ေဖ့စ္ဘြက္အေကာင့္ေတြ ေဖ်ာက္သြားၾကတဲ့ေအာင္သူနဲ႔ ပိုးအိအိခန္႔

ေဘာလံုးသမား ေအာင္သူနဲ႔ သူ႔ခ်စ္သူ သရုပ္ေဆာင္ ပိုးအိအိခန္႔တို႔ႏွစ္ေယာက္ကေတာ့ ေဖ့စ္ဘြက္မွာ အေကာင့္ေတြ ကိုယ္စီ ေဖ်ာက္သြားၾကတာကို ေတြ႔ရပါတယ္။ ယမန္ေန႔ညက နာမည္ႀကီးခဲ့တဲ့ သတင္းမ်ားထြက္လာၿပီးေနာက္ ယာယီ( ဒီအက္တီဗိတ္ ) ပိတ္သြားၾကတာလို႔ ယူဆရပါတယ္။

ျမန္မာ့လက္ေရြးစင္ အေကာင္းဆံုးကစားသမားတစ္ေယာက္ အျဖစ္ လူသိမ်ားခဲ့ၿပီး ခု ထိုင္းကလပ္တစ္ခုမွာ စာခ်ဳပ္နဲ႔ သြားေရာက္ ကစားေနရတဲ့ ေအာင္သူရဲ့နဲ႔ သရုပ္ေဆာင္တစ္ေယာက္ျဖစ္သူ ပိုးအိအိခန္႔တို႔ႏွစ္ေယာက္က မေန႔ (ဖန္နဝြ၇ီလ ၂၈ ရက္) ညကပဲ သူတို႔ရဲ့ ေဖ့စ္ဘြက္အေကာင့္ေတြမွာ ရီေလးရွင္းရွစ္ကိုယ္စီ ခ်ိတ္ခဲ့ၾကပါတယ္။ ဒီသတင္းဟာ ေဖ့စ္ဘြက္မွာ ခ်က္ျခင္းျပန္႔ႏွံ႔ခဲ့ပါတယ္။

ဒီမနက္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ့ အေကာင့္ေတြဟာ ေဖ့စ္ဘြက္မွာ (ယခုအခ်ိန္ထိ) ရွာမရျဖစ္ေနတာပါ။ မၾကာခင္ေတာ့ ျပန္ေပၚလာမယ္လို႔ ယူဆရပါတယ္။ ေအာင္သူရဲ့ ပရိတ္သတ္ေတြကလည္း ေအာင္သူကို အႏုပညာအသိုင္းအဝုိင္ငးရဲ့ ခပ္ရႈပ္ရႈပ္ေလာကထဲ ဝင္ေရာက္သြားမိၿပီး သူ႔ရဲ့ စြမ္းရည္ေတြပ်က္သြားမွား စိုးရိမ္ေနေၾကာင္း ေရးသားေနၾကတာ ေတြ႔ရပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ့ အခ်စ္သတင္းဟာ ၿပီးခဲ့တဲ့ ၁၈ ရက္ခန္႔တည္းက ထြက္ေပၚခဲ့တာျဖစ္ၿပီး ထိုစဥ္ကလည္း ေအာင္သူဟာ သူ႔ရဲဲ့အေကာင့္ကို ေခတၱပိတ္သြားခဲ့ပါေသးတယ္။ မေန႔ညကေတာ့ အတိအလင္းကို ခ်ျပခဲ့ၾကၿပီး ေအာင္သူကိုယ္တိုင္ကလည္း ပိုးအိအိခန္႔ကို အိပ္ယာထက အိပ္ယာဝင္ခ်ိန္ထိ လြမ္းေနေၾကာင္း အတိအလင္းေရးသားလာပါတယ္။

Related image

SOURCE@PANNPWINT

==============================

Image result for ပိုးအိအိခန္႔

ဘောလုံးသမား အောင်သူနဲ့ သူ့ချစ်သူ သရုပ်ဆောင် ပိုးအိအိခန့်တို့နှစ်ယောက်ကတော့ ဖေ့စ်ဘွက်မှာ အကောင့်တွေ ကိုယ်စီ ဖျောက်သွားကြတာကို တွေ့ရပါတယ်။ ယမန်နေ့ညက နာမည်ကြီးခဲ့တဲ့ သတင်းများထွက်လာပြီးနောက် ယာယီ( ဒီအက်တီဗိတ် ) ပိတ်သွားကြတာလို့ ယူဆရပါတယ်။

မြန်မာ့လက်ရွေးစင် အကောင်းဆုံးကစားသမားတစ်ယောက် အဖြစ် လူသိများခဲ့ပြီး ခု ထိုင်းကလပ်တစ်ခုမှာ စာချုပ်နဲ့ သွားရောက် ကစားနေရတဲ့ အောင်သူရဲ့နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ပိုးအိအိခန့်တို့နှစ်ယောက်က မနေ့ (ဖန်နဝွရီလ ၂၈ ရက်) ညကပဲ သူတို့ရဲ့ ဖေ့စ်ဘွက်အကောင့်တွေမှာ ရီလေးရှင်းရှစ်ကိုယ်စီ ချိတ်ခဲ့ကြပါတယ်။ ဒီသတင်းဟာ ဖေ့စ်ဘွက်မှာ ချက်ခြင်းပြန့်နှံ့ခဲ့ပါတယ်။

ဒီမနက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အကောင့်တွေဟာ ဖေ့စ်ဘွက်မှာ (ယခုအချိန်ထိ) ရှာမရဖြစ်နေတာပါ။ မကြာခင်တော့ ပြန်ပေါ်လာမယ်လို့ ယူဆရပါတယ်။ အောင်သူရဲ့ ပရိတ်သတ်တွေကလည်း အောင်သူကို အနုပညာအသိုင်းအဝိုင်ငးရဲ့ ခပ်ရှုပ်ရှုပ်လောကထဲ ဝင်ရောက်သွားမိပြီး သူ့ရဲ့ စွမ်းရည်တွေပျက်သွားမှား စိုးရိမ်နေကြောင်း ရေးသားနေကြတာ တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်သတင်းဟာ ပြီးခဲ့တဲ့ ၁၈ ရက်ခန့်တည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး ထိုစဉ်ကလည်း အောင်သူဟာ သူ့ရဲဲ့အကောင့်ကို ခေတ္တပိတ်သွားခဲ့ပါသေးတယ်။ မနေ့ညကတော့ အတိအလင်းကို ချပြခဲ့ကြပြီး အောင်သူကိုယ်တိုင်ကလည်း ပိုးအိအိခန့်ကို အိပ်ယာထက အိပ်ယာဝင်ချိန်ထိ လွမ်းနေကြောင်း အတိအလင်းရေးသားလာပါတယ်။

SOURCE@PANNPWINT

error: Content is protected !!