


တန်ဖိုးဆိုတာ ထားတတ်ရင် တန်ဖိုးရှိပါတယ် သင့်တန်ဖိုး နားမလည်တဲ့သူအတွက် သင့်အချိန်တွေ နှမျောစရာကောင်းလွန်းပါတယ်





#Eiphookhinkhin

 

{ UNICODE Version }

သင့်အနားမှာရှိတဲ့ လူကိုတန်ဖိုးထားပါ ဝေးသွားမှ တမ်းတမနေပါနဲ့ အချိန်လွန် နောက်တဆိုတာ အသုံးမဝင်တော့တဲ့ ပန်းကန်ကွဲတစ်ချပ်လိုပါပဲ

မလိုချင်တဲ့လူကိုပေးဖို့ အဆင့်သင့်ဖြစ်နေတဲ့ အရာတွေကို လိုအပ်သူကို ပေးကြည့်ပါ အနည်းဆုံးတော့ စိတ်ချမ်းသာတာပေါ့

တန်ဖိုးဆိုတာ ထားတတ်ရင် တန်ဖိုုးရှိပါတယ် သင့်တန်ဖိုး နားမလည်တဲ့သူအတွက် သင့်အချိန်တွေ နှမျောစရာကောင်းလွန်းပါတယ်

တန်ဖိုးထားတတ်တဲ့သူအတွက်ကတော့ သင်လုပ်ပေးတဲ့ အသေးအဖွဲ့ကအစ တန်ဖိုးရှိနေမှာပါ

တန်ဖိုးမသိတဲ့သူတွေအတွက် သင့် ဘာလုပ်ပေးပေး တန်ဖိုးရှိတယ်ထင်မှာမဟုတ်တဲ့အတွက် သင်ဟာ လူပိုတစ်ယောက်ဖြစ်နေတတ်ပါတယ်

ဒါကြောင့် အဝေးကြီးကို မျှော်မကြည့်ပါနဲ့ သင့်အနားမှာ ရှိနေသူတွေသာ သင့်တန်ဖိုးနားလည်သူတွေပါ

အနားမှာရှိနေတုန်း ဂရုစိုက်တတ်ပါစေ အနားမှာရှိနေတုန်း ကြင်နာတတ်ပါစေ အနားမှာရှိနေတုန်း မေတ္တာတရားတွေ မျှဝေတတ်ပါစေ အနားမှာရှိနေတုန်း တန်ဖိုးထားတတ်ပါစေ

#Eiphookhinkhin

error: Content is protected !!