ဒေးဗစ်ဘက်ခမ်းကို ဂုဏ်ပြုခဲ့စကားဆိုလိုက်တဲ့မက်ဆီ

အသင်းပိုင်ရှင်ဖြစ်လာသည့် ဒေးဗစ်ဘက်ခမ်းကို မက်ဆီဂုဏ်ပြုခဲ့

မကြာသေးခင်ရက်ပိုင်းကပင် မီယာမီအခြေစိုက် အသင်းတစ်သင်းပိုင်ရှင်ဖြစ်လာသည့် ဒေးဗစ်ဘက်ခမ်းကို ဘာစီလိုနာ နာမည်ကျော်ကစားသမား မက်ဆီက ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

မက်ဆီမှာ မေဂျာလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းကို ပိုင်ဆိုင်တော့မည့် ဘက်ခမ်းကို လူမှုကွန်ယက်မှတစ်ဆင့် ဂုဏ်ပြုစကားဆိုခဲ့ခြင်းဖြစ်သည်။ မက်ဆီက ဘက်ခမ်းရေ သင်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်။ အသင်းနဲ့ ပတ်သတ်တဲ့ ခင်ဗျားရဲ့ အကြံအစည်တွေောင်မြင်ပါစေ။ တစ်ချိန်ချိန်မှာ ခင်ဗျားအသင်းက ကျွန်တော်ကို လာကစားဖို့လည်း ဖိတ်ခေါ်မယ်လို့ မျှော်လင့်ပါတယ် ဟုပြောကြားခဲ့သည်။

ဘက်ခမ်းမှာ မေဂျာလိဂ်တွင် အသင်းပိုင်ဆိုင်ခွင့်ရရန် ၂၀၁၂ခုနှစ်တည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခု၂၀၁၈တွင် အသင်းကို တရားဝင်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

Source- Daily Mail

==========================

error: Content is protected !!