ဆေးနည်း
အသုံးပြုပုံ
တခုခု ရရင်​​ကျေနပ်​တယ်
နံနက် နိုးနိုးချင်း
၎- ပြီးမှ သွားတိုက်ပါ။
နေ့လည် ရေချိုးခါနီး
၁- ခြေဖဝါး ဆားပွတ်ပါ။ ( ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် )
၃- ပြီးမှ ရေချိုးပါ။
ည အိပ်ယာမဝင်ခင်
နေ့စဉ်လုပ်ပေးပါ။
Credit : Ma Nan
======================
ဆေးဆိုးစရာမလိုဘဲ ဆံပင်ဖြူတွေ အမည်းရောင်ပြန်ဖြစ်စေမယ့် အံ့သြဖွယ် နည်းလမ်း နှင့် ဆံပင်ကျွတ်သူများသို့
တချို့တွေက သွေးသားကြောင့် ဆံပင်ဖြူရမယ့် အရွယ်မတိုင်ခင် ဆံပင်တွေ ဖြူလေ့ရှိပါတယ်။
တချို့ကတော့ အသက်အရွယ်အရ ဆံပင်ဖြူလာကြပါတယ်။
ဆံပင်အားလုံးဖြူသွားတာမျိုးလည်း မဟုတ်သေးဘဲ ကျိုးတို့ကျဲတဲ နေရာကွက်ကြား ဖြူတယ်ဆိုရင်တော့ ကြည့်ရဆိုးပါတယ်။
ဒါကို အမည်းရောင်ဆေးမဆိုးဘဲ သဘာဝအတိုင်း ပြန်မည်းအောင် ပြုလုပ်လို့ရတဲ့သဘာဝနည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
ဆေးနည်း
အာလူးငါးလုံးကို ရေစင်အောင်ဆေးပါ။ ပြီးရင် အခွံနွှာပါ။ အခွံကို ရေမြှုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။
(၁၀) မိနစ်လောက်ကြာတဲ့အခါ ရေဆူလာပြီဆိုရင် အပူပေးတာကို ရပ်လိုက်ပါ။
အာလူးအခွံတွေကို ဆယ်ထုတ်လိုက်ပါ။ ပြုတ်ရည်ကို အေးသွားသည်အထိ အအေးခံပေးပါ။
အသုံးပြုပုံ
ပြီးရင် ပြုတ်ရည်ကို ဆံပင်နေရာ အားလုံးမှာ လိ်မ်းပေးပါ။ မိနစ်(၂၀) လောက်ကြာအောင် ထားပေးပါ။
ပြီးရင် ပုံမှန်ခေါင်းလျှော်သလိုပဲ လျှော်ပေးပါ။
တပတ်ကို တစ်ကြိမ်ပြုလုပ်လို့ရပြီး သုံးခါလောက် ပြုလုပ်ပြီးတဲ့အခါ ဆံပင်ဖြူတွေ အမည်းရောင်ကို ပြောင်းလဲပြီး လူငယ်လေးလို လှပနေမှာ အသေအချာပါပဲ။
တခုခု ရရင်​​ကျေနပ်​တယ်​
Credit: ဖြိုးပြည့်သူ(မိုမိုလေး)
ဆံပင်ကျွတ်သူများ၊ ထိပ်ပြောင်သူများ၊ မျက်မှန်တပ်သူများသို့
နံနက် နိုးနိုးချင်း
၁- ရေဖန်ခွက် တစ်ခွက်သောက်လိုက်ပါ။
၂- ခြေဆစ် ခြေမျက်စေ့ မှစ၍ ဒူးထိ ရေဆယ်ခွက်အရင်လောင်းပါ။
၃- ပြီးမှ မျက်နှာ အရင်သစ်ပါ။
၄- ပြီးမှ သွားတိုက်ပါ။
နေ့လည် ရေချိုးခါနီး
၁- ခြေဖဝါး ဆားပွတ်ပါ။ ( ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် )
၂- ခြေဆစ် ခြေမျက်စေ့ မှစ၍ ဒူးထိ ရေအရင်လောင်းပါ။
၃- ပြီးမှ ရေချိုးပါ။
ည အိပ်ယာမဝင်ခင်
ခြေဆစ် ခြေမျက်စေ့ မှစ၍ ဒူးထိ ရေဆယ်ခွက်ခန့် လောင်းပြီးမှအိပ်ပါ။
နေ့စဉ်လုပ်ပေးပါ။
ဆံပင်ကျွတ် ရပ်သွားပြီး
ထူနေအောင်ပြန်ပေါက်လာပါမည်။
ဆားမပွတ်ဘဲ ဆားပုံပေါ်တက်ပီး
ဆားပုံကို နာနာ နင်းနင်းချပေး၍လည်းရသည်။
(ကော်ဇလုံထဲသို့ ဆားကြမ်း တစ်ပိဿဿ ခန့်ထည့်ထားပြီးရေမချိုးခင် နေ့စဉ်နာနာနှိပ်သကဲ့သို့ တက်နင်းပါ )
ထိပ်ပြောင်သူများလည်း ဆံပင်ပြန်ပေါက်ပါသည်။
မျက်စိအားကောင်းစေသဖြင့်မျက်မှန်တပ်သူများလည်း လုပ်သင့်ပါသည်။မျက်စိမှုန်ခြင်း ကင်းဝေးစေပါသည်။
အခိုးအငွေ့များလည်း ခြေဖဝါးမှထွက်၍ အညောင်းပြေသည့်အကျိုးကျေးဇူးများလည်းရရှိစေပါသည်။
Credit : Ma Nan
error: Content is protected !!