြင့္ေတြ အထြက္နည္းလာျပီဆိုရင္ ကြန္ေပါင္း ဓာတ္ေျမၾသဇာ ( NPK 10-52-17 ) အခ်ိဳး အတိုင္း

အညႊန္းပါ အတိုင္း ျဖန္းေပးရပါတယ္။ ကဲ ဒီေလာက္ဆိုရင္ အဆင္ေျပမယ္ ထင္ပါတယ္ေနွာ္။

အပင္ေတြ မ်ားမယ္ ဆိုရင္ေတာ့ အလွည့္က်ခူး လို႕ရေအာင္ ပထမ အတန္းကို ဒီဇင္ဘာလ 25 ရက္မတိုင္ခင္ အျပီး အရြက္ေခၽြျခင္း၊

4/5 ရက္ျခားျပီး ဒီဇင္ဘာလ ကုန္ မွာ ဒုတိယတန္း ကိုေခၽြျခင္း ဇန္နဝါရီလဆန္း မွာ တတိယတန္းကိုေခၽြျခင္း

အလွည့္က် ေဆာင္ရြက္ျခင္းျဖင့္ ပန္းပြင့္ကိုအလွည့္က် ခူးလို႕ရေအာင္ ေဆာင္ရြက္နိုင္ပါတယ္။

ေမတၱာျဖင့္…

TKW

CREDIT – -sayamathethetnwe

Unicode >>>

ပန်းတကာ့ပန်းရနံ့တွေထဲက အန့ံတကာအနံတွေထဲက ကျနော်အကြိုက်ဆုံးပန်းစံပါယ်ပန်းနဲ့ သူ့ရဲ့ရနံ့ကြောင့်ဖြစ်ပါတယ်။

အများဆုံးသုံးတဲ့ရေမွှေးတွေမှာလည်းစံပါယ်ရန့ံကိုအများဆုံးသုံးဖြစ်ပါတယ်။

အနံ့ကြောင့် ပန်းကိုကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လောက်အထိကြိုက်သလဲဆိုရင် စပယ်လို့နာမည်ပေးထားတဲ့မိန်းကလေးတွေတောင် ဘယ်လိုပါလိမ့်လို့တောင်စူးစမ်းချင်တတ်ပါတယ်။

ပန်းပင်တွေထဲမှာ စံပါယ်ပင်က စိုက်ရတာအလွယ်ဆုံးဖြစ်ပါတယ်။

ကိုင်းကူး ပင်ပွားကူး အင်မတန်လွယ်ပါတယ်။ အထူးသဖြင့်ပင်ပွားကူးတာများပါတယ်။

အိုးနဲ့ဖြစ်ဖြစ် လွတ်လပ်တဲ့နေရာမှာပဲဖြစ်ဖြစ် သူ့ကိုရေကိုသာပုံမှန်လောင်းပေး အစိုဓာတ်နည်းနည်းလေးရှိပေးရုံနဲ့

အခြားပန်းလိုမျိုး ဂရိုစိုက်စရာမလိုလောက်အောင်ပစ်ထားလို့ရပါတယ်။ ပွင့်ချိန်တန်ပွင့်ပေးပါတယ်။

အပွင့်များများလိုရင် အမြဲတမ်းပွင့်စေချင်တယ်ဆိုရင်တော့ သူ့ကို မြေလေးမကြာခဏဆွပေးခြင်း နွားချေး မြေဆွေးမြေပုပ်များထည့်ပေးခြင်းဖြင့်

အပင်သန်လို့အပွင့်လည်းကြီး ဖူးငုံအပွင့်လည်းများများထွက်လာတတ်ပါတယ်။

မိမိတို့အိမ်ဘေးပတ်ပတ်လည်မှာ စံပါယ်ပင်တွေစိုက်ပေးခြင်းဖြင့်

ပွင့်လာတဲ့အခါမနက်ခင်း ညနေခင်းလေပြေလေညင်းလေးနှင့်အတူ သူ့ရဲ့ရနံ့လေး ရောစပ်ပေးလိုက်တဲ့အခါ ရှုရှိုက်ရတာ

အင်မတန်မှ အရသာရှိလှပါတယ်။ စံပါယ်ရနံ့လေပြေ လေညင်းကိုတော့ လူတိုင်းရှုရှိုက်ချင်ကြမှာပါ။

ဒါက ကျနော်ရဲ့ ကိုယ်တွေ့သက်သက်စိုက်ပျိုးဖူးတာပါ။

နည်းစနစ်ကျကျနဲ့ စိုက်ပျိုးချင်တယ်ဆိုရင် အောက်ပါအတိုင်းစိုက်ပျိုးနည်းကို ဆရာမသက်သက်နွယ်က ပြောပြပေးထားပါတယ်..။

Common Name : Jasmine

Botanical Name: Jasminum arborescens

Family Name : Oleaceae

စံပါယ်ပန်းကို မိုးဦးကာလတွင် အပင် ပျိုးထောင် စိုက်ပျိုးကြသည်။

အပင် မစိုက်ခင်မြေဆွေး နွားချေးဆွေး များကို စိုက်မည့်နေရာတွင် ကျင်းထူး ပြီး ထည့်ပေးရမည်။

( အချိုးနှုန်းကတော့ ၁ ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ် နှုန်း) ပြီးလျှင်

အပင် ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင် အမြစ်ထွက်ပြီး ကိုင်းကူး/ ကိုင်ထိုးပင် ( layering/ cutting) အပင် တွေကို စိုက်လို့ရပါပြီ။

၁ နှစ်သားဆိုရင် ပန်းစပွင့်တာပါဘဲ.. စိုက်တဲ့အချိန်မှာ 3 ပေ 5 ပေခြား ပြီးစိုက်ကြပါတယ်..

စံပါယ်ပန်း ဟာ မိုးဦးကျတွင် စတင်ပွင့်ကြပါသည်။

အချို့ဒေသတွင် စံပါယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။

ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊

ရေလောင်း ပေါင်းသင်ပေး တာ တို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ စျေးကောင်း ရနိုင်ပါတယ်။

*အရွက်ချွေတဲ့ အခါ အရွက်ရင့်တွေကို တစ်ရွက်ခြင်း ချွေပေးရပါတယ်။

အဲဒီလို မဟုတ်ဘဲ ဆွဲပြီး အကုန် ချွေပစ်ရင် အရွက် အရင်းက ထွက်လာမဲ့ အဖူးခိုင် အညွန့်လောင်း တွေကို ထိခိုက်မိပြီး အပွင့်ကန်း ကုန်တတ်ပါတယ်။

အရွက်ချွေတဲ့ အခါ အရွက်ထပ်ဖျား အညွန့်တွေကို မချွေရပါဘူး။

အရွက်ချွေခြင်း၊ ပေါင်းရှင်းခြင်း တွေ လုပ်ပြီးရင် ရေသွင်းခြင်း ရေလောင်းခြင်း လုပ်ပေးရပါတယ်။

အရွက်ချွေပြီး တစ် ပတ်ကြာ မှ မြေဆွေး နွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာ တည့်ပေး ရပါတယ်

ရေကိုလဲ ကိုယ့်မြေ အခြေအနေ ကိုကြည့်ပြီး လောင်းရ ပါမယ်၊ အပင်က ရေဝပ်တဲ့ ဒါဏ်ကိုလဲ မခံနိုင်ပါဘူး။

ဖေဖော်ဝါရီ လကုန် မတ်လဆန်း လောက် ဆိုရင် ပန်းတွေပွင့် လာတာပါဘဲ။

ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိတ်ရှည် လက်ရှည် ချွေပေးရသေးတယ်။ ဒါမှ နောက်ပန်းတွေ လှိုင်လှိုင်ပွင့် လာမှာပါ။

နွေရာသီ ဆိုမနက် တစ် ကြိမ် / ည တစ် ကြိမ် ရေလောင်းပေးရပါတယ်။

ပန်းပွင့်ချိန် ရေလောင်းဖို့လဲ မပြင်းပါနဲ့။ ပန်းပွင့်တွေ အထွက်နည်းလာပြီဆိုရင် ကွန်ပေါင်း ဓာတ်မြေသြဇာ ( NPK 10-52-17 ) အချိုး အတိုင်း

အညွှန်းပါ အတိုင်း ဖြန်းပေးရပါတယ်။ ကဲ ဒီလောက်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ်နှော်။

အပင်တွေ များမယ် ဆိုရင်တော့ အလှည့်ကျခူး လို့ရအောင် ပထမ အတန်းကို ဒီဇင်ဘာလ 25 ရက်မတိုင်ခင် အပြီး အရွက်ချွေခြင်း၊

4/5 ရက်ခြားပြီး ဒီဇင်ဘာလ ကုန် မှာ ဒုတိယတန်း ကိုချွေခြင်း ဇန်နဝါရီလဆန်း မှာ တတိယတန်းကိုချွေခြင်း

အလှည့်ကျ ဆောင်ရွက်ခြင်းဖြင့် ပန်းပွင့်ကိုအလှည့်ကျ ခူးလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်။

မေတ္တာဖြင့်…

TKW

CREDIT – -sayamathethetnwe

error: Content is protected !!