By Myanmar Celebrity
=====================================
မင်းသားတွေထဲမှာအစ်ကိုအရင်းလိုသူထူးစံကိုအချစ်ဆုံးပါလို ့ပြောတဲ့မမြတ်လေး
ဗီဒီယို ဇာတ်ကားတွေမှာ ခေါင်းဆောင် မင်းသမီးနေရာ လက်တွဲခေါ်ယူပေးခဲ့တဲ့ သူထူးစံ ကို မင်းသားတွေထဲမှာ အချစ်ဆုံးပါလို့ သရုပ်ဆောင် အေးမြတ်သူ က MC သို့ပြောပါတယ်။
“ အေးမြတ်သူ အမှန်တိုင်းပြောရင် ဗီဒီယိုလောကထဲ ရောက်အောင် ခေါင်းဆောင် မင်းသမီး တစ်ယောက် ဖြစ်အောင် ကိုသူထူးစံ က အများကြီး ပံ့ပိုးပေးခဲ့တယ်။ အေးမြတ်သူ မော်ဒယ်ပေါက်စ အချိန်ကတည်းကပါ။ သူ့ရဲ့ဇာတ်ကားတိုင်း မှာ မင်းသမီး နေရာပေးပြီးတော့ ရိုက်ခဲ့တယ်။ မှတ်မှတ်ရရ ကိုသူထူးစံ ၊ ကိုမင်းရာဇာ၊ ကိုကျော်ကျော် ၊ ဦးလူမင်းတို့ပေါ့ ။ ကိုယ်ခေါင်းဆောင် မင်းသမီး တစ်ယောက် ဖြစ်လာအောင် ပံ့ပိုးပေးခဲ့တဲ့ သူတွေပါ ။
အစ်ကိုကကြတော့ ဖိုက်တင် ဇာတ်ကားတွေ များတယ် ။ ဖိုက်တင်ကား ကြိုက်တဲ့လူတွေကြတော့ အေးမြတ်သူ တို့နဲ့ ပိုပြီးတော့ ရင်းနှီးသွားတာပေါ့ ။ ကို သူထူးစံကို မင်းသားတွေထဲမှာ ကိုယ့် အစ်ကို အရင်းလို အရမ်းချစ်တယ်။ အမြဲတမ်းပြောတယ်။ မင်းသားထဲမှာ အချစ်ဆုံး က ကိုသူထူးစံပဲပေါ့။ သူကကြတော့ အရမ်းပွင့်လင်းတယ်။ တစ်ခုခု ပူဆာရင်လည်း အမြဲသည်းခံ လိုက်လျောပေးတဲ့ မင်းသားတစ်ယောက်ပါ ” လို့ သူမကပြောပါတယ်။
Image result for အေးမြတ်သူ
By Myanmar Celebrity
#MyanmarCelebrity #AyeMyatThu
Related image
Related image
error: Content is protected !!