ေမျမိဳ႕ကို ဘာေၾကာင့္ ဒုတိယအဂၤလန္ဟုေခၚၾကသလဲ

ေမျမိဳ႕ကို ဘာေၾကာင့္ ဒုတိယအဂၤလန္ဟုေခၚၾကသလဲ

အဂၤလိပ္တို႔သည္ ၁၈၈၅ ခုတြင္ တတိယက်ဴးေက်ာ္စစ္ျဖင့္ ျမန္မာတစ္နိုင္ငံလံုးကို သိမ္းပိုက္ခဲ့ျပီး ေႏြရာသီ ဘုရင္ခံရံုးစိုက္ရာျမိဳ႕အျဖစ္ အဂၤလန္ႏွင့္ ေရေျမေတာေတာင္ရာသီဥတု ကိုက္ညီမွုရွိသည့္ ျပင္ဦးလြင္္ ရွမ္းဓနုရြာေလးကို ေရြးခ်ယ္ကာ ေမျမိဳ႕အျဖစ္ ျမိိဳ႕ျပစီမံကိန္းေဖာ္ေဆာင္ျပီးတည္ခဲ့သည္။ ေမျမိဳ႕ ျမိဳ႕တည္ရာတြင္ ထိုအခ်ိန္က အဂၤလန္တြင္ ရွိေနသည့္ တိုက္တညေနအိမ္ အေဆာက္အအံုမ်ား၊ လမ္းနာမည္မ်ားႏွင့္ အနီးစပ္ဆံုး တူညီေအာင္ ေဆာင္ရြက္ခဲ့ၾကသလို ခ်ယ္ရီ၊ ယူကလစ္၊ ပင္လယ္အုန္း(ခါေတာ္မီ) ပင္မ်ားမွအစ စေတာ္ဘယ္ရီ၊ ေဒစီ၊ ေဒလီယာ စသည့္ သစ္ပင္ပန္းပင္တို႔ကို အဂၤလန္မွ မွာယူစိုက္ပ်ဳိးေစခဲ့သည္။

ေမျမိဳ႕အျဖစ္ ၁၈၉၆ ခုႏွစ္တြင္ စတင္ျမိဳ႕တည္ေဆာက္၍ ဥေရာပပံုစံ အေဆာက္အအံုမ်ား ေဆာက္လုပ္သည့္ အထဲတြင္ ၁၉၀၆ ခုႏွစ္ကတညး္က ေဆာက္ခဲ့ေသာ ျပည္သူ႔ေဆးရံုၾကီးသည္လည္း တစ္ခုအပါအ၀င္ျဖစ္ခဲ့သည္။ ထိုအခ်ိန္က ျပည္သူ႕ေဆးရံုၾကီးကို ဥေရာပတုိက္သားမ်ားအတြက္ အေဆာင္(Europeon Ward) ႏွင့္ အာရွတုိက္သားမ်ားအတြက္(Asian Ward) ဟူ၍ ခြဲျခားေဆာက္လုပ္ေစခဲ့သည္။ ေဆးရံုၾကီး၌ ဥေရာပတိုက္သားမ်ားအတြက္ ေငြေပးေခစနစ္ ၁၃ ေနရာႏွင့္ အရွတိုက္သားမ်ားအတြက္ ေလးေနရာထားေပးခဲ့သည္။

ေဆးရုံၾကီး၌ ဥေရာပတိုက္သား ဆရာ၀န္ၾကီးတစ္ဦးကို အုပ္ခ်ဳပ္ေစ၍ လက္ေထာက္ ဆရာ၀န္ ႏွစ္ဦး၊ ဥေရာပအမိ်ဳးသမီးသူနာျပဳ ေလးဦးတို႔ကို ထားရွိခဲ့သည္။ ထိုအခ်ိန္က ျမန္မာနိုင္ငံသည္ အဂၤလိပ္လက္ေအာက္ခံ ကိုလိုနီနိုင္ငံတစ္ခုျဖစ္ေနရာ ျမန္မာျပည္အႏွံအျပားတြင္ တာ၀န္ထမ္းေဆာင္လ်က္ရွိေနၾကေသာ အဂၤလိပ္တို႔သည္ မိမိတို႔၏ ကေလးမ်ား မီးဖြားသန္႔စင္ရာတြင္ ‘ကိုလိုနီကြ်န္’ နိုင္ငံတြင္ မေမြးဖြားဘူးဟုဆိုကာ အဂၤလန္အထိျပန္၍ ေမြးဖြားခဲ့ၾကရသည္။ သို႔ေသာ္လည္း ထိုေခတ္ထိုအခ်ိန္က ယခုကဲ့သို႔ ေလယာဥ္မ်ား ေပါမ်ားစြာမရွိေသးဘဲ ပင္လယ္ေရေၾကာင္း ခရီးမွပင္ သေဘၤာမ်ားႏွင့္ ရက္ရွည္လမ်ားစြာ သြားရေသာေၾကာင့္ လမ္းခရီးတြင္ အႏၱရာယ္မ်ားျပီး အခ်ိန္ၾကန္႔ၾကာမွုမ်ား ျဖစ္ခဲ့ရသည္။

ထို႔ေၾကာင့္လည္း အဂၤလန္အစိုးရသည္ ထိုအခက္အခဲမ်ားကိုု ေျပလည္ေစရန္ျမန္မာျပည္အရပ္ရပ္ရွိ ဥေရာပတိုက္သူမ်ား ကေလးေမြးဖြားမည္ဆိုလွ်င္ေမျမိဳ႕ျပည္သူ႕ေဆးရံုၾကီး၌ လာေရာက္ေမြးဖြားပါက ေမြးစားရင္းတြင္ Born in England အဂၤလန္တြင္ ေမြးဖြားသည္ဟု ထည့္သြင္းမွတ္တမ္းတင္ေပးခဲ့သည္။ ယခင္ကတည္းက အဂၤလန္ႏွင့္ ေတာေတာင္ေရေျမ ရာသီဥတု တူညီခဲ့သည့္ေမျမိဳ႕သည္လည္း ထိုအခ်ိန္မွစ၍ ဒုတိယအဂၤလန္ဟု ထင္ေပၚေက်ာ္ၾကား လူသိမ်ားခဲ့ရသည္။ေမျမိဳ႕ျပည္သူ႔ေဆးရံုၾကီးသည္ ျမန္မာနိုင္ငံသို႔ ဂ်ပန္မ်ား ၀င္ေရာက္ သိမ္းပိုက္ခဲ့သည့္ ၁၉၄၂ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္အထိ ဂ်ပန္တို႔၏ ေဆာင္ၾကာျမိဳင္အျဖစ္ အသံုးျပဳခဲ့ရျပီး ၁၉၄၅ ခုႏွစ္ မတ္လ ၁၂ ရက္ေန႔တြင္ ေမျမိိဳ႕ကို အဂၤလိပ္တို႔ ျပန္လည္သိမ္းပိုက္ျပီးခ်ိန္တြင္ျပန္လည္ဖြင့္လွစ္နိုင္ခဲ့သည္။

သို႔ေသာ္လည္း လက္ရွိေနရာတြင္ ဖြင့္လွစ္နိုင္ျခင္းမရွိေသးဘဲ ခုတင္၄၀ဆံ့ ယာယီေဆးရံုအျဖစ္ Craddock Court(ယခုနန္းျမိဳင္ဟိုတယ္)၌ ဖြင့္လွစ္နုိင္ခဲ့ျပီး ၁၉၄၅ ခုႏွစ္ ဧျပီလ ၉ ရက္ေန႔တြင္ ထပ္မံ၍ စိန္မိုက္ကယ္ေက်ာင္း (ယခု အထက-၄) သို႕ ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့ရ၍ ထိုေဆးရုံကို ကက္စ္ဘီ(၁၃)ေဆးရံုဟု ေခၚခဲ့ၾကသည္။ ယခုေဆးရံုၾကီးေနရာအား ၁၉၄၆ ခုႏွစ္ ဇန္န၀ါရီ ၂၄ ရက္မွသာ အျပီးအပိုင္ ေျပာင္းေရႊ႕ ဖြင့္လွစ္နိုင္ခဲ့ေပသည္။မည္သို႔ပင္ျဖစ္ေစ တစ္ေခတ္တစ္ခါက ျပင္ဦးလြင္(ေခၚ) ေမျမိဳ႕သည္ ဒုတိယ အဂၤလန္ျဖစ္ခဲ့ရျပီး အဆိုပါ ဒုတိယ အဂၤလန္ဖြား ဥေရာပတိုက္သားမ်ားသည္ ယေန႔အခ်ိန္အထိ အဂၤလန္တြင္ သက္ရွိထင္ရွားရွိေနေသးေၾကာင္း သိရသည္။

ေဆာင္းပါးသက္နိုင္ ( ျမန္မာ႔အလင္း )

Tun Nay Lin

========================

မေမြို့ကို ဘာကြောင့် ဒုတိယအင်္ဂလန်ဟုခေါ်ကြသလဲ

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုတွင် တတိယကျူးကျော်စစ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး နွေရာသီ ဘုရင်ခံရုံးစိုက်ရာမြို့အဖြစ် အင်္ဂလန်နှင့် ရေမြေတောတောင်ရာသီဥတု ကိုက်ညီမှုရှိသည့် ပြင်ဦးလွင်် ရှမ်းဓနုရွာလေးကို ရွေးချယ်ကာ မေမြို့အဖြစ် မြိို့ပြစီမံကိန်းဖော်ဆောင်ပြီးတည်ခဲ့သည်။ မေမြို့ မြို့တည်ရာတွင် ထိုအချိန်က အင်္ဂလန်တွင် ရှိနေသည့် တိုက်တညနေအိမ် အဆောက်အအုံများ၊ လမ်းနာမည်များနှင့် အနီးစပ်ဆုံး တူညီအောင် ဆောင်ရွက်ခဲ့ကြသလို ချယ်ရီ၊ ယူကလစ်၊ ပင်လယ်အုန်း(ခါတော်မီ) ပင်များမှအစ စတော်ဘယ်ရီ၊ ဒေစီ၊ ဒေလီယာ စသည့် သစ်ပင်ပန်းပင်တို့ကို အင်္ဂလန်မှ မှာယူစိုက်ပျိုးစေခဲ့သည်။

မေမြို့အဖြစ် ၁၈၉၆ ခုနှစ်တွင် စတင်မြို့တည်ဆောက်၍ ဥရောပပုံစံ အဆောက်အအုံများ ဆောက်လုပ်သည့် အထဲတွင် ၁၉၀၆ ခုနှစ်ကတညး်က ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ထိုအချိန်က ပြည်သူ့ဆေးရုံကြီးကို ဥရောပတိုက်သားများအတွက် အဆောင်(Europeon Ward) နှင့် အာရှတိုက်သားများအတွက်(Asian Ward) ဟူ၍ ခွဲခြားဆောက်လုပ်စေခဲ့သည်။ ဆေးရုံကြီး၌ ဥရောပတိုက်သားများအတွက် ငွေပေးခေစနစ် ၁၃ နေရာနှင့် အရှတိုက်သားများအတွက် လေးနေရာထားပေးခဲ့သည်။

ဆေးရုံကြီး၌ ဥရောပတိုက်သား ဆရာဝန်ကြီးတစ်ဦးကို အုပ်ချုပ်စေ၍ လက်ထောက် ဆရာဝန် နှစ်ဦး၊ ဥရောပအမျိုးသမီးသူနာပြု လေးဦးတို့ကို ထားရှိခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံတစ်ခုဖြစ်နေရာ မြန်မာပြည်အနှံအပြားတွင် တာဝန်ထမ်းဆောင်လျက်ရှိနေကြသော အင်္ဂလိပ်တို့သည် မိမိတို့၏ ကလေးများ မီးဖွားသန့်စင်ရာတွင် ‘ကိုလိုနီကျွန်’ နိုင်ငံတွင် မမွေးဖွားဘူးဟုဆိုကာ အင်္ဂလန်အထိပြန်၍ မွေးဖွားခဲ့ကြရသည်။ သို့သော်လည်း ထိုခေတ်ထိုအချိန်က ယခုကဲ့သို့ လေယာဉ်များ ပေါများစွာမရှိသေးဘဲ ပင်လယ်ရေကြောင်း ခရီးမှပင် သင်္ဘောများနှင့် ရက်ရှည်လများစွာ သွားရသောကြောင့် လမ်းခရီးတွင် အန္တရာယ်များပြီး အချိန်ကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။

ထို့ကြောင့်လည်း အင်္ဂလန်အစိုးရသည် ထိုအခက်အခဲများကိုု ပြေလည်စေရန်မြန်မာပြည်အရပ်ရပ်ရှိ ဥရောပတိုက်သူများ ကလေးမွေးဖွားမည်ဆိုလျှင်မေမြို့ပြည်သူ့ဆေးရုံကြီး၌ လာရောက်မွေးဖွားပါက မွေးစားရင်းတွင် Born in England အင်္ဂလန်တွင် မွေးဖွားသည်ဟု ထည့်သွင်းမှတ်တမ်းတင်ပေးခဲ့သည်။ ယခင်ကတည်းက အင်္ဂလန်နှင့် တောတောင်ရေမြေ ရာသီဥတု တူညီခဲ့သည့်မေမြို့သည်လည်း ထိုအချိန်မှစ၍ ဒုတိယအင်္ဂလန်ဟု ထင်ပေါ်ကျော်ကြား လူသိများခဲ့ရသည်။မေမြို့ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံသို့ ဂျပန်များ ၀င်ရောက် သိမ်းပိုက်ခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့၏ ဆောင်ကြာမြိုင်အဖြစ် အသုံးပြုခဲ့ရပြီး ၁၉၄၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မေမြိို့ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ပြီးချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော်လည်း လက်ရှိနေရာတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ခုတင်၄၀ဆံ့ ယာယီဆေးရုံအဖြစ် Craddock Court(ယခုနန်းမြိုင်ဟိုတယ်)၌ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ထပ်မံ၍ စိန်မိုက်ကယ်ကျောင်း (ယခု အထက-၄) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရ၍ ထိုဆေးရုံကို ကက်စ်ဘီ(၁၃)ဆေးရုံဟု ခေါ်ခဲ့ကြသည်။ ယခုဆေးရုံကြီးနေရာအား ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှသာ အပြီးအပိုင် ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ခဲ့ပေသည်။မည်သို့ပင်ဖြစ်စေ တစ်ခေတ်တစ်ခါက ပြင်ဦးလွင်(ခေါ်) မေမြို့သည် ဒုတိယ အင်္ဂလန်ဖြစ်ခဲ့ရပြီး အဆိုပါ ဒုတိယ အင်္ဂလန်ဖွား ဥရောပတိုက်သားများသည် ယနေ့အချိန်အထိ အင်္ဂလန်တွင် သက်ရှိထင်ရှားရှိနေသေးကြောင်း သိရသည်။

ဆောင်းပါးသက်နိုင် ( မြန်မာ့အလင်း )

Tun Nay Lin

error: Content is protected !!