အသက္(၅၀)ဆုိေပမယ့္ ငယ္ရြယ္ႏုပ်ိဳေနဆဲ ဂ်ပန္အမ်ိဳးသမီးရဲ႕ မအုိေဆးအေၾကာင္း

အသက္(၅၀)ဆုိေပမယ့္ ငယ္ရြယ္ႏုပ်ိဳေနဆဲ ဂ်ပန္အမ်ိဳးသမီးရဲ႕ မအုိေဆးအေၾကာင္း

မၾကးခင္က က်င္းပခဲ့တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ အရြယ္တင္ႏုပ်ိဳဆုံးဆုကို လတ္လတ္ဆတ္ဆတ္ ဆြတ္ခူးသြားသူကေတာ့ Masako Mizutani လို႔ေခၚတဲ့ အမ်ိဳးသမီးျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ မအိုႏိုင္တဲ့ အမ်ိဳးသမီးလို႔ နာမည္တြင္တဲ့သူပါ။ သူ႔ကို စေတြ႔ေတြ႕ခ်င္းမွာေတာ့ အသက္ (၂၀)ဝန္းက်င္ေလာက္လုိ႔ ထင္ရေပမယ့္ တကယ္တန္းက်ေတာ့ (၁၉၆၈) ခုႏွစ္မွာ ေမြးဖြားခဲ့သူမဟာ ဒီႏွစ္ထဲမွာ အသက္(၅၀) ျပည့္ျပီး ျဖစ္ပါတယ္။

ဒီလိုမ်ိဳး အသက္အရြယ္နဲ႔မလိုက္ေအာင္ အရြယ္တင္ႏုပ်ိဳလြန္းတဲ့သူမဟာ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားရဲ႕ အားေပးဝန္းရံျခင္းကို ခံရၿပီး ပရိသတ္လည္းအခိုင္အမာ ရရွိထားသူျဖစ္ပါတယ္။

သူမ ဒီလိုအစဥ္အျမဲႏုပ်ိဳ အရြယ္တင္ရတဲ့ လွ်ိဳ႕ဝွက္ခ်က္ကိုလည္း သူမကိုယ္တိုင္ မွ်ေဝေပးခဲ့ပါတယ္။

အဲဒါက ဘာလဲဆိုေတာ့ သူမဟာ ဟင္းသီးဟင္းရြက္ေတြကိုသာ စားသံုးျပီး အရက္၊ ေဆးလိပ္ လံုးဝမသံုးစြဲတဲ့အျပင္ အနားေတာင္မကပ္ဘူးလို႔ ဆိုပါတယ္။

ေနေရာင္ေအာက္မွာ အၾကာၾကီးေနျခင္းကိုေရွာင္ျပီး၊ သူမဟာ တစ္ရက္ကို (၅)နာရီခန္႔ အသားအရည္နဲ႔ ခႏၶာကိုယ္ထိန္းသိမ္းဖို႔ အခ်ိန္ေပးတယ္လို႔ဆိုပါတယ္။

မွန္ကန္ျပီး က်န္းမာေရးနဲ႔ညီညြတ္စြာ စားသံုးတဲ့သူရဲ႕ အသြင္အျပင္ဟာ အမ်ားၾကီးျခားနားမႈရွိတယ္လို႔လည္း ဆိုပါတယ္။

“လူတစ္ေယာက္ဟာ သင့္တင့္မွ်တတဲ့ Diet နည္းနဲ႔ စားသံုးျပီး တစ္ရက္ကို ပမာဏနည္းနည္းနဲ႔ ေလးၾကိမ္ေလာက္စားသံုးေပးသင့္တယ္လို႔” လည္း အၾကံေပးခဲ့ပါတယ္။

လူတစ္ေယာက္ဟာ ေလ့က်င့္ခန္းတစ္ခုခုကို ပံုမွန္ျပဳလုပ္ေပးရမွာျဖစ္ျပီး ခႏၶာကိုယ္နဲ႔စိတ္ကို တက္ၾကြလန္းဆန္းေနေအာင္ ထားေပးရပါမယ္။

အိပ္ေရးဝဝအိပ္စက္ျပီး ေဆးလိပ္နဲ႔ ေဝးေဝးေနေပးရမယ္လို႔လည္း အၾကံေပးထားပါေသးတယ္။

အသားအေရအတြက္လည္း ေရမ်ားမ်ားေသာက္ေပးတာ၊ သစ္သီးေတြစားေပးတာ၊ ႏြားႏို႕ေတြေသာက္ေပးတာ အေကာင္းဆံုးျဖစ္သလို အျပင္ပိုင္းကေနလည္း အသားအေရထိန္းသိမ္းမႈေတြ ျပဳလုပ္ေပးဖို႔ အရမး္အေရးၾကီးေၾကာင္း ေျပာျပခဲ့ပါတယ္။

ျပင္ဆင္ျခယ္သရာမွာလည္း အေရာင္လင္းတဲ့မိတ္ကပ္နဲ႔ အလွကုန္ေတြကို အသံုးျပဳေပးဖို႔နဲ႔ Vitamin E ပါဝင္တဲ့ အလွကုန္ေတြကို အသံုးျပဳေပးဖို႔ ေျပာျပခဲ့ပါေသးတယ္။

Em Em(Auntymay)

========================

အသက်(၅၀)ဆိုပေမယ့် ငယ်ရွယ်နုပျိုနေဆဲ ဂျပန်အမျိုးသမီးရဲ့ မအိုဆေးအကြောင်း

မကြးခင်က ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အရွယ်တင်နုပျိုဆုံးဆုကို လတ်လတ်ဆတ်ဆတ် ဆွတ်ခူးသွားသူကတော့ Masako Mizutani လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ မအိုနိုင်တဲ့ အမျိုးသမီးလို့ နာမည်တွင်တဲ့သူပါ။ သူ့ကို စတွေ့တွေ့ချင်းမှာတော့ အသက် (၂၀)ဝန်းကျင်လောက်လို့ ထင်ရပေမယ့် တကယ်တန်းကျတော့ (၁၉၆၈) ခုနှစ်မှာ မွေးဖွားခဲ့သူမဟာ ဒီနှစ်ထဲမှာ အသက်(၅၀) ပြည့်ပြီး ဖြစ်ပါတယ်။

ဒီလိုမျိုး အသက်အရွယ်နဲ့မလိုက်အောင် အရွယ်တင်နုပျိုလွန်းတဲ့သူမဟာ မိန်းကလေး တော်တော်များများရဲ့ အားပေးဝန်းရံခြင်းကို ခံရပြီး ပရိသတ်လည်းအခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။

သူမ ဒီလိုအစဉ်အမြဲနုပျို အရွယ်တင်ရတဲ့ လျှို့ဝှက်ချက်ကိုလည်း သူမကိုယ်တိုင် မျှဝေပေးခဲ့ပါတယ်။

အဲဒါက ဘာလဲဆိုတော့ သူမဟာ ဟင်းသီးဟင်းရွက်တွေကိုသာ စားသုံးပြီး အရက်၊ ဆေးလိပ် လုံးဝမသုံးစွဲတဲ့အပြင် အနားတောင်မကပ်ဘူးလို့ ဆိုပါတယ်။

နေရောင်အောက်မှာ အကြာကြီးနေခြင်းကိုရှောင်ပြီး၊ သူမဟာ တစ်ရက်ကို (၅)နာရီခန့် အသားအရည်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းဖို့ အချိန်ပေးတယ်လို့ဆိုပါတယ်။

မှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးတဲ့သူရဲ့ အသွင်အပြင်ဟာ အများကြီးခြားနားမှုရှိတယ်လို့လည်း ဆိုပါတယ်။

“လူတစ်ယောက်ဟာ သင့်တင့်မျှတတဲ့ Diet နည်းနဲ့ စားသုံးပြီး တစ်ရက်ကို ပမာဏနည်းနည်းနဲ့ လေးကြိမ်လောက်စားသုံးပေးသင့်တယ်လို့” လည်း အကြံပေးခဲ့ပါတယ်။

လူတစ်ယောက်ဟာ လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပြီး ခန္ဓာကိုယ်နဲ့စိတ်ကို တက်ကြွလန်းဆန်းနေအောင် ထားပေးရပါမယ်။

အိပ်ရေးဝဝအိပ်စက်ပြီး ဆေးလိပ်နဲ့ ဝေးဝေးနေပေးရမယ်လို့လည်း အကြံပေးထားပါသေးတယ်။

အသားအရေအတွက်လည်း ရေများများသောက်ပေးတာ၊ သစ်သီးတွေစားပေးတာ၊ နွားနို့တွေသောက်ပေးတာ အကောင်းဆုံးဖြစ်သလို အပြင်ပိုင်းကနေလည်း အသားအရေထိန်းသိမ်းမှုတွေ ပြုလုပ်ပေးဖို့ အရမး်အရေးကြီးကြောင်း ပြောပြခဲ့ပါတယ်။

ပြင်ဆင်ခြယ်သရာမှာလည်း အရောင်လင်းတဲ့မိတ်ကပ်နဲ့ အလှကုန်တွေကို အသုံးပြုပေးဖို့နဲ့ Vitamin E ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုပေးဖို့ ပြောပြခဲ့ပါသေးတယ်။

Em Em(Auntymay)

error: Content is protected !!