ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖမ်းလိုက်ပြီ

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရက်မမှတ်မိတွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ မ ——(၂၂)နှစ်သည် ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်၏ ဗေဒင်ဟောခန်းသို့ သူငယ်ချင်းဖြစ်သူနှင့် သွားရောက်ဗေဒင်မေးစဉ် အောင်ချစ်ပိုမှပါလာသည့် သူငယ်ချင်းအား အပြင်သို့ထွက်ခိုင်းပြီး စာမေးပွဲ အောင်မြင်ရန်နှင့် အချစ်ရေးအောင်မြင်ရန်အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်း မည်ဟုပြောဆိုကာ မ—-၏ရင်သားကြားသို့ လူနှစ်ယောက် ဖက်နေသည့် ရွှေရုပ်အဆောင် ယတြာ အား ထည့်ကာကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၅၁၅ အချိန်တွင် မ—–မှ တိုင်တန်းသောကြောင့် အောင်ချစ်ပို(ဖမ်းမိ)အား စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၅၄/၅၀၆(ကာယိနြေ္ဒပျက်စီးစေမှု/ ခြိမ်းခြောက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


Popular News Journal

=======================

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရက်မမှတ်မိတွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ မ ——(၂၂)နှစ်သည် ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်၏ ဗေဒင်ဟောခန်းသို့ သူငယ်ချင်းဖြစ်သူနှင့် သွားရောက်ဗေဒင်မေးစဉ် အောင်ချစ်ပိုမှပါလာသည့် သူငယ်ချင်းအား အပြင်သို့ထွက်ခိုင်းပြီး စာမေးပွဲ အောင်မြင်ရန်နှင့် အချစ်ရေးအောင်မြင်ရန်အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်း မည်ဟုပြောဆိုကာ မ—-၏ရင်သားကြားသို့ လူနှစ်ယောက် ဖက်နေသည့် ရွှေရုပ်အဆောင် ယတြာ အား ထည့်ကာကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ရ ရက်နေ့ ၁၅၁၅ အချိန်တွင် မ—–မှ တိုင်တန်းသောကြောင့် အောင်ချစ်ပို(ဖမ်းမိ)အား စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၅၄/၅၀၆(ကာယိန္ဒြေပျက်စီးစေမှု/ ခြိမ်းခြောက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source – ပြည်ထဲရေးဝန်ကြီးဌာန

Popular News Journal

error: Content is protected !!