အလွန်ထူးဆန်းပြီး လူအသက်များစွာကို ဆုံးရှုံးစေခဲ့တဲ့ ရေကန်ကြီးများ
credit Buzzy
===========================
တကယ်ကိုထူးဆန်းပြီး ကြောက်ဖို့ကောင်းတဲ့ ရေကန်တွေ….
ရေကန်ဆို လူတိုင်းမြင်ရင်သဘောကျပါတယ်။ ပြာလဲ့ကြည်လင်နေတဲ့ ရေနဲ့ လှပတဲ့ရှုခင်းပေါင်းစပ်ထားပြီဆို အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် ရေကန်ုတိုင်းဟာအန္တရာယ်ကင်းပါ့မလား?
Lake Hillier (Australia)
ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားလား? ပန်းရောင်ကာလနဲ့ တောနက်ထဲရှိ ရေကန်ကို မြင်တာနဲ့ကြက်သီးထသွားမယ်ဆိုတာသိကြမှာပါ။ ဒီရေကန်ထဲက ပန်းရောင်ရေတွေဟာ ကွဲပြားတဲ့ဇီဝသက်ရှိတွေကနေလာတာလို့ သိရပါတယ်။
Kawah Ijen Acidic Lake (Indonesia)
ကမ္ဘာပေါ်မှာ အက်ဆစ်ဓာတ်အများဆုံး ရေကန်ဖြစ်ပါတယ်။ ထိုသေစေနိုင်လောက်တဲ့ ရေတွေဟာ ညဘက်ဆိုရင် ထူးဆန်းစွာဖြင့် အပြာရောင်တွေထွက်နေတာကိုတွေ့ရပါတယ်။ထိုနေရာမှ ဒေသခံတွေကတော့ မျက်နှာဖုံးတွေတောင်မတပ်ဘဲ ကန့်တွေကို လိုက်စုနေတာတွေ့ရပါတယ်။
A sudden lake: Gafsa (Tunisia)
နာမည်နဲ့လိုက်အောင်ပဲ ဒီရေကန်ဟာ ခြောက်သွေ့နေတဲ့ ကန္တာရမှာ ရုတ်တရက် ထူးဆန်းစွာပေါ်လာတဲ့ ရေကန်ဖြစ်ပါတယ်။ ဘာကြောင့် ရုတ်တရက်ပေါ်လာလည်း ဆိုတာတော့ သေချာမသိရသေးပါဘူး။ ရေဆင်းကူးမယ်ဆို စွန့်စားလွန်းရာရောက်ပါတယ်။ ရေကန်အနီးနားက ဖော့စဖိတ် မိုင်းတွေရဲ့ရေဒီယိုသတ္တုကြွတွေကြောင့် ကန်အတွင်းက ရေတွေမှာအဆိပ်တွေပါဝင်နိုင်ပါတယ်။
The Boiling Lake (Dominica)
ဒီရေကန်ဟာ အမြဲတမ်းဆူပွက်နေတာဖြစ်ပါတယ်။ ရေရဲ့အပူချိန်က 92°C ရှိပါတယ်။ ထိုရေကန်ဟာ လုံးဝကိုတားမြစ်ထားတာဖြစ်ပါတယ်။ ရေကန်ဟာ မီးတောင်အနီးမှာတည်ရှိနေတာကြောင့် ရေဟာအလိုလျောက်ပူနေတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြထားပါတယ်။
Killer Lake Nyos (Cameroon )
ဒီရေကန်ကြောင့် လူပေါင်း ၁၇၄၆ယောက်သေဆုံးသွားပါပြီ။ ၁၉၈၅ခုနှစ် သြဂုတ်လ၂၁ရက်နေ့က ထိုရေကန်အနားမှာ သေစေနိုင်တဲ့ ဂတ်စ်တွေပေါ်လာပြီး သက်ရှိသတ္တဝါတွေအားလုံးကို သေစေခဲ့တယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာချက် ကတော့ ရေကန်ဟာ မီးတောင်အောက်ခြေမှာရှိနေတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ ရေထဲပျော်ဝင်သွားပြီး မျက်နှာပြင်ပေါ်ရောက်တော့ ဂတ်စ်အငွေ့တွေအဖြစ် ကောင်းကင်ပေါ်သို့ပျံတက်သွားတာဖြစ်နိုင်ပါတယ်။
credit Buzzy
error: Content is protected !!