“ဒီဘုရားက ဒီဘုရားပါပဲ”

နာမည္ႀကီးဘုရားလည္းဒီဘုရားပဲ နာမည္မထင္႐ွားတဲ့ဘုရားလည္းဒီဘုရားပဲဆုေတာင္းျပည့္ဘုရားလို႔ အမည္ေပးထားလည္း ဒီဘုရားပါပဲတန္ခိုးၾကီးဘုရားလို႔အမည္တပ္ထားလည္း ဒီဘုရားပါပဲ..

တစ္ခ်ိဳ႕ေနာ္ ဟိုဘုရားက လာဘ္ေကာင္းတယ္ဒီအသားနဲ႔ ထုထားတဲ့ဘုရားကိုးကြယ္ရင္ စီးပြားတက္မယ္ က်န္းမာေရးေကာင္းမယ္ဒီဘုရားပုံေတာ္က လာဘ္ေကာင္းတယ္နဲ႔အမ်ိုဳးမ်ိဳးပါပဲ..

နာမည္ႀကီးတယ္ တန္ခိုးႀကီးတယ္ ဆုေတာင္းျပည့္တယ္ လာဘ္ေကာင္းတယ္ဆိုတဲ့ ဘုရားကိုပဲ ကိုးကြယ္ခ်င္ၾကတဲ့သေဘာျဖစ္ေနတယ္

လာဘ္မေကာင္းတဲ့ဘုရားကိုဆို အိမ္မွာေတာင္ထားခ်င္မွထားမယ္ အဲဒီလိုကိုျဖစ္ေနတယ္ အဲဒီလိုမျဖစ္ပါေစနဲ႔ေနာ္..

ဘယ္ဘုရားပဲျဖစ္ျဖစ္ျမတ္စြာဘုရားရဲ႕ကိုယ္စားေတာ္အေနနဲ႔တည္ထားပူေဇာ္ၾကတာ..

ဒါေၾကာင့္ ႐ုပ္ပုံေတာ္ကို ၾကည့္႐ႈဖူးျမင္ၿပီးတဲ့အခါမွာျမတ္စြာဘုရားရဲ႕”အရဟံ”စေသာ ဂုဏ္ေတာ္ေတြကို အာရံုျပဳထိုအာရံုျပဳျခင္းအားျဖင့္မိမိရဲ႕သႏၱာန္မွာ အာရံုျပဳေနတဲ့အခိုက္
ေလာဘၿငိမ္းတယ္ ေဒါသၿငိမ္းတယ္ ေမာဟၿငိမ္းတယ္ထိုအၿငိမ္းဓာတ္သည္သာလ်ွင္အႏွစ္သာရ

ဘုရားကိုအာရံုျပဳၿပီးေတာ့စိတ္ၿငိမ္းခ်မ္းမႈရေနတာဒါဟာ ရေနတာကို ရမွန္းမသိဘူးဟို ဘာမဟုတ္တဲ့ပိုက္ဆံရခ်င္တာ စီးပြားေတြတက္ခ်င္ေနတာဆိုတဲ့ ေလာဘေတြပဲျဖစ္ေနတာမဟုတ္လား..

ဘုရားကိုကိုးကြယ္ရင္းေလာဘေတြတိုးေနၾကတယ္

ျမတ္စြာဘုရားကို ကိုးကြယ္တယ္လို႔ဆိုတဲ့အခါမွာအသိဉာဏ္ရဖို႔ ကိုးကြယ္တာ..

မသိေသးတာသိဖို႔ ကိုးကြယ္တာ..

လုပ္သင့္တာနဲ႔ မလုပ္သင့္တာ ခဲြျခားသိဖို႔ဒါကလုပ္သင့္တယ္ ဒါကမလုပ္သင့္ဘူးဒါသြားသင့္တဲ့လမ္းမသြားသင့္တဲ့လမ္း ခဲြျခားသိဖို႔ဘုရားက ဆုံးမမယ္ ၾသဝါဒေပးမယ္
ဒီေမ်ွာ္လင့္ခ်က္နဲ႔ ဘုရားဆီကိုသြားတာ..

ဘုရားကိုကိုးကြယ္တယ္ဆိုတာအဲဒီေမ်ွာ္လင့္ခ်က္နဲ႔..

ဘုရားကဒီ့ထက္ပိုျပီးေတာ့ #ဘာလုပ္ေပးႏိုင္တုန္းဆိုေတာ့

ဘာမွလုပ္မေပးႏိုင္ဘူး

လုပ္တာကကိုယ့္ဟာကိုယ္ပဲလုပ္ရမွာေနာ္..

ပါခ်ဳပ္ဆရာေတာ္ႀကီး

ေစတနာေမတၱာအရင္းခံျဖင့္မ်ွေဝပူေဇာ္ပါသည္

🙏🙏🙏🙏🙏

==========================

နာမည်ကြီးဘုရားလည်းဒီဘုရားပဲ နာမည်မထင်ရှားတဲ့ဘုရားလည်းဒီဘုရားပဲဆုတောင်းပြည့်ဘုရားလို့ အမည်ပေးထားလည်း ဒီဘုရားပါပဲတန်ခိုးကြီးဘုရားလို့အမည်တပ်ထားလည်း ဒီဘုရားပါပဲ..

တစ်ချို့နော် ဟိုဘုရားက လာဘ်ကောင်းတယ်ဒီအသားနဲ့ ထုထားတဲ့ဘုရားကိုးကွယ်ရင် စီးပွားတက်မယ် ကျန်းမာရေးကောင်းမယ်ဒီဘုရားပုံတော်က လာဘ်ကောင်းတယ်နဲ့အမျိုုးမျိုးပါပဲ..

နာမည်ကြီးတယ် တန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ် လာဘ်ကောင်းတယ်ဆိုတဲ့ ဘုရားကိုပဲ ကိုးကွယ်ချင်ကြတဲ့သဘောဖြစ်နေတယ်

လာဘ်မကောင်းတဲ့ဘုရားကိုဆို အိမ်မှာတောင်ထားချင်မှထားမယ် အဲဒီလိုကိုဖြစ်နေတယ် အဲဒီလိုမဖြစ်ပါစေနဲ့နော်..

ဘယ်ဘုရားပဲဖြစ်ဖြစ်မြတ်စွာဘုရားရဲ့ကိုယ်စားတော်အနေနဲ့တည်ထားပူဇော်ကြတာ..

ဒါကြောင့် ရုပ်ပုံတော်ကို ကြည့်ရှုဖူးမြင်ပြီးတဲ့အခါမှာမြတ်စွာဘုရားရဲ့”အရဟံ”စသော ဂုဏ်တော်တွေကို အာရုံပြုထိုအာရုံပြုခြင်းအားဖြင့်မိမိရဲ့န္တာန်မှာ အာရုံပြုနေတဲ့အခိုက်လောဘငြိမ်းတယ် ဒေါသငြိမ်းတယ် မောဟငြိမ်းတယ်ထိုအငြိမ်းဓာတ်သည်သာလျှင်အနှစ်သာရ

ဘုရားကိုအာရုံပြုပြီးတော့စိတ်ငြိမ်းချမ်းမှုရနေတာဒါဟာ ရနေတာကို ရမှန်းမသိဘူးဟို ဘာမဟုတ်တဲ့ပိုက်ဆံရချင်တာ စီးပွားတွေတက်ချင်နေတာဆိုတဲ့ လောဘတွေပဲဖြစ်နေတာမဟုတ်လား..

ဘုရားကိုကိုးကွယ်ရင်းလောဘတွေတိုးနေကြတယ်

မြတ်စွာဘုရားကို ကိုးကွယ်တယ်လို့ဆိုတဲ့အခါမှာအသိဉာဏ်ရဖို့ ကိုးကွယ်တာ..

မသိသေးတာသိဖို့ ကိုးကွယ်တာ..

လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိဖို့ဒါကလုပ်သင့်တယ် ဒါကမလုပ်သင့်ဘူးဒါသွားသင့်တဲ့လမ်းမသွားသင့်တဲ့လမ်း ခွဲခြားသိဖို့ဘုရားက ဆုံးမမယ် သြဝါဒပေးမယ်
ဒီမျှော်လင့်ချက်နဲ့ ဘုရားဆီကိုသွားတာ..

ဘုရားကိုကိုးကွယ်တယ်ဆိုတာအဲဒီမျှော်လင့်ချက်နဲ့..

ဘုရားကဒီ့ထက်ပိုပြီးတော့ #ဘာလုပ်ပေးနိုင်တုန်းဆိုတော့

ဘာမှလုပ်မပေးနိုင်ဘူး

လုပ်တာကကိုယ့်ဟာကိုယ်ပဲလုပ်ရမှာနော်..

ပါချုပ်ဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်

error: Content is protected !!