ေၾကာက္စရာေတာဝက္ႀကီးေတြ ၿမိဳ႕ေပၚအစာတက္ရွာလုိ႔ ေဒသခံမ်ားစုိးရိမ္မႈျမင့္တက္ေန

ႀကီးမားလွတဲ့ ေတာဝက္ႀကီးတစ္ေကာင္ဟာ ေနာက္ေျခေထာက္နဲ႔ မတ္တတ္ရပ္ျပီး အမိွဳက္ပံုးေတြထဲမွာ စားစရာေတြ ေမႊေႏွာက္ရွာေဖြေနခဲ့ပံုကို လူတစ္ဦးက ဗီဒီယုိ႐ိုက္မိခဲ့ပါတယ္။ အံ့အားသင့္ဖြယ္ျဖစ္ရပ္ကို ေဟာင္ေကာင္က ကေလးမိဘတစ္ဦးက ကေလးေက်ာင္းလိုက္ပို႔စဥ္ ေတြ႔ကာ ႐ိုက္ကူးခဲ့တာျဖစ္ျပီး ဗီဒီယုိက အြန္လိုင္းမွာျပန္႔သြားခဲ့ပါတယ္။

ေတာဝက္ႀကီးဟာ ေနာက္ေျခေထာက္နဲ႔ မတ္တတ္ရပ္ကာ အမိွဳက္ပံုးကို ေမႊေႏွာက္ရွာေဖြစားေသာက္ေနခဲ့ျပီး ဝက္ေပါက္ေလးႏွစ္ေကာင္က ေဘးကေန ၾကည့္ေနခဲ့ပါတယ္။ Tu Dong ႐ိုက္ကူးခဲ့တဲ့ ဗီဒီယုိကို ၾကည့္႐ွုသူမ်ားျပားခဲ့ျပီး အခ်ိဳ႕ေက်ာင္းသားမိဘေတြက ကေလးေတြရဲ႕ေက်ာင္းနားကို ထိုကဲ့သို႔ ေတာဝက္ေတြ ေရာက္ရိွလာမွာ စိုးရိမ္ေနၾကပါတယ္။ အခ်ိဳကေတြကေတာ့ ဆာေလာင္ငတ္မြတ္ေနခဲ့တဲ့ ေတာဝက္ႀကီးကို သနားေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ျပီးခဲ့တဲ့ (၂၀၁၇)ရဲ႕ ဇြန္လမွာတုန္းကလည္း ျမိဳ႕ေပၚမွာ တက္ေသာင္းက်န္းခဲ့တဲ့ ေတာဝက္ႀကီးကို ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ၾကၿပီး၊ ရဲသားတစ္ဦးနဲ႔ (၇၃)ႏွစ္အရြယ္ စက္ဘီးစီးသမားတစ္ဦးတို႔ ဒဏ္ရာရခဲ့တဲ့ ျဖစ္ရပ္ရိွခဲ့ဖူးပါတယ္။ (၂၀၁၆)ခုႏွစ္ကလည္း ေတာဝက္မႀကီးတစ္ေကာင္ဟာ ေဟာင္ေကာင္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ဝင္ေရာက္ေမႊေႏွာက္ခဲ့ျပီး အာဏာပိုင္ေတြက ဒိုင္းေတြနဲ႔ပင္ ကာျပီး ဖမ္းဆီးခဲ့ရပါတယ္္။

ပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာရွင္ Alex Hofford ကေတာ့ ေဟာင္ေကာင္မွာ သဘာဝအစားအစာေတြနဲ႔ အပင္သတၱဝါမ်ိဳးစိတ္ေတြ ရွားပါးမွဳေၾကာင့္ အခုလို ေတာတြင္းသတၱဝါေတြက ျမိဳ႕ေပၚတက္ျပီး အစာရွာရမွဳေတြ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

White (Shwemom)

Ref: Lad Bible

=========================

ကြီးမားလှတဲ့ တောဝက်ကြီးတစ်ကောင်ဟာ နောက်ခြေထောက်နဲ့ မတ်တတ်ရပ်ပြီး အမှိုက်ပုံးတွေထဲမှာ စားစရာတွေ မွှေနှောက်ရှာဖွေနေခဲ့ပုံကို လူတစ်ဦးက ဗီဒီယိုရိုက်မိခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ဖြစ်ရပ်ကို ဟောင်ကောင်က ကလေးမိဘတစ်ဦးက ကလေးကျောင်းလိုက်ပို့စဉ် တွေ့ကာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဗီဒီယိုက အွန်လိုင်းမှာပြန့်သွားခဲ့ပါတယ်။

တောဝက်ကြီးဟာ နောက်ခြေထောက်နဲ့ မတ်တတ်ရပ်ကာ အမှိုက်ပုံးကို မွှေနှောက်ရှာဖွေစားသောက်နေခဲ့ပြီး ဝက်ပေါက်လေးနှစ်ကောင်က ဘေးကနေ ကြည့်နေခဲ့ပါတယ်။ Tu Dong ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကို ကြည့်ရှုသူများပြားခဲ့ပြီး အချို့ကျောင်းသားမိဘတွေက ကလေးတွေရဲ့ကျောင်းနားကို ထိုကဲ့သို့ တောဝက်တွေ ရောက်ရှိလာမှာ စိုးရိမ်နေကြပါတယ်။ အချိုကတွေကတော့ ဆာလောင်ငတ်မွတ်နေခဲ့တဲ့ တောဝက်ကြီးကို သနားကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၇)ရဲ့ ဇွန်လမှာတုန်းကလည်း မြို့ပေါ်မှာ တက်သောင်းကျန်းခဲ့တဲ့ တောဝက်ကြီးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပြီး၊ ရဲသားတစ်ဦးနဲ့ (၇၃)နှစ်အရွယ် စက်ဘီးစီးသမားတစ်ဦးတို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ဖူးပါတယ်။ (၂၀၁၆)ခုနှစ်ကလည်း တောဝက်မကြီးတစ်ကောင်ဟာ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဝင်ရောက်မွှေနှောက်ခဲ့ပြီး အာဏာပိုင်တွေက ဒိုင်းတွေနဲ့ပင် ကာပြီး ဖမ်းဆီးခဲ့ရပါတယ််။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် Alex Hofford ကတော့ ဟောင်ကောင်မှာ သဘာဝအစားအစာတွေနဲ့ အပင်သတ္တဝါမျိုးစိတ်တွေ ရှားပါးမှုကြောင့် အခုလို တောတွင်းသတ္တဝါတွေက မြို့ပေါ်တက်ပြီး အစာရှာရမှုတွေ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

White (Shwemom)

Ref: Lad Bible

error: Content is protected !!