ရိုးသားၿပီးႀကိဳးစားရင္ ေအာင္ျမင္ႏိုင္တယ္လို႔ သက္ေသျပခဲ့သူ

လင့္ခ္လမ္းလမ္းဆံုမွာ သူ႔ကိုမသိတဲ့သူမရွိ။ ယာဥ္ထိန္းရဲေတာ္ေတာ္မ်ားမ်ားထဲမွာမွ ျပည္သူ႔အခ်စ္ကိုခံယူထားတဲ့ ထူးထူးျခားျခားယာဥ္ထိန္းရဲတစ္ေယာက္။ သူ႔လုိအလုပ္ကို ခ်စ္ျမတ္ႏို္းတဲ့သူမ်ိဳးကို ကၽြန္ေတာ္တို႔ျမင္ ေတြ႔ဖို႔မလြယ္။ “ေနပူသလား” သူရွိသည္။ “မိုးရြာသလား” သူရွိသည္။ ဒီလုိမ်ိဳး ရိုးရိုးသားသားႀကိဳးစားတဲ့အတြက္လူတိုင္းရဲ႕အသိအမွတ္ျပဳမႈကိုခံရသည္။ လင့္ခ္လမ္းလမ္းဆံုကို ျဖတ္ဖူးတဲ့သူတိုင္း ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီး ခင္ျမင့္ေမာင္ကို သိၾကသည္ မဟုတ္ပါလား။

၂၀၀၈ ႏိုဝင္ဘာေလာက္မွာ ေနာက္ဆံုးႏွစ္ေျဖၿပီးၿပီးခ်င္း လူငယ္ေလးခင္ျမင့္ေမာင္တစ္ေယာက္ ရန္ကုန္တက္လာခဲ့သည္။ ရန္ကုန္ေရာက္ေတာ့ ဦးေလးဆီမွာ တည္းခိုသည္။ ဦးေလးက ယာဥ္ထိန္းရဲအရာရွိတစ္ေယာက္ျဖစ္ၿပီး သဃၤန္းကၽြန္းနယ္ေျမ (၄) ဝန္းထဲမွာေနထိုင္သည္။

“အဲ့ဒီဝန္းက တစ္ဖက္ကယာဥ္ထိန္း၊ တစ္ဖက္က စခန္းရဲ ညီေလးရ။ အစ္ကိုက အဲ့ဒီမွာတည္းရင္းကေန ယာဥ္ထိန္းရဲ ျဖစ္လာတာ”

အတိတ္ကိုျပန္သတိရတဲ့ မ်က္ဝန္းေတြနဲ႔ကိုခင္ျမင့္ေမာင္က ကၽြန္ေတာ့္ကိုေျပာသည္။

အရင္ကေတာ့ ယာဥ္ထိန္းရဲေတြကို နယ္ေျမ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ ဆိုၿပီး ခြဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္အလုိက္သာခြဲျခားေတာ့သည္။ အစ္ကိုက ယာဥ္ထိန္းရဲ တန္းျဖစ္လာတဲ့သူေတာ့မဟုတ္။ ဝက္ထီးကန္မွာ ရဲေလ့က်င့္ေရးသင္တန္း အရင္တက္ရသည္။ အဝိုင္းေလးက ဦးထုပ္နီလို႔ေခၚၾကတဲ့ အဓိကရုန္းႏွိမ္နင္း ေရးတပ္မွာ ခုႏွွစ္လေလာက္ၾကာသည္။ ေနာက္ေတာ့မွ ယာဥ္ထိန္းရဲအျဖစ္ေလွ်ာက္တဲ့သူေတြကို ေနျပည္ေတာ္က ကလွမ္းေခၚသည္။ ဒီလိုနဲ႔ပဲ အစ္ကိုခင္ျမင့္ေမာင္တစ္ေယာက္ ယာဥ္ထိန္းရဲျဖစ္လာသည္။

“အစ္ကို စစခ်င္းတာဝန္ထမ္းေဆာင္တာက ရွစ္မိုင္လမ္းဆံုမီးပြိဳင့္၊ ေနာက္ေတာ့ ေအဒီပြိဳင့္ကို တာဝန္က်တယ္၊ ၿပီးေတာ့ ဆီဒိုးနားေရွ႕က မီးပြိဳင့္၊ အခုေတာ့ ဒီလင့္ခ္လမ္းလမ္းဆံမုာေပါ့”

တာဝန္ထမ္းေဆာင္ခဲ့တဲ့ အခ်ိန္ေတြကိုဂုဏ္ယူေနသည့္စိတ္က အစ္ကို႔မ်က္ႏွာမွာ အထင္သားေပၚေနသည္။

၂၀၁၁ ႏွစ္လယ္ေလာက္တုန္းက အစ္ကိုေနျပည္ေတာ္ကို ေခတၱေျပာင္းေရႊ႕သြားရသည္။ ေနာက္ေတာ့ သိပ္မၾကာပါ။ အစ္ကိုလင့္ခ္လမ္း လမ္းဆံုကိုျပန္ေရာက္လာသည္။ အစ္ကိုကယာဥ္ေမာင္းတိုင္း သတိတရရွိေနတဲ့ယာဥ္ထိန္းရဲတစ္ဦး မဟုတ္ပါလား။

အင္တာဗ်ဴးလုပ္တဲ့ေန႔ ေနပူူပူမွာအလုပ္လုပ္ေနတဲ့ အစ္ကုိ႔ကိုလက္ေဆာင္ေပးဖို႔ ေရဓါတ္ျပန္ျဖည့္ေပးတဲ့ 100PLUS အခ်ိဳရည္ ကၽြန္ေတာ္ဝယ္သြားသည္။ အစ္ကိုနဲ႔ေတြ႔ဖို႔ကၽြန္ေတာ္သြားေတာ့ ေန႔လည္ ၁ နာရီခြဲေနၿပီ။ 100PLUS ၁ ကဒ္ထမ္းလာ တဲ့ ကၽြန္ေတာ့္ကိုျမင္ေတာ့ အစ္ကိုလက္လွမ္းျပသည္။

“ညီေလးရာ တစ္ဘူး၊ ႏွစ္ဘူးဆို ရပါၿပီကြာ။ အဲ့ဒီေလာက္အမ်ားႀကီးအစ္ကို႔အတြက္ မလိုအပ္ပါဘူး” တဲ့။ အစ္ကိုအဲ့ဒီေလာက္အထိရိုးရွင္းတဲ့သူ။ အင္တာဗ်ဴးကို လင့္ခ္လမ္းေထာင့့္ Gastro ဆိုင္မွလုပ္ဖို႔ေျပာေပမယ္ ့အစ္ကိုကကၽြန္ေတာ့္ကို အားနာေနသည္ထင္သည္။

“ညီေလးတို႔အဆင္ေျပမယ္ဆိုရင္ေရွ႕က ဘုန္းႀကီးေက်ာင္းကုန္းေပၚမွာလုပ္မလား။ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ေအးေအးေဆးေဆးပဲ”။ ဒါနဲ႔ပဲကၽြန္ေတာ္တို႔ ဘုန္းႀကီးေက်ာင္းကုန္းေပၚမွာ စကားလက္ဆံုက်သြားၾကသည္။

အလုပ္နဲ႔ပက္သက္ၿပီး သူ႔ရဲ႕ ခံယူခ်က္ကို အစ္ကိုက အခုလိုေျပာသည္။

“အစ္ကိုရဲ႕ ခံယူခ်က္ကို ေျပာမယ္ေနာ္။ အလုပ္ဆိုတာ ၿပီးေျမာက္ေအာင္လုပ္မွ အလုပ္။ အလုပ္တစ္ခုကို သူမ်ားခိုင္းလို႔ပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕စီးပြားေရးပဲျဖစ္ျဖစ္၊ ဌာနကညႊန္ၾကားလို႔ပဲျဖစ္ျဖစ္၊ ကုိယ့္ရဲ႕စိတ္ဆႏၵနဲ႔ပဲျဖစ္ျဖစ္ ဘယ္လုိအလုပ္မ်ိဳးကိုမဆို တာဝန္ေက်ပြန္မွ အလုပ္ၿပီးေျမာက္တယ္လို႔ေခၚတယ္။ အဲ့ဒီလိုအလုပ္လုပ္တဲ့ ေနရာမွာ စိတ္ေပ်ာ္ရႊင္ေနရမယ္။ “

အေျပာနဲ႔အလုပ္ တကယ္ကိုကိုက္တဲ့လူတစ္ဦးအျဖစ္ ကၽြန္ေတာ္စိတ္ထဲက ႀကိတ္ၿပီးခ်ီးက်ဴးမိသည္။ လူငယ္ေတြ ကို ဘာေျပာခ်င္လဲဆိုေတာ့

“လူေတြက တစ္ခုခုလုပ္ရင္ ကုိယ့္ခ်ည္းပဲေအာင္ျမင္ခ်င္ၾကတယ္။ ေနရာတိုင္းမွာ အဲ့လိုပဲ။ သတၱေလာက တစ္ခုလံုးမွာ အဲ့ဒီလိုပဲ။ ဒါေပမယ့္လူဆိုတာက တစ္ေယာက္တည္းေအာင္ျမင္ခ်င္လို႔မရဘူး။ ကိုယ္ပတ္ဝန္းက်င္ကိုလည္းၾကည့္ရတယ္။ ေနရာတိုင္းမွာ ကိုယ့္ဖို႔တစ္ဖို႔ပဲမၾကည့္နဲ႔။ တစ္ေယာက္တည္းေအာင္ ျမင္ခ်င္တဲ့အက်င့္ကို ေဖ်ာက္။ ေအာင္ျမင္ခ်င္ရင္ ႀကိဳးစားရမယ္ညီေလး။ ဘယ္ေလာက္ပဲပါရမီ ရွိရွိမႀကိဳးစားရင္ မေအာင္ျမင္ႏို္င္ဘူး။ အစ္ကိုတို႔ဘုရားေတာင္မွ ပါရမီဓါတ္ခံပါၿပီးသား။ ဒါေပမယ့္ ႀကိဳးစားရတယ္။ ရြာကလူပဲျဖစ္ျဖစ္၊ ၿမိဳ႕ကလူပဲျဖစ္ျဖစ္ႀကိဳးစားရမယ္။ ႀကိဳးစားတဲ့ေနရာမွာလည္း ေကာင္းတဲ့ဖက္မွာ ပိုၿပီးေတာ့ ႀကိဳးစားေစခ်င္တယ္။”

လုိ႔ေျပာရင္း နဖူးကေခၽြးေတြကို လက္နဲ႔တစ္ခ်က္သုတ္လိုက္သည္။

တကယ္ေတာ့ အစ္ကိုက ရခိုင္ျပည္နယ္ရြာကေလးတစ္ရြာကေန ရန္ကုန္ၿမိဳ႕ကို တက္လာခဲ့တဲ့သူ။ ငယ္ငယ္က ရန္ကုန္ကိုဖုန္းဆက္ခ်င္တယ္ဆိုရင္ စစ္ေတြၿမိဳ႕ေပၚအထိတက္လာၿပီး ဖုန္းဆက္ခဲ့ရတဲ့ဘဝ။ ဦးေလးနဲ႔အတူ ယာဥ္ထိန္းရဲဝန္းထဲမွာေနရင္းနဲ႔ ယာဥ္ထိန္းရဲျဖစ္ခ်င္စိတ္ေတြတစ္ဖြားဖြား ျဖစ္ေပၚခဲ့ရာက ကိုယ့္ရဲ႕ရည္မွန္းခ်က္ ကို တစ္စိုက္မတ္မတ္အေကာင္အထည္ေဖာ္ခဲ့တဲ့သူ။

ေျဖာင့္တဲ့မတ္တဲ့သစ္ပင္ေတြဟာ အရင္ခုတ္ခံရတတ္တယ္တဲ့လား။ သူမ်ားမုိးခါးေရေသာက္ရင္ ကုိယ္လည္း လိုက္ေသာက္ရမယ္တဲ့လား။ တကယ္ေတာ့ ရိုးသားေျဖာင့္မတ္တဲ့သူေတြအတြက္ ေနရာတစ္ခုဆိုတာ ရွိၿပီးသား ျဖစ္သည္။

ကၽြန္ေတာ့္ကို လက္ဆြဲႏႈတ္ဆက္ရင္း “ဘဝမွာ ႀကိဳးစားပါညီေလး” ဟု အစ္ကိုက မွာသည္။ ၿပီးေတာ့ တာဝန္က်ရာေနရာကို ျပန္ထြက္သြားသည္။ ခဏတာေတြ႕ၾကေပမယ့္ ညီအစ္ကိုရင္းခ်ာေတြလို ကၽြန္ေတာ္ခံစားရသည္။ တကယ္ေတာ့ တပ္ၾကပ္ႀကီးခင္ျမင့္ေမာင္ဆိုတာ ရိုးသားႀကိဳးစားရင္ေအာင္ျမင္ႏိုင္တယ္လို႔ လူငယ္ေတြကို အရွင္လတ္လတ္ သက္ေသျပခဲ့တဲ့သူတစ္ဦး မဟုတ္ပါလား။

မင္းသုခ (အခရာ)

လင့်ခ်လမ်းလမ်းဆုံမှာ သူ့ကိုမသိတဲ့သူမရှိ။ ယာဉ်ထိန်းရဲတော်တော်များများထဲမှာမှ ပြည်သူ့အချစ်ကိုခံယူထားတဲ့ ထူးထူးခြားခြားယာဉ်ထိန်းရဲတစ်ယောက်။ သူ့လိုအလုပ်ကို ချစ်မြတ်နို်းတဲ့သူမျိုးကို ကျွန်တော်တို့မြင် တွေ့ဖို့မလွယ်။ “နေပူသလား” သူရှိသည်။ “မိုးရွာသလား” သူရှိသည်။ ဒီလိုမျိုး ရိုးရိုးသားသားကြိုးစားတဲ့အတွက်လူတိုင်းရဲ့အသိအမှတ်ပြုမှုကိုခံရသည်။ လင့်ခ်လမ်းလမ်းဆုံကို ဖြတ်ဖူးတဲ့သူတိုင်း ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို သိကြသည် မဟုတ်ပါလား။

၂၀၀၈ နိုဝင်ဘာလောက်မှာ နောက်ဆုံးနှစ်ဖြေပြီးပြီးချင်း လူငယ်လေးခင်မြင့်မောင်တစ်ယောက် ရန်ကုန်တက်လာခဲ့သည်။ ရန်ကုန်ရောက်တော့ ဦးလေးဆီမှာ တည်းခိုသည်။ ဦးလေးက ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ဖြစ်ပြီး သင်္ဃန်းကျွန်းနယ်မြေ (၄) ဝန်းထဲမှာနေထိုင်သည်။

“အဲ့ဒီဝန်းက တစ်ဖက်ကယာဉ်ထိန်း၊ တစ်ဖက်က စခန်းရဲ ညီလေးရ။ အစ်ကိုက အဲ့ဒီမှာတည်းရင်းကနေ ယာဉ်ထိန်းရဲ ဖြစ်လာတာ”

အတိတ်ကိုပြန်သတိရတဲ့ မျက်ဝန်းတွေနဲ့ကိုခင်မြင့်မောင်က ကျွန်တော့်ကိုပြောသည်။

အရင်ကတော့ ယာဉ်ထိန်းရဲတွေကို နယ်မြေ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ရ ဆိုပြီး ခွဲပေမယ့် နောက်ပိုင်းမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက်သာခွဲခြားတော့သည်။ အစ်ကိုက ယာဉ်ထိန်းရဲ တန်းဖြစ်လာတဲ့သူတော့မဟုတ်။ ဝက်ထီးကန်မှာ ရဲလေ့ကျင့်ရေးသင်တန်း အရင်တက်ရသည်။ အဝိုင်းလေးက ဦးထုပ်နီလို့ခေါ်ကြတဲ့ အဓိကရုန်းနှိမ်နင်း ရေးတပ်မှာ ခုနှှစ်လလောက်ကြာသည်။ နောက်တော့မှ ယာဉ်ထိန်းရဲအဖြစ်လျှောက်တဲ့သူတွေကို နေပြည်တော်က ကလှမ်းခေါ်သည်။ ဒီလိုနဲ့ပဲ အစ်ကိုခင်မြင့်မောင်တစ်ယောက် ယာဉ်ထိန်းရဲဖြစ်လာသည်။

“အစ်ကို စစချင်းတာဝန်ထမ်းဆောင်တာက ရှစ်မိုင်လမ်းဆုံမီးပွိုင့်၊ နောက်တော့ အေဒီပွိုင့်ကို တာဝန်ကျတယ်၊ ပြီးတော့ ဆီဒိုးနားရှေ့က မီးပွိုင့်၊ အခုတော့ ဒီလင့်ခ်လမ်းလမ်းဆံမုာပေါ့”

တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တွေကိုဂုဏ်ယူနေသည့်စိတ်က အစ်ကို့မျက်နှာမှာ အထင်သားပေါ်နေသည်။

၂၀၁၁ နှစ်လယ်လောက်တုန်းက အစ်ကိုနေပြည်တော်ကို ခေတ္တပြောင်းရွှေ့သွားရသည်။ နောက်တော့ သိပ်မကြာပါ။ အစ်ကိုလင့်ခ်လမ်း လမ်းဆုံကိုပြန်ရောက်လာသည်။ အစ်ကိုကယာဉ်မောင်းတိုင်း သတိတရရှိနေတဲ့ယာဉ်ထိန်းရဲတစ်ဦး မဟုတ်ပါလား။

အင်တာဗျူးလုပ်တဲ့နေ့ နေပူူပူမှာအလုပ်လုပ်နေတဲ့ အစ်ကို့ကိုလက်ဆောင်ပေးဖို့ ရေဓါတ်ပြန်ဖြည့်ပေးတဲ့ 100PLUS အချိုရည် ကျွန်တော်ဝယ်သွားသည်။ အစ်ကိုနဲ့တွေ့ဖို့ကျွန်တော်သွားတော့ နေ့လည် ၁ နာရီခွဲနေပြီ။ 100PLUS ၁ ကဒ်ထမ်းလာ တဲ့ ကျွန်တော့်ကိုမြင်တော့ အစ်ကိုလက်လှမ်းပြသည်။

“ညီလေးရာ တစ်ဘူး၊ နှစ်ဘူးဆို ရပါပြီကွာ။ အဲ့ဒီလောက်အများကြီးအစ်ကို့အတွက် မလိုအပ်ပါဘူး” တဲ့။ အစ်ကိုအဲ့ဒီလောက်အထိရိုးရှင်းတဲ့သူ။ အင်တာဗျူးကို လင့်ခ်လမ်းထောင့့် Gastro ဆိုင်မှလုပ်ဖို့ပြောပေမယ် ့အစ်ကိုကကျွန်တော့်ကို အားနာနေသည်ထင်သည်။

“ညီလေးတို့အဆင်ပြေမယ်ဆိုရင်ရှေ့က ဘုန်းကြီးကျောင်းကုန်းပေါ်မှာလုပ်မလား။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေးပဲ”။ ဒါနဲ့ပဲကျွန်တော်တို့ ဘုန်းကြီးကျောင်းကုန်းပေါ်မှာ စကားလက်ဆုံကျသွားကြသည်။

အလုပ်နဲ့ပက်သက်ပြီး သူ့ရဲ့ ခံယူချက်ကို အစ်ကိုက အခုလိုပြောသည်။

“အစ်ကိုရဲ့ ခံယူချက်ကို ပြောမယ်နော်။ အလုပ်ဆိုတာ ပြီးမြောက်အောင်လုပ်မှ အလုပ်။ အလုပ်တစ်ခုကို သူများခိုင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စီးပွားရေးပဲဖြစ်ဖြစ်၊ ဌာနကညွှန်ကြားလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအလုပ်မျိုးကိုမဆို တာဝန်ကျေပွန်မှ အလုပ်ပြီးမြောက်တယ်လို့ခေါ်တယ်။ အဲ့ဒီလိုအလုပ်လုပ်တဲ့ နေရာမှာ စိတ်ပျော်ရွှင်နေရမယ်။ “

အပြောနဲ့အလုပ် တကယ်ကိုကိုက်တဲ့လူတစ်ဦးအဖြစ် ကျွန်တော်စိတ်ထဲက ကြိတ်ပြီးချီးကျူးမိသည်။ လူငယ်တွေ ကို ဘာပြောချင်လဲဆိုတော့

“လူတွေက တစ်ခုခုလုပ်ရင် ကိုယ့်ချည်းပဲအောင်မြင်ချင်ကြတယ်။ နေရာတိုင်းမှာ အဲ့လိုပဲ။ သတ္တလောက တစ်ခုလုံးမှာ အဲ့ဒီလိုပဲ။ ဒါပေမယ့်လူဆိုတာက တစ်ယောက်တည်းအောင်မြင်ချင်လို့မရဘူး။ ကိုယ်ပတ်ဝန်းကျင်ကိုလည်းကြည့်ရတယ်။ နေရာတိုင်းမှာ ကိုယ့်ဖို့တစ်ဖို့ပဲမကြည့်နဲ့။ တစ်ယောက်တည်းအောင် မြင်ချင်တဲ့အကျင့်ကို ဖျောက်။ အောင်မြင်ချင်ရင် ကြိုးစားရမယ်ညီလေး။ ဘယ်လောက်ပဲပါရမီ ရှိရှိမကြိုးစားရင် မအောင်မြင်နို်င်ဘူး။ အစ်ကိုတို့ဘုရားတောင်မှ ပါရမီဓါတ်ခံပါပြီးသား။ ဒါပေမယ့် ကြိုးစားရတယ်။ ရွာကလူပဲဖြစ်ဖြစ်၊ မြို့ကလူပဲဖြစ်ဖြစ်ကြိုးစားရမယ်။ ကြိုးစားတဲ့နေရာမှာလည်း ကောင်းတဲ့ဖက်မှာ ပိုပြီးတော့ ကြိုးစားစေချင်တယ်။”

လို့ပြောရင်း နဖူးကချွေးတွေကို လက်နဲ့တစ်ချက်သုတ်လိုက်သည်။

တကယ်တော့ အစ်ကိုက ရခိုင်ပြည်နယ်ရွာကလေးတစ်ရွာကနေ ရန်ကုန်မြို့ကို တက်လာခဲ့တဲ့သူ။ ငယ်ငယ်က ရန်ကုန်ကိုဖုန်းဆက်ချင်တယ်ဆိုရင် စစ်တွေမြို့ပေါ်အထိတက်လာပြီး ဖုန်းဆက်ခဲ့ရတဲ့ဘဝ။ ဦးလေးနဲ့အတူ ယာဉ်ထိန်းရဲဝန်းထဲမှာနေရင်းနဲ့ ယာဉ်ထိန်းရဲဖြစ်ချင်စိတ်တွေတစ်ဖွားဖွား ဖြစ်ပေါ်ခဲ့ရာက ကိုယ့်ရဲ့ရည်မှန်းချက် ကို တစ်စိုက်မတ်မတ်အကောင်အထည်ဖော်ခဲ့တဲ့သူ။

ဖြောင့်တဲ့မတ်တဲ့သစ်ပင်တွေဟာ အရင်ခုတ်ခံရတတ်တယ်တဲ့လား။ သူများမိုးခါးရေသောက်ရင် ကိုယ်လည်း လိုက်သောက်ရမယ်တဲ့လား။ တကယ်တော့ ရိုးသားဖြောင့်မတ်တဲ့သူတွေအတွက် နေရာတစ်ခုဆိုတာ ရှိပြီးသား ဖြစ်သည်။

ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ရင်း “ဘဝမှာ ကြိုးစားပါညီလေး” ဟု အစ်ကိုက မှာသည်။ ပြီးတော့ တာဝန်ကျရာနေရာကို ပြန်ထွက်သွားသည်။ ခဏတာတွေ့ကြပေမယ့် ညီအစ်ကိုရင်းချာတွေလို ကျွန်တော်ခံစားရသည်။ တကယ်တော့ တပ်ကြပ်ကြီးခင်မြင့်မောင်ဆိုတာ ရိုးသားကြိုးစားရင်အောင်မြင်နိုင်တယ်လို့ လူငယ်တွေကို အရှင်လတ်လတ် သက်သေပြခဲ့တဲ့သူတစ်ဦး မဟုတ်ပါလား။

မင်းသုခ (အခရာ)

error: Content is protected !!