အစိမ္းေရာင္ စစ္ကားႀကီးေပၚက လူလိမ္မ်ား

အစိမ္းေရာင္ စစ္ကားႀကီးေတြဘီးမလွိမ့္ခင္မိသားစုကို ႏုတ္ဆက္ၾကေတာ့

အခ်ိဳ႕ကေျပာတယ္ -အေမ က်မ္းမာေရးကို ဂ႐ုစိုက္

သားအတြက္ ဘာမွစိတ္မပူနဲ႔ ေနာက္တန္းျပန္ဝင္ရင္ အေမလိုခ်င္တဲ့

နံသာျဖဴပုတီးေလး ဝယ္လာခဲ့မယ္တဲ့

တခ်ိဳ႕ေတြက မုသားဆိုတယ္-

ကိုယ့္ကိုကိုယ္ေရာ ခေလးေတြကိုေရာ

ေသခ်ာဂ႐ုစိုက္ မိန္းမ . ဒီတစ္ခါ ေယာက်ာ္း ေနာက္တန္းျပန္ရင္

တို႔သားေလးကို ရွင္ျပဳေပးၾကတာေပါ့တဲ့

တခ်ိဳ႕က ကတိေပးလြယ္တယ္

ဒီတစ္ေခါက္ စစ္ဆင္ေရးက နည္းနည္းျကာမယ္ေျပာတယ္ သဲ

ေရွ႕တန္းမွာ ရတဲ့လစာေလးစုၿပီးရင္ ေနာက္တန္းျပန္အဝင္

အဘဆီမွာလက္ထပ္ခြင့္တင္ၿပီးကိုယ္တို႔ လက္ထပ္ၾကတာေပါ့တဲ့

တြယ္တာစရာ သံေယာဇဥ္မရွိသူလူပ်ိဳစစ္သည္ တခ်ိဳ႕က် စစေနာက္ေနာက္

နဲ႔ေျပာၾကတယ္-ဂ်ီးေဒၚ ဒီေကာင္ ခင္ဗ်ား မုန္႔ဟင္းခါး အေႂကြးမေပးရေသးဘူးမွ

လားဒီေကာင္ ေသရင္ ရမဲ့ကူေငြထဲကျဖတ္ယူလိုက္တဲ့….

တခ်ိဳ႕ကသူတို႔အဘ RSM ႀကီးကိုလွမ္းစတယ္ဗိုလ္ေလး ျပန္လာရင္ သမီးလာ

​ေတာင္းမယ္ေနာ္ တဲ့…

တခ်ိဳ႕ကလည္း ေျပာၾကတယ္ဒီတစ္ေခါက္ျပန္ရင္ေတာ့

လမ္းထိတ္က ငါႀကိဳက္ေနတဲ့ေကာင္မေလးကိုဖြင့္ေျပာေတာ့မယ္ကြာ တဲ့

မတည္ႏိုင္တဲ့ ကတိ႐ိုးသားတဲ့မုသားအျပစ္မဲ့ လိမ္လည္မႈေတြ ေရပက္မဝင္

​ေျပာလို႔သူတို႔ ကားႀကီး စတင္ထြက္ခြာသြားတယ္။

အေမအိုက သားေမာင္ေဘးကင္းေစ​ေၾကာင္းဆုေတာင္းရင္း နံ႕သာျဖဴပုတီး

​ေလးကိုေမွ်ာ္လွ်က္-

ကိုရင္ေလာင္း ကေလးငယ္နဲ႔ ရဟန္းအမေလာင္း ဇနီးသည္က

အေဖျပန္အလာကို နားစြင့္လွ်က္-

မိန္းမပ်ိဳက စစ္ထြက္တဲ့ ခ်စ္သူအျပန္သေျပပန္းနဲ႔ လက္ကမ္းႀကိဳရန္

ေမွ်ာ္လင့္လွ်က္

လမ္းထိပ္ မုန္႔ဟင္းခါးဆိုင္က ဂ်ီးေဒၚကေတာ့သူ႔ေဖာက္သည္ ရဲေဘာ္ေလး

​ေတြကိုဒီတစ္ေခါက္ျပန္လာရင္ေတာ့မုန္႔ဟင္းခါး အဝေကၽြးလိုက္မယ္ဟဲ့

လို႔စိတ္ကူးယဥ္ေနလွ်က္

တပ္ရင္းအရာခံဗိုလ္ႀကီးကလည္းေပ်ာ္ေပ်ာ္ေနတက္တဲ့ တပည့္ေတြျပန္

အလာေစာင့္စားေနေလရဲ႕

ဒါေပမဲ့ သစၥာေလးခ်က္ထဲက

” ငါ့ ႏိုင္ငံေတာ္ ငါ့ ႏိုင္ငံသားငါ့ တပ္မေတာ္အတြက္

ငါ၏အသက္ကို စြန္႔လႊတ္ရန္အဓိဌာန္ျပဳပါ သည္” ဆိုတဲ့ စကားရပ္ေနာက္တခ်ိဳ႕က ေနာက္မလွည့္

စတမ္းနဲ႔သူတို႔ခ်စ္တဲ့ ႏိုင္ငံအတြက္ ေပးဆပ္သြားၾကေတာ့-

အေမအိုရဲ႕ နံ႕သာျဖဴပုတီးေလးလည္း ကတိမတည္တဲ့သားေမာင္ေၾကာင့္

ႀကိဳးျပတ္ခဲ့ရတယ္။

ရဟန္းေလာင္း ခေလးငယ္လည္းမိခင္လက္ကိုဆြဲ စစ္ေၾကာင္းေတြေတြ႕

တိုင္း အေဖေပ်ာက္ကိုရွာေဖြခဲ့ရတယ္။

မိန္းမပ်ိဳကေတာ့ မုသားေျပာသြားတဲ့ ခ်စ္သူအတြက္ ပူေဆြးေနခဲ့ရတယ္ ။

လမ္းထိတ္က မုန္းဟင္းခါးဆိုင္ေလးလည္းဝယ္သူမရွိ တိတ္ဆိတ္ေနရင္းးးး။

အရာခံဗိုလ္ႀကီးက ေယာက်ား္ရင့္မာစစ္သားႀကီးျဖစ္ပါလွ်က္ လူမျမင္ေအာင္

မ်က္ရည္ခိုးသုတ္ေနရင္းက-ဝမ္းနည္းေဒါသနဲ႔ ႐ုတ္တရက္ထေအာ္လိုက္တယ္-

“လူလိမ္ေတြ မင္းတို႔ ကတိမတည္ၾကဘူးတပည့္တို႔ ရာ” တဲ့ေလ ။

ထာဝရ ခ်စ္​သက္​

Unicode

အစိမ်းရောင် စစ်ကားကြီးတွေဘီးမလှိမ့်ခင်မိသားစုကို နုတ်ဆက်ကြတော့

အချို့ကပြောတယ် -အမေ ကျမ်းမာရေးကို ဂရုစိုက်

သားအတွက် ဘာမှစိတ်မပူနဲ့ နောက်တန်းပြန်ဝင်ရင် အမေလိုချင်တဲ့

နံသာဖြူပုတီးလေး ဝယ်လာခဲ့မယ်တဲ့

တချို့တွေက မုသားဆိုတယ်-

ကိုယ့်ကိုကိုယ်ရော ခလေးတွေကိုရော

သေချာဂရုစိုက် မိန်းမ . ဒီတစ်ခါ ယောကျာ်း နောက်တန်းပြန်ရင်

တို့သားလေးကို ရှင်ပြုပေးကြတာပေါ့တဲ့

တချို့က ကတိပေးလွယ်တယ်

ဒီတစ်ခေါက် စစ်ဆင်ရေးက နည်းနည်းကြာမယ်ပြောတယ် သဲ

ရှေ့တန်းမှာ ရတဲ့လစာလေးစုပြီးရင် နောက်တန်းပြန်အဝင်

အဘဆီမှာလက်ထပ်ခွင့်တင်ပြီးကိုယ်တို့ လက်ထပ်ကြတာပေါ့တဲ့

တွယ်တာစရာ သံယောဇဉ်မရှိသူလူပျိုစစ်သည် တချို့ကျ စစနောက်နောက်

နဲ့ပြောကြတယ်-ဂျီးဒေါ် ဒီကောင် ခင်ဗျား မုန့်ဟင်းခါး အကြွေးမပေးရသေးဘူးမှ

လားဒီကောင် သေရင် ရမဲ့ကူငွေထဲကဖြတ်ယူလိုက်တဲ့….

တချို့ကသူတို့အဘ RSM ကြီးကိုလှမ်းစတယ်ဗိုလ်လေး ပြန်လာရင် သမီးလာ

​တောင်းမယ်နော် တဲ့…

တချို့ကလည်း ပြောကြတယ်ဒီတစ်ခေါက်ပြန်ရင်တော့

လမ်းထိတ်က ငါကြိုက်နေတဲ့ကောင်မလေးကိုဖွင့်ပြောတော့မယ်ကွာ တဲ့

မတည်နိုင်တဲ့ ကတိရိုးသားတဲ့မုသားအပြစ်မဲ့ လိမ်လည်မှုတွေ ရေပက်မဝင်

​ပြောလို့သူတို့ ကားကြီး စတင်ထွက်ခွာသွားတယ်။

အမေအိုက သားမောင်ဘေးကင်းစေ​ကြောင်းဆုတောင်းရင်း နံ့သာဖြူပုတီး

​လေးကိုမျှော်လျှက်-

ကိုရင်လောင်း ကလေးငယ်နဲ့ ရဟန်းအမလောင်း ဇနီးသည်က

အဖေပြန်အလာကို နားစွင့်လျှက်-

မိန်းမပျိုက စစ်ထွက်တဲ့ ချစ်သူအပြန်သပြေပန်းနဲ့ လက်ကမ်းကြိုရန်

မျှော်လင့်လျှက်

လမ်းထိပ် မုန့်ဟင်းခါးဆိုင်က ဂျီးဒေါ်ကတော့သူ့ဖောက်သည် ရဲဘော်လေး

​တွေကိုဒီတစ်ခေါက်ပြန်လာရင်တော့မုန့်ဟင်းခါး အဝကျွေးလိုက်မယ်ဟဲ့

လို့စိတ်ကူးယဉ်နေလျှက်

တပ်ရင်းအရာခံဗိုလ်ကြီးကလည်းပျော်ပျော်နေတက်တဲ့ တပည့်တွေပြန်

အလာစောင့်စားနေလေရဲ့

ဒါပေမဲ့ သစ္စာလေးချက်ထဲက

” ငါ့ နိုင်ငံတော် ငါ့ နိုင်ငံသားငါ့ တပ်မတော်အတွက်

ငါ၏အသက်ကို စွန့်လွှတ်ရန်အဓိဌာန်ပြုပါ သည်” ဆိုတဲ့ စကားရပ်နောက်တချို့က နောက်မလှည့်

စတမ်းနဲ့သူတို့ချစ်တဲ့ နိုင်ငံအတွက် ပေးဆပ်သွားကြတော့-

အမေအိုရဲ့ နံ့သာဖြူပုတီးလေးလည်း ကတိမတည်တဲ့သားမောင်ကြောင့်

ကြိုးပြတ်ခဲ့ရတယ်။

ရဟန်းလောင်း ခလေးငယ်လည်းမိခင်လက်ကိုဆွဲ စစ်ကြောင်းတွေတွေ့

တိုင်း အဖေပျောက်ကိုရှာဖွေခဲ့ရတယ်။

မိန်းမပျိုကတော့ မုသားပြောသွားတဲ့ ချစ်သူအတွက် ပူဆွေးနေခဲ့ရတယ် ။

လမ်းထိတ်က မုန်းဟင်းခါးဆိုင်လေးလည်းဝယ်သူမရှိ တိတ်ဆိတ်နေရင်း။

အရာခံဗိုလ်ကြီးက ယောကျား်ရင့်မာစစ်သားကြီးဖြစ်ပါလျှက် လူမမြင်အောင်

မျက်ရည်ခိုးသုတ်နေရင်းက-ဝမ်းနည်းဒေါသနဲ့ ရုတ်တရက်ထအော်လိုက်တယ်-

“လူလိမ်တွေ မင်းတို့ ကတိမတည်ကြဘူးတပည့်တို့ ရာ” တဲ့လေ ။

ထာဝရ ချစ်​သက်​

error: Content is protected !!