ရွာရြတ္ခန္းရဲ႕ သားေခ်ာေလး Aryan Khan အေၾကာင္း

ပရိသတ္ႀကီးေရ မင္းသားရွာရြတ္ခန္းရဲ႕ သားေခ်ာ Aryan Khan ရဲ႕အေၾကာင္းအရာေလးကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ သူကလည္း သရုပ္ေဆာင္တစ္ဦးလို႕ ေျပာလို႕ရပါတယ္။ သူက ၂၀၀၁ ခုႏွစ္မွာ ဖခင္နဲ႕အတူ Kabhi Khushi Kabhie Gham ဆိုတဲ့ရုပ္ရွင္ထဲမွာ ကေလးသရုပ္ေဆာင္အျဖစ္ စတင္ပါ၀င္ခဲ့ဖူးပါတယ္။ အဲ့ဒီကတစ္ဆင့္ အႏုပညာေလာကထဲကို ေရာက္ရွိၿပီး ကေလးသရုပ္ေဆာင္နဲ႕ပတ္သက္တဲ့ ဆုေတြကိုလည္း ရရွိထားတယ္လို႕ ဆိုပါတယ္။

Aryan Khan က ၁၉၉၇ ခုႏွစ္ ႏို၀င္ဘာလ ၁၃ ရက္ေန႕မွာ ေမြးဖြားသူပါ။ သူက မြမ္းဘိုင္းက Dhirubhai Ambani International School မွာ တက္ေရာက္ခဲ့ၿပီး အဲ့ဒီကတဆင့္ အခုဆုိရင္ ကယ္လီဖိိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိဂ္က တကၠသိုလ္မွာ ဆက္လက္ပညာဆည္းပူးေနပါတယ္။ အႏုပညာအလုပ္ေတြကေတာ့ ပညာတစ္ဖက္နဲ႕ဆိုေတာ့ ဒီေနာက္ပိုင္းမွာ အဲ့ဒီအေပၚ သိပ္ၿပီးအာရံုမစိုက္ႏိုင္ေတာ့ပါဘူး။ သူ႕ရဲ႕အရပ္ကေတာ့ ငါးေပရွစ္လက္မရွိၿပီး ဆံပင္အနက္ေရာင္၊ မ်က္၀န္းကေတာ့ အညိဳရင့္ေရာင္ရွိတယ္လို႕ ဆုိပါတယ္။ သူကရွာရြတ္ခန္းရဲ႕အႀကီးဆံုးသားဦးျဖစ္ၿပီး ဖခင္ဆီက ေခ်ာေမာလွပမႈေတြကို အေမြရရွိထားသူဆိုရင္လည္း မမွားပါဘူး။

ပရိသတ္ႀကီးေရ Aryan Khan ရဲ႕အခ်စ္ေရးနဲ႕ပတ္သက္ၿပီး ေဘာလိ၀ုဒ္မိသားစုကေမြးဖြားလာတဲ့ Navya Naveli Nanda ဆိုသူနဲ႕ ဒိတ္လုပ္ဖူးတယ္ဆိုတဲ့သတင္းေတြေတာ့ ထြက္ရွိခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အဲ့ဒါက ေကာလဟာလသတင္းေတြသာျဖစ္ၿပီး သူ႕မွာတကယ္ေတာ့ခ်စ္သူမရွိဘူးလို႕လည္း ေျပာဆုိၾကပါတယ္။ အဲ့ဒီေကာင္မေလးနဲ႕သူက လန္ဒန္မွာေက်ာင္းအတူတက္ေနၾကတဲ့ ခင္မင္ရတဲ့သူငယ္ခ်င္းေတြထဲက တစ္ဦးသာျဖစ္တယ္လို႕လည္း ျပန္လည္ေျပာၾကားထားၾကပါတယ္။ ခ်စ္သူရည္းစားအေနနဲ႕ကေတာ့ အခုထိသူ႕မွာမရွိေသးဘူးလို႕ဆိုပါတယ္။

ပရိသတ္ႀကီးေရ လူေခ်ာေလး Aryan Khan က တိုက္ကြမ္ဒိုကစားတာကို ၀ါသနာထံုလြန္းပါသတဲ့။ ဆိုရွယ္မီဒီယာနဲ႕ပတ္သက္ရင္ေတာ့ အင္စတာဂရမ္၊ Facebook ၊ တြစ္တာ ေတြကိုအသံုးျပဳတယ္လို႕ဆိုပါတယ္။ သူက သူ႕ရဲ႕ေမာင္ႏွမေတြကိုလည္း အရမ္းကိုခ်စ္ခင္ျမတ္ႏိုးသူတစ္ဦးပါ။ သူ႕ရဲ႕ညီအငယ္ဆံုးေလးနဲ႕ဆိုရင္ စေနာက္ၿပီးတကယ့္ကိုခ်စ္ခင္တဲ့သူပါတဲ့။ သူကဘာသာမတူတဲ့ မိဘႏွစ္ဦးကေမြးဖြားလာၿပီး စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ရထားတယ္ဆိုေပမယ့္ ဖခင္ျဖစ္သူရဲ႕ဘာသာျဖစ္တဲ့ အစၥလမ္ဘာသာကိုကိုးကြယ္တယ္လို႕ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ပရိသတ္ႀကီးေရ ရွာရြတ္ခန္းရဲ႕သားေခ်ာေလး Aryan Khan က ေက်ာင္းၿပီးတဲ့အခါမွာလည္း အႏုပညာအလုပ္ေတြကိုဆက္ၿပီးတစိုက္မတ္မတ္လုပ္ကိုင္ဦးမွာဆိုေတာ့ ပရိသတ္ႀကီးက အားေပးၾကပါဦးေနာ္။ Aryan Khan ကိုသေဘာက်တယ္ဆိုရင္လည္း ျပန္ Share ေပးခဲ့ပါဦးေနာ္။

=======================

Credit myanmar load

ပရိသတ်ကြီးရေ မင်းသားရှာရွတ်ခန်းရဲ့ သားချော Aryan Khan ရဲ့အကြောင်းအရာလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ သူကလည်း သရုပ်ဆောင်တစ်ဦးလို့ ပြောလို့ရပါတယ်။ သူက ၂၀၀၁ ခုနှစ်မှာ ဖခင်နဲ့အတူ Kabhi Khushi Kabhie Gham ဆိုတဲ့ရုပ်ရှင်ထဲမှာ ကလေးသရုပ်ဆောင်အဖြစ် စတင်ပါ၀င်ခဲ့ဖူးပါတယ်။ အဲ့ဒီကတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိပြီး ကလေးသရုပ်ဆောင်နဲ့ပတ်သက်တဲ့ ဆုတွေကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

Aryan Khan က ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားသူပါ။ သူက မွမ်းဘိုင်းက Dhirubhai Ambani International School မှာ တက်ရောက်ခဲ့ပြီး အဲ့ဒီကတဆင့် အခုဆိုရင် ကယ်လီဖိိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိဂ်က တက္ကသိုလ်မှာ ဆက်လက်ပညာဆည်းပူးနေပါတယ်။ အနုပညာအလုပ်တွေကတော့ ပညာတစ်ဖက်နဲ့ဆိုတော့ ဒီနောက်ပိုင်းမှာ အဲ့ဒီအပေါ် သိပ်ပြီးအာရုံမစိုက်နိုင်တော့ပါဘူး။ သူ့ရဲ့အရပ်ကတော့ ငါးပေရှစ်လက်မရှိပြီး ဆံပင်အနက်ရောင်၊ မျက်ဝန်းကတော့ အညိုရင့်ရောင်ရှိတယ်လို့ ဆိုပါတယ်။ သူကရှာရွတ်ခန်းရဲ့အကြီးဆုံးသားဦးဖြစ်ပြီး ဖခင်ဆီက ချောမောလှပမှုတွေကို အမွေရရှိထားသူဆိုရင်လည်း မမှားပါဘူး။

ပရိသတ်ကြီးရေ Aryan Khan ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဘောလိ၀ုဒ်မိသားစုကမွေးဖွားလာတဲ့ Navya Naveli Nanda ဆိုသူနဲ့ ဒိတ်လုပ်ဖူးတယ်ဆိုတဲ့သတင်းတွေတော့ ထွက်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါက ကောလဟာလသတင်းတွေသာဖြစ်ပြီး သူ့မှာတကယ်တော့ချစ်သူမရှိဘူးလို့လည်း ပြောဆိုကြပါတယ်။ အဲ့ဒီကောင်မလေးနဲ့သူက လန်ဒန်မှာကျောင်းအတူတက်နေကြတဲ့ ခင်မင်ရတဲ့သူငယ်ချင်းတွေထဲက တစ်ဦးသာဖြစ်တယ်လို့လည်း ပြန်လည်ပြောကြားထားကြပါတယ်။ ချစ်သူရည်းစားအနေနဲ့ကတော့ အခုထိသူ့မှာမရှိသေးဘူးလို့ဆိုပါတယ်။

ပရိသတ်ကြီးရေ လူချောလေး Aryan Khan က တိုက်ကွမ်ဒိုကစားတာကို ၀ါသနာထုံလွန်းပါသတဲ့။ ဆိုရှယ်မီဒီယာနဲ့ပတ်သက်ရင်တော့ အင်စတာဂရမ်၊ Facebook ၊ တွစ်တာ တွေကိုအသုံးပြုတယ်လို့ဆိုပါတယ်။ သူက သူ့ရဲ့မောင်နှမတွေကိုလည်း အရမ်းကိုချစ်ခင်မြတ်နိုးသူတစ်ဦးပါ။ သူ့ရဲ့ညီအငယ်ဆုံးလေးနဲ့ဆိုရင် စနောက်ပြီးတကယ့်ကိုချစ်ခင်တဲ့သူပါတဲ့။ သူကဘာသာမတူတဲ့ မိဘနှစ်ဦးကမွေးဖွားလာပြီး စိတ်ကြိုက်ရွေးချယ်ခွင့်ရထားတယ်ဆိုပေမယ့် ဖခင်ဖြစ်သူရဲ့ဘာသာဖြစ်တဲ့ အစ္စလမ်ဘာသာကိုကိုးကွယ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ ရှာရွတ်ခန်းရဲ့သားချောလေး Aryan Khan က ကျောင်းပြီးတဲ့အခါမှာလည်း အနုပညာအလုပ်တွေကိုဆက်ပြီးတစိုက်မတ်မတ်လုပ်ကိုင်ဦးမှာဆိုတော့ ပရိသတ်ကြီးက အားပေးကြပါဦးနော်။ Aryan Khan ကိုသဘောကျတယ်ဆိုရင်လည်း ပြန် Share ပေးခဲ့ပါဦးနော်။

error: Content is protected !!