ေရျပတ္လပ္မွဳႀကံဳရေတာ့မယ့္ ကမၻာ့ပထမဆံုးျမိဳ႕ေတာ္ Cape Town

ေတာင္အာဖရိကရိွ Cape Town ျမိဳ႕ဟာ ေရျပတ္လပ္မွဳႀကံဳေတြ႔ရေတာ့မယ့္

ကမၻာ့ျမိဳ႕ႀကီးေတြထဲက ပထမဆံုးျမိဳ႕ ျဖစ္လာေတာ့မွာျဖစ္ေၾကာင္း သိရိွရပါတယ္။

၄င္းျမိဳ႕မွာ ေရျပတ္လပ္ဖို႔ ရက္ေပါင္း (၉၀)သာ လုိေတာ့ျပီး ျမိဳ႕သားတစ္ဦးဟာ တစ္ေန႔လွ်င္ ေရ (၈၇)လီတာထက္

ပိုအသံုးမျပဳဖို႔ သက္ဆိုင္ရာအာဏာပိုင္ေတြက ေၾကညာထားပါတယ္။

အေစာပိုင္းခန္႔မွန္းခ်က္ေတြအရ မတ္လေလာက္မွာ ေရျပတ္လပ္သြားႏုိင္ေခ်ရိွျပီး

ျမိဳ႕ေတာ္ဝန္ Patricia De Lille ရဲ႕ ေျပာၾကားခ်က္အရ ဧျပီလ (၂၂)ရက္မွာ ေရျဖန္႔ေဝမွဳကို ရပ္သိမ္းမွာျဖစ္ေၾကာင္း သိရပါတယ္။

(၃)ႏွစ္ဆက္တိုက္ မိုးေခါင္မွဳနဲ႔ တိုးပြားလာတဲ့ လူဦးေရရဲ႕ ေရသံုးစြဲမွဳအားတို႔ေၾကာင့္ ယခုလို ကပ္ေဘးနဲ႔ ရင္ဆိုင္ရျခင္းျဖစ္ပါတယ္။

အခုဆိုရင္ ျမိဳ႕ခံဦးေရ (၄)သန္းခန္႔ဟာ ကားေရေဆးျခင္း၊ ေရကူးကန္ျဖည့္ျခင္း၊ ပန္းပင္ေရေလာင္းျခင္း၊

မလိုအပ္ဘဲ အိမ္သာေရဆြဲခ်ျခင္းတို႔ကို ျပဳလုပ္ခြင့္မရိွေတာ့ပါဘူး။

(၂)မိနစ္ထက္ ေရခ်ိဳးခြင့္လည္း မရိွေတာ့ဘဲ ခ်ိဳးေရမ်ားကို ျပန္အသံုးျပဳရမွာျဖစ္ျပီး အိုးခြက္ပန္းကန္ေဆးေရေတြကိုလည္း အနည္းငယ္သာ သံုးဖို႔ ညႊန္ၾကားထားပါတယ္။

ျမိဳ႕ထဲရိွ ေရေလွာင္တမံမွာ ေရ (၁၃.၅)ရာခိုင္ႏွဳန္းသာ က်န္ရိွေတာ့တာနဲ႔တစ္ျပိဳင္နက္

ေဆး႐ံုကဲ့သို႔ အေရးႀကီးေရလိုအပ္တဲ့ ေနရာကလြဲလို႔ တစ္ျမိဳ႕လံုးကို ေရျဖန္႔ေဝမွဳရပ္ဆိုင္းသြားမွာျဖစ္ျပီး

ေရထုတ္ေပးတဲ့ ေနရာ (၂၀၀)ထားရိွကာ လူတစ္ဦးကို တစ္ေန႔လွ်င္ (၂၅)လီတာစီ ထုတ္ေပးမွာျဖစ္ေၾကာင္းသိရပါတယ္။

အခုလက္ရိွမွာ ၄င္းျပည္တြင္းအစိုးရက ပင္လယ္ေရကို ေရခ်ိဳေျပာင္းကာ

ေသာက္သံုးေရရရိွဖို႔ ႀကိဳးစားေနျပီး အဝီစိတြင္း ေရတူးျခငး္နဲ႔ ေရေဟာင္းကို ျပန္လည္သန္႔စင္ကာ အသံုးျပဳျခင္းတို႔နဲ႔ပတ္သက္ျပီး ေျဖရွင္းေဆာင္ရြက္လ်က္ရိွပါတယ္။

White (Shwemom)

Ref: Metro

Unicode >>>>

တောင်အာဖရိကရှိ Cape Town မြို့ဟာ ရေပြတ်လပ်မှုကြုံတွေ့ရတော့မယ့်

ကမ္ဘာ့မြို့ကြီးတွေထဲက ပထမဆုံးမြို့ ဖြစ်လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

၄င်းမြို့မှာ ရေပြတ်လပ်ဖို့ ရက်ပေါင်း (၉၀)သာ လိုတော့ပြီး မြို့သားတစ်ဦးဟာ တစ်နေ့လျှင် ရေ (၈၇)လီတာထက်

ပိုအသုံးမပြုဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ကြေညာထားပါတယ်။

အစောပိုင်းခန့်မှန်းချက်တွေအရ မတ်လလောက်မှာ ရေပြတ်လပ်သွားနိုင်ချေရှိပြီး

မြို့တော်ဝန် Patricia De Lille ရဲ့ ပြောကြားချက်အရ ဧပြီလ (၂၂)ရက်မှာ ရေဖြန့်ဝေမှုကို ရပ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။

(၃)နှစ်ဆက်တိုက် မိုးခေါင်မှုနဲ့ တိုးပွားလာတဲ့ လူဦးရေရဲ့ ရေသုံးစွဲမှုအားတို့ကြောင့် ယခုလို ကပ်ဘေးနဲ့ ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။

အခုဆိုရင် မြို့ခံဦးရေ (၄)သန်းခန့်ဟာ ကားရေဆေးခြင်း၊ ရေကူးကန်ဖြည့်ခြင်း၊ ပန်းပင်ရေလောင်းခြင်း၊

မလိုအပ်ဘဲ အိမ်သာရေဆွဲချခြင်းတို့ကို ပြုလုပ်ခွင့်မရှိတော့ပါဘူး။

(၂)မိနစ်ထက် ရေချိုးခွင့်လည်း မရှိတော့ဘဲ ချိုးရေများကို ပြန်အသုံးပြုရမှာဖြစ်ပြီး အိုးခွက်ပန်းကန်ဆေးရေတွေကိုလည်း အနည်းငယ်သာ သုံးဖို့ ညွှန်ကြားထားပါတယ်။

မြို့ထဲရှိ ရေလှောင်တမံမှာ ရေ (၁၃.၅)ရာခိုင်နှုန်းသာ ကျန်ရှိတော့တာနဲ့တစ်ပြိုင်နက်

ဆေးရုံကဲ့သို့ အရေးကြီးရေလိုအပ်တဲ့ နေရာကလွဲလို့ တစ်မြို့လုံးကို ရေဖြန့်ဝေမှုရပ်ဆိုင်းသွားမှာဖြစ်ပြီး

ရေထုတ်ပေးတဲ့ နေရာ (၂၀၀)ထားရှိကာ လူတစ်ဦးကို တစ်နေ့လျှင် (၂၅)လီတာစီ ထုတ်ပေးမှာဖြစ်ကြောင်းသိရပါတယ်။

အခုလက်ရှိမှာ ၄င်းပြည်တွင်းအစိုးရက ပင်လယ်ရေကို ရေချိုပြောင်းကာ

သောက်သုံးရေရရှိဖို့ ကြိုးစားနေပြီး အဝီစိတွင်း ရေတူးခြငး်နဲ့ ရေဟောင်းကို ပြန်လည်သန့်စင်ကာ အသုံးပြုခြင်းတို့နဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

White (Shwemom)

Ref: Metro

error: Content is protected !!