ဦးလှမြင့် (ဂန္ဓမာ)
Post by အေးချမ်းမွန်
Unicode >>>
လေဖြတ် ဝေဒနာသည် အတွက် ပထမ ၃နာရီ အရေးကြီး
လေဖြတ်ခြင်း(Stroke) ကို ကုသရာမှာ အကြီးမားဆုံး အတား အဆီးကတော့ ကုသဖို အတွက် အချိန် တိုတောင်းခြင်း
(A BriefWindow Period for Treatment) ပဲ ဖြစ်ပါ လိမ့်မယ်။
ဒီအချိန်လေးက လေဖြတ် ခြင်း စတင်ဖြစ်ပေါ်တဲ့အချိန်မှစပြီး ၃ နာရီအတွင်းပဲဖြစ်တယ်။ ယင်းအချိန် က လွန်သွားရင်
ပိတ်ဆို့သွားခဲ့တဲ့ သွေးကြောကို ပြန်ဖွင့်ဖို့က မဖြစ်နိုင် သလောက်ပါပဲ။
ဒါ့အပြင် ထိခိုက်မိတဲ့ ဦးနှောက်တစ်သျှူးအများစုက သေ သွားမှာဖြစ်တယ်။
ဒါကြောင့် မြန်မြန်ကုသနိုင်ဖို့အ တွက် လေဖြတ်ဝေဒနာရဲ့ ရောဂါ လက္ခဏာများကို သိရှိထားရပါမယ်။
ဒါနှင့် ပတ်သက် ပြီး”FAST” ဆိုတဲ့ အတိုကောက် စာလုံးကို မှတ်သားဖို့ လိုပါလိမ့်မယ်။
F ဆိုတာက Facial Weakness or Asymmetry (မျက်နှာမှာ အား မရှိတာ၊ ဒါမှမဟုတ် ပုံပျက်တာ၊ တစ်ဖက်နဲ့ တစ်ဖက်မညီတာကို) ဆို လိုတယ်။
A ကတော့arm weak လက်မောင်း အားမရှိတာ ဖြစ်တယ်။ ှS က Speech Difficulties (စကား ပြောရတာ မကောင်းတာ။ အခက် အခဲရှိတာ) ဖြစ်တယ်။
T ကတော့ Time to Take Action ဆောင်ရွက်ချိန်) ကို ရည်ညွှန်းတာ ဖြစ်တယ်။
လူတစ်ယောက်က ဒီရောဂါ လက္ခဏာ ၃ မျိုးထဲက အနည်းဆုံး တစ်မျိုးရှိနေတယ်ဆိုရင်
အဲဒီလူကို အရေးကြီးတဲ့ ပထမ ၃ နာရီ၊ အတွင်း အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ပေးရ မှာဖြစ်တယ်။
ဦးလှမြင့် (ဂန္ဓမာ)
News from : HEALTH DIGEST
Post by အေးချမ်းမွန်
error: Content is protected !!