ဗုဒ္ဓကို သရော်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် တရုတ်ပြည် ဝင်ခွင့်မရတဲ့ ကမ္ဘာ့နံပါတ် ၁ မော်ဒယ်




Swimsuit 2014: New Jersey
Gigi Hadid
NJ, USA
9/3/2013
X156875 TK1
Credit: Ben Watts

=====================
Credit myanmar load

အမေရိကန် ဖက်ရှင်မော်ဒယ်လ် Gigi Hadid ဟာ ဒီနှစ် တရုတ်ပြည် ရှန်ဟိုင်းမှာ ကျင်းပမယ့် Victoria’s Secret Fashion Show မှာ ပါဝင်မှာ မဟုတ်ပါဘူး။ Gigi ဟာ September လတုန်းက အွန်လိုင်းဗီဒီယို တစ်ခုမှာ ဗုဒ္ဓမြတ်စွာဘုရားမျက်နှာတော်ပုံမှာ ဘုရားမျက်လုံးတော်ကို စွေစောင်းသလို လုပ်ထားတဲ့ မုန့်ကို ကိုင်ပြခဲ့လို့ လူမျိုးရေး ခွဲခြားသူ အဖြစ် စွပ်စွဲခံခဲ့ရပြီး visa ကန့်သတ်ခံခဲ့ရတာပါ။

အွန်လိုင်းဗီဒီယိုထဲမှာ Gigi က ဗုဒ္ဓဘာသာကို လှောင်ပြောင်သလို ဖြစ်နေလို့ တရုတ်ပြည်က စိတ်ဆိုးခဲ့တာပါ။ ရာပေါင်းများစွာသော တရုတ်လူမျိုးတွေက Gigi ကို ဒေါသအချောင်းချောင်း ထွက်ခဲ့ကြပြီး Gigi ကို သူတို့နိုင်ငံမှာ လုပ်တဲ့ VS fashion show မှာ ပါဝင်ခွင့် မပြုဘူး လို့ ပြောခဲ့ပါတယ်။ အခု Gigi က ဒီနှစ်ရှိုးမှာ မပါဝင်ပါဘူး။ တွစ်တာမှာ “ကျွန်မ စိတ်ညစ်ပါတယ်။ ဒီနှစ် တရုတ်ပြည်မှာ လုပ်မယ့် ဖက်ရှင်ရှိုးမှာ မပါဝင်နိုင်တော့ပါဘူး။ ငါ့ရဲ့ VS မိသားစုလေးကို ချစ်တယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေကို မှန်းပြီး အားပေးနေမယ်။ ရှိုးကို TVက လွှင့်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး။ နောက်နှစ်မှာ ပါဝင်ဖို့လည်း မစောင့်နိုင်တော့ဘူး။” လို့ Gigi က ရေးထားပါတယ်။

ဒီဗီဒီယိုကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့တာကိုတော့ Gigi က ဘာမှမတုံပြန် ထားပါဘူး။ Bella Hadid ကတော့ ရှိုးလျှောက်မှာပါ။ တွစ်တာသုံးသူ အချို့ကတော့ Gigi Hadid က ဘာလို ဒီနှစ် မပါဝင်ဖြစ်တဲ့ အကြောင်းကို ထင်ကြေးပေးပြောဆိုခဲ့ကြပါတယ်။ “အဲ့တာက သူ တရုတ်တွေ မျက်လုံးကို ပြောင်ခဲ့လိုလေ။ တရုတ်ပြည်က ဥပဒေ နဲ့ ပတ်သက်ရင် အရမ်းကြမ်းတယ်။ ဒီတော့ သူ့ဗီဇာကို အသိအမှတ် မပြုခဲ့တာ။” “တရုတ်နိုင်ငံ လုပ်တာမှန်တယ်ဗျ။ ဒါဟာ သူ့လုပ်ခဲ့တဲ့ အကျိုးဆက်တွေ။ Gigi အတွက် သင်ခန်းစာပါပဲ။ ကျူးလွန်ခြင်းကို တောင်းပန်ခြင်းက မချေဖျက်နိုင်ပါဘူး။” “နင်အဲ့မှာပဲ နေပြီး ကိုယ့်ထမင်းကိုယ်စား” လို့ ဝေဖန်ခဲ့သလို Gigi မပါလို့ မပျော်တဲ့သူတွေလည်း ရှိပါတယ်

error: Content is protected !!