ျမင့္ျမတ္နဲ႕အျပိဳင္ သရုပ္ေဆာင္ေတာ့မည့္ ထူးအယ္လင္း ရဲ႕ဖီလင္ကဒီလိုတ့ဲ

ယုန္ေလးကေတာ့ကိုယ့္သမုိင္းကိုယ္ေရးၾကသူမ်ား-၃ မွာ ပရိသတ္ေတြ မထင္ထားတဲ့ သရုပ္ေဆာင္ေတြကို ထည့္သြင္းလိုက္ပါတယ္။

အဲ့ဒီသရုပ္ေဆာင္ကေတာ့ အဆိုေတာ္ ထူးအယ္လင္းကိုပဲ ျဖစ္ပါတယ္။

ယုန္ေလးနဲ႕ အတူ ျမင့္ျမတ္နဲ႔ ထူးအယ္လင္းတုိ႔ ပါဝင္မယ့္ ဇာတ္ကားကိုေတာ့ မၾကာခင္ ပရိသတ္ေတြ ေတြ႕ျမင္ရေတာ့မွာပါယင္းဇတ္ကားတြင္သရုပ္ေဆာင္ရမယ့္အေပၚကိုလည္း

ထူးအယ္လင္းက သူ႕ရဲ႕ေဖ့စ္ဘြတ္မွာ ယခုလုိ ေရးသားထားပါတယ္။

“ယုန္ေလးရာ မင္းလုပ္မွ ငါ့အျဖစ္က တကယ့္လူဆိုးႀကီးဘဝကိုသြပ္သြင္းလိုက္သလိုပဲ သ႐ုပ္ေဆာင္ရမွာကို တခါမွမေတြးမိဘူး…

ႀကိဳးစားၿပီးသ႐ုပ္ေဆာင္ပါ့မယ္(ကိုယ့္သမိုင္းကိုယ္ေရးၾကသူမ်ား ၃ အတြက္ )” ဆိုၿပီးေျပာျပထားပါတယ္။

ကိုယ့္သမိုင္းကိုယ္ေရးၾကသူမ်ား ၃ မွာ ျမင့္ျမတ္နဲ႕ ထူးအယ္လင္းကို တြဲၿပီးထည့္ထားတဲ့အရမ္းကို အံ့ၾသေနၾကသလို အဲ့ဒီဇာတ္ကားကိုလည္း ေမွ်ာ္လင့္ေနၾကပါၿပီ။

အခု ရံုတင္ျပသခဲ့တဲ့ ကိုယ့္သမုိုင္းကိုယ္ေရးၾကသူမ်ား ၂ ဟာဆိုရင္လည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ ဇာတ္ကားတစ္ခုျဖစ္ပါတယ္။

ကုိယ့္သမုိင္းကုိယ္ေရးၾကသူမ်ား ၂ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ျပဳံးရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါရုိက္တာဂ်ဳိးက

ပုံေဖာ္ရုိက္ကူး ထားတာျဖစ္ပါတယ္။

ဒီရုပ္ရွင္ဇာတ္ကား ႀကီးထဲမွာ ယုန္ေလး၊ ရသ၊ ၾကက္ဖ၊ G-Fatt ၊ J Fire ၊ Ice Cold ၊ စိုးနႏၵာေက်ာ္၊ နန္းေမာ္၊ ၿပံဳးျမသြယ္၊ ထူးမြန္ တုိ႔က အဓိကပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

ကုိယ့္သမုိင္းကုိယ္ေရးၾကသူမ်ား ၂ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇန္နဝါရီလ ၁၂ ရက္ေန႔က စၿပီး ရုံတင္ျပသခဲ့တာလည္းျဖစ္ပါတယ္။

Credit – celenewsmm

Unicode >>>

ယုန်လေးကတော့ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၃ မှာ ပရိသတ်တွေ မထင်ထားတဲ့ သရုပ်ဆောင်တွေကို ထည့်သွင်းလိုက်ပါတယ်။

အဲ့ဒီသရုပ်ဆောင်ကတော့ အဆိုတော် ထူးအယ်လင်းကိုပဲ ဖြစ်ပါတယ်။

ယုန်လေးနဲ့ အတူ မြင့်မြတ်နဲ့ ထူးအယ်လင်းတို့ ပါဝင်မယ့် ဇာတ်ကားကိုတော့ မကြာခင် ပရိသတ်တွေ တွေ့မြင်ရတော့မှာပါယင်းဇတ်ကားတွင်သရုပ်ဆောင်ရမယ့်အပေါ်ကိုလည်း

ထူးအယ်လင်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

“ယုန်လေးရာ မင်းလုပ်မှ ငါ့အဖြစ်က တကယ့်လူဆိုးကြီးဘဝကိုသွပ်သွင်းလိုက်သလိုပဲ သရုပ်ဆောင်ရမှာကို တခါမှမတွေးမိဘူး…

ကြိုးစားပြီးသရုပ်ဆောင်ပါ့မယ်(ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၃ အတွက် )” ဆိုပြီးပြောပြထားပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၃ မှာ မြင့်မြတ်နဲ့ ထူးအယ်လင်းကို တွဲပြီးထည့်ထားတဲ့အရမ်းကို အံ့သြနေကြသလို အဲ့ဒီဇာတ်ကားကိုလည်း မျှော်လင့်နေကြပါပြီ။

အခု ရုံတင်ပြသခဲ့တဲ့ ကိုယ့်သမိုုင်းကိုယ်ရေးကြသူများ ၂ ဟာဆိုရင်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ပြုံးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာဂျိုးက

ပုံဖော်ရိုက်ကူး ထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ ယုန်လေး၊ ရသ၊ ကြက်ဖ၊ G-Fatt ၊ J Fire ၊ Ice Cold ၊ စိုးနန္ဒာကျော်၊ နန်းမော်၊ ပြုံးမြသွယ်၊ ထူးမွန် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့က စပြီး ရုံတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။

Credit – celenewsmm

error: Content is protected !!