ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ျဖဴၾကတာ ဘာ့ေၾကာင့္လဲ ? ? ?

လူေတြမွာ ဆံပင္ျဖဴတယ္ဆိုတာ သဘာဝပါပဲ။ အသက္ၾကီးလာရင္ ဆံပင္ျဖဴမယ္ေလ။ ဒါေပမယ့္ ကိုယ့္အသက္က ငယ္ငယ္ေလးနဲ႔ ဆံပင္ျဖဴေတြရွိေနရင္ ဘယ္လိုလုပ္မလဲ။

ဒီလိုငယ္ရြယ္တုန္းအခ်ိန္မွာ ဆံပင္ျဖဴေတြရွိလာတာကို အရြယ္မတိုင္မီ ဆံပင္ျဖဴျခင္းလို႔ေခၚပါတယ္။ သဘာဝအတိုင္းမဟုတ္ေတာ့တာေၾကာင့္ ေဆးပညာအရ သိထားသင့္တဲ့အခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္။ ဆံပင္ျဖဴရျခင္းအေၾကာင္းရင္းေတြကအမ်ားၾကီးရွိပါတယ္။ ေဆးလိပ္ေသာက္ျခင္း၊ အစားအစာ၊ ဆံသားထိန္းသိမ္းမႈနည္းလမ္းမမွန္တာစတဲ့ ေနထိုင္မႈပံုစံတခ်ိဳေၾကာင့္လည္း ငယ္ငယ္ရြယ္ရြယ္နဲ႔ဆံပင္ျဖဴေစနိုင္ပါတယ္။ ေနာက္ထပ္အေၾကာင္းရင္းေတြကေတာ့ ဗီတာမင္ B12 ခ်ိဳ႕တဲ့မႈ၊ေဟာ္မုန္းမညီမွ်မႈနဲ႔ အရြယ္မတိုင္မီေသြးဆံုးျခင္း တို႔ပါဝင္ပါတယ္။ လူတစ္ေယာက္ဟာ အသက္ၾကီးလာတာနဲ႔အမွ် (ဆံပင္ကိုအနက္ေရာင္ျဖစ္ေစတဲ့) melanin pigment ပံုမွန္ပမာဏေလာက္ကို ေပါင္းစပ္ဓာတ္ျပဳနိုင္တဲ့စြမ္းရည္က က်ဆင္းလာပါတယ္။ဒါ့ေၾကာင့္ပဲ ျဖဴလြလြ ဆံႏြယ္ေတြ ျဖစ္လာရတာေပါ့။

ဒီေတာ့ ဒီလို ပံုမွန္မဟုတ္ဘဲျဖဴလာရတဲ့အေၾကာင္းရင္းေတြကိုသိထားမွ သင့္ေတာ္တဲ့ ကုသထိန္းသိမ္းမႈကိုလုပ္နုိင္မွာျဖစ္လို႔ အသက္ငယ္ငယ္နဲ႔ဆံပင္ျဖဴေနျပီဆိုရင္ ကိုယ့္မွာရွိေနနိင္ေလာက္တဲ့ ေအာက္ပါအခ်က္ေတြကို သတိထားပါ။

သိုင္းရိြဳက္ေရာဂါ

ဆံပင္ျဖဴရတဲ့အေၾကာင္းရင္းေတြထဲကတစ္ခုက သိုင္းရိြဳက္ေရာဂါျဖစ္ပါတယ္။ သိုင္းရိြဳက္ရဲ႕လႈပ္ရွားမႈမ်ားလြန္းတာ ဒါမွမဟုတ္ နည္းလြန္းတာေတြက ဆံသားအတြင္း melanin ထြက္ရွိမႈကို ထိခိုက္ေစျပီး အရြယ္မတိုင္မီ ဆံပင္ျဖဴျခင္းကို ျဖစ္လာေစနိုင္ပါတယ္။

ဗီတာမင္ B12 ခ်ိဳ႕တဲ့ျခင္း
B12 ဓာတ္ခ်ိဳ႕တဲ့ရင္ ငယ္ရြယ္စဥ္မွာဆံပင္ျဖဴနိုင္ပါတယ္။ ဗီတာမင္ B12 ၊ ဇင့္နဲ႔ေကာ့ပါးတို႔က ဆံသားအားျဖည့္ေပးတဲ့ဓာတ္ေတြျဖစ္တာေၾကာင့္ B12 ၾကြယ္ဝတဲ့အစားအစာေတြကို ေန႔စဥ္အာဟာရမွာ အျမဲထည့္စားပါ။
မ်ိုးဗီဇ

မိဘေတြမွာ ငယ္ငယ္ေလးနဲ႔ဆံပင္ျဖဴရွိခဲ့ဖူးရင္ ေမြးလာတဲ့သားသမီးမွာလည္း ျဖစ္နုိင္ဖို႔ ပိုမ်ားပါတယ္။

ဗီတာမင္ C နဲ႔ E

ခႏၶာကိုယ္မွာ ဗီတာမင္ C နဲ႔ E ခ်ိဳ႕တဲ့ေနရင္လည္း ဆံပင္ျဖဴလာနိုင္ပါတယ္။ ဒီလိုခ်ိဳ႕တဲ့ရင္ melanin ထုတ္ေပးတဲ့ဆဲလ္ေတြရဲ႕ပမာဏကို ေလ်ာ့နည္းေစျပီး ဆံပင္ျဖဴလာေစပါတယ္။

ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းဟာ အသက္ငယ္ငယ္နဲ႔ဆံပင္ျဖဴေစတဲ့အေၾကာင္းရင္းေတြထဲကတစ္ခုျဖစ္ပါတယ္။ ေဆးလိပ္ေသာက္တဲ့အခါ ေသာက္သံုးသူရဲ႕ခႏၶာကိုယ္ထဲမွာ free radicals ဓာတ္ေတြထြက္ရွိေစျပီး melanin ကိုေလ်ာ့နည္းေစပါတယ္။

အသင့္အလြယ္စားအစားအစာ

အသင့္အလြယ္စားအစားအစာေတြက အသက္ငယ္ရြယ္စဥ္မွာ ဆံပင္ျဖဴေစတဲ့အေၾကာင္းရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အသင့္စား သို႔မဟုတ္ ျပဳျပင္စီမံထားတဲ့အစားအစာေတြဟာ ဆံသားအတြင္းက melanin ဓာတ္ကို ေလ်ာ့နည္းေစျပီး အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ ေစပါတယ္။ ဒီအစားအစာေတြကို ၾကာရွည္စြဲျမဲစားသံုးသူေတြဟာ အရြယ္မတိုင္မီ ဆံပင္ျဖဴလာဖို႔မ်ားပါတယ္။

စိတ္ဖိစီးမႈ
စိတ္ဖိစီးမႈက လူကိုထိခိုက္မႈမ်ားစြာျဖစ္လာေစနိုင္ျပီး စိတ္တုန္လႈပ္ျခင္း၊ဝမ္းနည္းျခင္း၊စိတ္ပူပန္ျခင္းတို႔က melanin ဆဲလ္ေတြကို ပမာဏေလ်ာ့ေစျပီး ငယ္ငယ္နဲ႔ဆံပင္ျဖဴလာေစပါတယ္။
အာဟာရမစံုလင္တဲ့ စားေသာက္ပံုအေလ့အထ

ဘာလို႔ ဆံပင္ျဖဴေတြေတြ႔ေနရလဲ။ အာဟာရမညီမွ်တဲ့စားေသာက္ပံုအေလ့အထရွိရင္ ခ်ိဳ႕တဲ့ေနတဲ့အာဟာရေတြလည္း အမ်ားၾကီးရွိမွာပါပဲ။ ကိုယ့္ခႏၶာကိုယ္က ဗီတာမင္နဲ႔သတၳဳဓာတ္အလံုအေလာက္မရနိုင္တဲ့အခါ လုပ္ေဆာင္ခ်က္ေတြခ်ိဳ႕ယြင္းလာတတ္တာေၾကာင့္ ဆံပင္ျဖဴတာ အပါအဝင္ တျခားက်န္းမာေရးျပႆနာေတြပါျဖစ္ေစနိုင္ပါတယ္။
ဆံပင္အေျခာက္ခံစက္နဲ႔ ေျဖာင့္စက္ေတြအသံုးမ်ားျခင္း

ဒီလိုအသံုးမ်ားျခင္းက ဆံသားကို အားနည္းေစပါတယ္။ ဒီစက္ေတြကေနထြက္ရွိလာတဲ့ အပူရွိန္က melanin ထြက္ရွိမႈကို ထိခိုက္ေစျပီး ဆံပင္ျဖဴလာေစနုိင္ပါတယ္။

ဦးေရျပား မသန္႔ရွင္းျခင္း

တကိုယ္ရည္သန္႔ရွင္းမႈမရွိျခင္းေၾကာင့္ျဖစ္လာတဲ့ ဦးေရျပားမသန္႔ရွင္းမႈကလည္း အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဆံပင္ကို ဂရုမစိုက္ရင္ေတာ့ ဆံပင္ကျဖဴလာမွာပဲျဖစ္ပါတယ္။

ဆံပင္ဆိုးေဆး

မၾကာခဏဆံပင္ဆိုးရင္ ဆံသားပ်က္စီးေစနိင္ပါတယ္။ ဒီဆိုးေဆးေတြမွာ ဓာတ္တုပစၥည္းေတြပါဝင္တာေၾကာင့္ melanin ဆဲလ္ေတြ ကိုလည္းပ်က္စိးေစနိုင္ပါတယ္.

ေစာစီးစြာ ေသြးဆံုးျခင္း

အရြယ္မတိုင္မီေသြးဆံုးျခင္းလကၡဏာခံစားေနရသူေတြဟာ ငယ္ရြယ္စဥ္မွာဆံပင္ျဖဴလာေစနိုင္ပါတယ္။

ေဖာလစ္အက္စစ္ခ်ိဳ႕တဲ့ျခင္း

ေဖာလစ္အက္စစ္ဟာ ခႏၶာကိုယ္ရဲ႕လုပ္ငန္းစဥ္အေတာ္မ်ားမ်ားအတြက္ မရွိမျဖစ္ဓာတ္တစ္မ်ိဳးျဖစ္ျပီး သူခ်ိဳ႕တဲ့ျပီဆိုရင္ ဆံပင္သန္စြမ္းမႈကိုေႏွးေကြးေစနိုင္ရံုမက ဆံပင္ပါျဖဴေစပါတယ္။

ငယ္ငယ္ေလးနဲ႔ ဆံပင္ျဖဴလာမွာကို ဘယ္လိုကာကြယ္မလဲ ?

၁) စိတ္ဖိစီးမႈကိုေလ်ာ့ပါ

၂) အစားအေသာက္ေရြးခ်ယ္မႈခိုင္မာပါေစ

၃) ေဆးလိပ္ျဖတ္ပါ

၄) သိုင္းရိြဳက္အေျခအေနကုိ ဆန္းစစ္ပါ

၅) ေခါင္းေလွ်ာ္ရည္အျပင္းစားေတြမသံုးပါနဲ႔

၆) ဆံပင္ကို ဆီလိမ္းပါ။

၇) ေရေမႊးပါတဲ့ ေခါင္းလိမ္းဆီေတြကိုေရွာင္ပါ။

ဘာေတြစားသင့္သလဲ

လတ္ဆတ္တဲ့ဟင္းသီးဟင္းရြက္မ်ား
ေခ်ာကလက္
ဘယ္ရီသီးမ်ား
ေဆာ္လမြန္ငါး
ဗာဒံေစ့

ဗာဒံေစ့အပါအဝင္ အေစ့အဆံေတြကို စားသံုးေပးရင္ ဆံပင္ျဖဴျခင္းကို သက္သာေစနုိင္ပါတယ္။ ေခ်ာကလက္၊ ငွက္ေပ်ာသီး၊ ဗာဒံေစ့တို႔ကို ေဖ်ာ္ေသာက္ေပးရင္ ဆံပင္နဲ႔ အေရျပားက်န္းမာေရးအတြက္ေကာင္းပါတယ္။

Hello Health Group သည္ ေဆးပညာအၾကံျပဳခ်က္မ်ား၊ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ားမျပဳလုပ္ေပးပါ။

 

Credit : ဖိုးသူေတာ္
Credit: HelloSayarwon

#Unicode Version#
လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။

ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ခေါ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့တာကြောင့် ဆေးပညာအရ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေကအများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူစေနိုင်ပါတယ်။ နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်း တို့ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ (ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓာတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ဒါ့ကြောင့်ပဲ ဖြူလွလွ ဆံနွယ်တွေ ဖြစ်လာရတာပေါ့။

ဒီတော့ ဒီလို ပုံမှန်မဟုတ်ဘဲဖြူလာရတဲ့အကြောင်းရင်းတွေကိုသိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကိုလုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ဆံပင်ဖြူနေပြီဆိုရင် ကိုယ့်မှာရှိနေနိင်လောက်တဲ့ အောက်ပါအချက်တွေကို သတိထားပါ။
သိုင်းရွိုက်ရောဂါ

ဆံပင်ဖြူရတဲ့အကြောင်းရင်းတွေထဲကတစ်ခုက သိုင်းရွိုက်ရောဂါဖြစ်ပါတယ်။ သိုင်းရွိုက်ရဲ့လှုပ်ရှားမှုများလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
ဗီတာမင် B12 ချို့တဲ့ခြင်း

B12 ဓာတ်ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာဆံပင်ဖြူနိုင်ပါတယ်။ ဗီတာမင် B12 ၊ ဇင့်နဲ့ကော့ပါးတို့က ဆံသားအားဖြည့်ပေးတဲ့ဓာတ်တွေဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။
မျိုးဗီဇ

မိဘတွေမှာ ငယ်ငယ်လေးနဲ့ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။
ဗီတာမင် C နဲ့ E

ခန္ဓာကိုယ်မှာ ဗီတာမင် C နဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင် melanin ထုတ်ပေးတဲ့ဆဲလ်တွေရဲ့ပမာဏကို လျော့နည်းစေပြီး ဆံပင်ဖြူလာစေပါတယ်။
ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ်နဲ့ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ခန္ဓာကိုယ်ထဲမှာ free radicals ဓာတ်တွေထွက်ရှိစေပြီး melanin ကိုလျော့နည်းစေပါတယ်။
အသင့်အလွယ်စားအစားအစာ

အသင့်အလွယ်စားအစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာတွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန် စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့များပါတယ်။
စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက လူကိုထိခိုက်မှုများစွာဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ဝမ်းနည်းခြင်း၊စိတ်ပူပန်ခြင်းတို့က melanin ဆဲလ်တွေကို ပမာဏလျော့စေပြီး ငယ်ငယ်နဲ့ဆံပင်ဖြူလာစေပါတယ်။
အာဟာရမစုံလင်တဲ့ စားသောက်ပုံအလေ့အထ

ဘာလို့ ဆံပင်ဖြူတွေတွေ့နေရလဲ။ အာဟာရမညီမျှတဲ့စားသောက်ပုံအလေ့အထရှိရင် ချို့တဲ့နေတဲ့အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့သတ္ထုဓာတ်အလုံအလောက်မရနိုင်တဲ့အခါ လုပ်ဆောင်ချက်တွေချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါဖြစ်စေနိုင်ပါတယ်။
ဆံပင်အခြောက်ခံစက်နဲ့ ဖြောင့်စက်တွေအသုံးများခြင်း

ဒီလိုအသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။
ဦးရေပြား မသန့်ရှင်းခြင်း

တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းကြောင့်ဖြစ်လာတဲ့ ဦးရေပြားမသန့်ရှင်းမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်ကဖြူလာမှာပဲဖြစ်ပါတယ်။
ဆံပင်ဆိုးဆေး

မကြာခဏဆံပင်ဆိုးရင် ဆံသားပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတ်တုပစ္စည်းတွေပါဝင်တာကြောင့် melanin ဆဲလ်တွေ ကိုလည်းပျက်စိးစေနိုင်ပါတယ်.
စောစီးစွာ သွေးဆုံးခြင်း

အရွယ်မတိုင်မီသွေးဆုံးခြင်းလက္ခဏာခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာဆံပင်ဖြူလာစေနိုင်ပါတယ်။
ဖောလစ်အက်စစ်ချို့တဲ့ခြင်း

ဖောလစ်အက်စစ်ဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်အတော်များများအတွက် မရှိမဖြစ်ဓာတ်တစ်မျိုးဖြစ်ပြီး သူချို့တဲ့ပြီဆိုရင် ဆံပင်သန်စွမ်းမှုကိုနှေးကွေးစေနိုင်ရုံမက ဆံပင်ပါဖြူစေပါတယ်။
ငယ်ငယ်လေးနဲ့ ဆံပင်ဖြူလာမှာကို ဘယ်လိုကာကွယ်မလဲ

၁) စိတ်ဖိစီးမှုကိုလျော့ပါ

၂) အစားအသောက်ရွေးချယ်မှုခိုင်မာပါစေ

၃) ဆေးလိပ်ဖြတ်ပါ

၄) သိုင်းရွိုက်အခြေအနေကို ဆန်းစစ်ပါ

၅) ခေါင်းလျှော်ရည်အပြင်းစားတွေမသုံးပါနဲ့

၆) ဆံပင်ကို ဆီလိမ်းပါ။

၇) ရေမွှေးပါတဲ့ ခေါင်းလိမ်းဆီတွေကိုရှောင်ပါ။
ဘာတွေစားသင့်သလဲ

လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များ
ချောကလက်
ဘယ်ရီသီးများ
ဆော်လမွန်ငါး
ဗာဒံစေ့

ဗာဒံစေ့အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ချောကလက်၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို ဖျော်သောက်ပေးရင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

 

Credit : ဖိုးသူတော်
Credit: HelloSayarwon

error: Content is protected !!