လာအိုဟာ ျမန္မာကို ဘာေၾကာင့္ ေက်ာ္တက္သြားႏိုင္သလဲ

လာအိုဟာ ျမန္မာကို ဘာေၾကာင့္ ေက်ာ္တက္သြားႏိုင္သလဲ

==================

လူဦးေရ ၆ သန္းေက်ာ္သာရွိျပီး ေျမျပန္႕နည္းပါး ေတာင္ေတြေပါတဲ့ ကုန္းတြင္းပိတ္ႏိုင္ငံငယ္ေလးဟာ အျမန္ဆုံး တိုးတက္လာတာ အံ့မခန္းပါပဲ။

ေနာက္ဆုံး က်န္ရွိေနတဲ့ ကြန္ျမဴနစ္ႏိုင္ငံငယ္ေလး တစ္ခုေပမယ့္ အဓိက အားေကာင္းတဲ့ ႏုိင္ငံျခား export၊ ဘီလီယံခ်ီတန္တဲ့ အေျခခံ အေဆာက္အဦးေတြျဖစ္တဲ့ က်ည္ဆံရထားလမ္းနဲ႕ အျမန္လမ္းမၾကီးမ်ား၊ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ားေၾကာင့္ ထူျခား ေျပာင္ေျမာက္တဲ့ စီးပြားေရးတိုးတက္မႈႏႈန္းကို ထိန္းထားႏိုင္ခဲ့တယ္။

ဘီလီယံခ်ီ ရင္းႏွီးျမဳပ္ႏွံမႈေတြကို တရုတ္၊ ထိုင္းနဲ႕ ဗီယက္နမ္တို႕မွ ရရွိခဲ့တယ္။ ျမန္မာႏိုင္ငံမွာေတာ့ ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈလာမယ့္ ႏုိင္ငံေတြ မ်ားလွေပမယ့္ ဟိုဟာေကာင္းႏိုးႏိုး ဒီဟာ ေကာင္းႏိုးႏိုး နဲ႕ ခ်ီတုံခ်တုံျဖစ္ျပီး တကယ္ေကာင္းတဲ့ ကိုရီးယား samsung ရဲ႕ ၄.၅ ဘီလီယံတန္ ရင္းႏွီးျမဳပ္ႏွံမႈေတာ့ လြဲခဲ့ရတယ္။

လာအိုဟာ ေရအားလွ်ပ္စစ္အေပၚမွာ အသက္႐ႈမွားေလာက္ေအာင္ ရည္မွန္းခ်က္ၾကီးေတြရွိတယ္။ အမ်ဳိးသား တံဆိပ္ထဲမွာ ဆန္စပါးနဲ႕အတူ ေရကာတာၾကီး တစ္လုံးပုံပါ ထည့္ထားတဲ့ အထိပဲ။ ႏိုင္ငံတြင္း ဆည္ၾကီး ၁၃ လုံး ေဆာက္ထားျပီး ေနာက္ထပ္ အလုံး ၇၀ ထပ္ေဆာက္မွာျဖစ္တယ္။

၁၀၀၀ မီဂါဝပ္ ထြက္တဲ့ နမ္သီယြန္-၂ ဆည္ၾကီးဟာ ကမၻာ့ဘဏ္နဲ႕ ADB ဘဏ္က တစိတ္တပိုင္းေထာက္ပံ့ခဲ့ျပီး ၂၀၁၀ မွာ စတင္ လည္ပတ္တယ္။ ဒီဆည္က ၂၅ ႏွစ္အတြင္းမွာ လာအိုအတြက္ ၂ ဘီလီယံ ေဒၚလာကို ရွာေဖြေပးမွာျဖစ္တယ္။

၂၀၂၀ အေရာက္မွာေတာ့ လာအိုဟာ ၁၂,၅၀၀ မီဂါဝပ္ထြက္ဖို႕ ေမွ်ာ္လင့္တယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိထုတ္လုပ္မႈထက္ ၄ ဆနီးပါးျဖစ္သြားမယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဦးသိန္းစိန္လက္ထက္ ျမစ္ဆုံဆည္ကို US ေထာက္ပံ့မႈေတြနဲ႕ ကန္႕ကြက္မႈ အရွိန္ေကာင္းခဲ့ျပီး ရပ္တန္႕ခဲ့တယ္။ အျခား ေရအားလွ်ပ္စစ္ စီမံကိန္းၾကီးေတြလဲ ေဝေလေလကန္႕ကြက္မႈေတြနဲ႕ ျပီးမယ့္ရက္ ေဝးခဲ့ရတယ္။ အဲကြန္းထဲမွာေနတဲ့သူေတြက ဖေယာင္းတိုင္ထြန္းျပီးလဲ ေနႏိုင္တယ္ ေၾကြးေၾကာ္သံေတြနဲ႕ အတူ ျမန္မာႏိုင္ငံရဲ႕ လင္းလက္မယ့္အနာဂတ္ဟာ ေဝးခဲ့တယ္။

တခါက အိပ္ေမာက်ေနတဲ့ လာအို ျမိဳ႕ေတာ္ျဖစ္ခဲ့တဲ့ ဗီယင္တင္းဟာ အခုေတာ့ အသက္ဝင္လာပါျပီး။ ေစ်းၾကီးတဲ့ စားေသာက္ဆုိင္နဲ႕ ဇိမ္ခံကားမ်ားေပါမ်ားလာျပီး လမ္းသြားလမ္းလာေတြ မ်ားျပားလာပါတယ္။ မာ့ခ္ဝါဒလႊမ္းမိုးတဲ့ ေနရာမွာ အထက္တန္းလႊာလူတန္းစား ေပၚေပါက္လာေနပါတယ္။ ျမန္မာမွာေတာ့ ေကာင္းက်ဳိးေပးမႈ နည္းတဲ့ ခရိုနီ လူတန္းစား ေပၚေပါက္လာတယ္။

တရုတ္ဟာ လာအိုကို က်ည္ဆံရထားစီမံကိန္းအတြက္ ေဒၚလာ ၄၈၀ ေခ်းေပးဖို႕ သေဘာတူညီခဲ့ၾကတယ္။ ဒီ က်ည္ဆံရထားလမ္းဟာ စင္ကာပူအထိ ေပါက္မွာျဖစ္ျပီး ကူမင္းကေန စင္ကာပူကို ၁၀ နာရီ အတြင္း ေရာက္ႏိုင္ပါမယ္။ ဘန္ေကာက္ကေတာ့ ရထားလမ္းရဲ႕ လမ္းဆုံျဖစ္လာျပီး ကေမၻာဒီယားနဲ႕ ဗီယက္နမ္ကို ထပ္ခြဲသြားလိမ့္မယ္။ လာအိုႏိုင္ငံအတြင္း ပေရာဂ်က္တစ္ခုလုံး ၆ ဘီလီယံ ကုန္က်မွာျဖစ္ျပီး တရုတ္က ႏွစ္ ၂၀ ေခ်းေငြထုတ္ေပးကာ ပထမ ၅ ႏွစ္က ဆိုင္းငံ့ကာလျဖစ္ပါတယ္။ အတုိးႏႈန္းကို ထုတ္မေျပာေပမယ့္ ၂% လို႕ ခန္႕မွန္းၾကတယ္။

လာအိုဟာ ဒီအဆင့္ေရာက္ဖို႕ ခရီး ရွည္ၾကီး ခ်ီတက္ခဲ့ရပါတယ္။ ၁၉၈၆ ခု စီးပြားေရးကို ဗဟုိခ်ဳပ္ကိုင္မႈ ေလ်ာ့ခ်ျပီး ပုဂၢလိက ပိုင္ဆိုင္မႈ အားေပးခဲ့ျပီးေနာက္ပိုင္း ယခုဆိုရင္ အင္အားေကာင္းေကာင္းနဲ႕ စီးပြားေရးဟာ မွန္မွန္တိုးတက္ေနပါျပီ။ ႏိုင္ငံတြင္း ေပါမ်ားလွတဲ့ ေရအားလွ်ပ္စစ္ေတြနဲ႕ ႏိုင္ငံတည္ေဆာက္မယ္ဆိုတဲ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္လည္း ျဖစ္တယ္။

၁၉၉၅ မွာ လာအိုဟာ မီဂါဝပ္ ၂၁၀ သာ ထုတ္ႏိုင္ရာက ယခုဆို မီဂါဝပ္ ၅,၀၄၇ ထုတ္လုပ္ႏိုင္ျပီ။ မႏွစ္ကထက္ စာရင္ လွ်ပ္စစ္ကို ၃၀% ပိုမို ထုတ္လုပ္ႏိုင္ခဲ့တယ္။ (ႏိုင္ငံေသးေပမယ့္ ျမန္မာ့ထက္ ၁ ဆ ခြဲ ထုတ္ေနျပီ) လွ်ပ္စစ္ ပိုျပီးတင္ပို႕လာႏိုင္တာေၾကာင့္ ကုန္သြယ္ေရး လိုေငြျပမႈဟာ ေလ်ာ့နည္းလာခဲ့တယ္။ လာအို အစိုးရဟာ သူတို႕ႏိုင္ငံကို ေအဆီယံဘက္ထရီျဖစ္ရမယ္ဆိုတဲ့ ေၾကြးေၾကာ္တဲ့အတိုင္း လုပ္ေဆာင္ေနႏိုင္ပါျပီ။

ဒီႏွစ္ထဲမွာ မွာ ၁၈၇၈ မီဂါဝပ္ထြက္မယ့္ ေဟာင္ဂဆာ lignite ေက်ာက္မီးေသြးစက္႐ုံကလည္း ျပီးစီးမွာျဖစ္တယ္။ (ျမန္မာမွာေတာ့ တီက်စ္မွာ တိုးခ်ဲ႕ မြမ္းမံမယ့္ lignite ေက်ာက္မီးေသြးစက္႐ုံကေတာ့ ကန္႕ကြက္မႈေၾကာင့္ ရပ္ထားရတယ္)

၂၀၂၀ မွာ လာအိုရဲ႕ ၉၅% ဟာ လွ်ပ္စစ္ကို အသုံးျပဳႏိုင္ၾကေတာ့မယ္။ ေတာင္တန္းေပါမ်ားတဲ့ ႏိုင္ငံရဲ႕ ေျမာက္ဘက္ကို High Voltage Grid ေတြ သြယ္တန္းေနျပီ။ (ျမန္မာမွာေတာ့ ဆုိလာ ျပားေလးေတြနဲ႕ ႏွစ္သိမ့္ထားရတယ္) အစိုးရဟာ ေတာရြာေတြကို လွ်ပ္စစ္ေတြရလာတာနဲ႕ တျပိဳင္နက္ ကုန္ထုတ္လုပ္ငန္းေတြ ဘယ္လိုလုပ္ရမယ္ဆိုတာ ကူညီေပးဖို႕ ရွိပါတယ္။

တရုတ္ရင္းႏွီးျမဳပ္ႏွံမႈ မ်ားလာတာနဲ႕အညီ လာအို လူငယ္ေတြဟာ တရုတ္စာ ေလ့လာလာခဲ့ၾကတယ္။ စီးပြားေရး ေက်ာင္းသား လာသီဒါက “တရုတ္စာတတ္ရင္ တရုတ္ကုမၸဏီၾကီးေတြမွာ လုပ္ဖို႕ ပိုအဆင္ေျပတယ္” လို႕ နယူးေယာခ္တိုင္း သတင္းစာကို ေျပာျပတယ္။

ျမန္မာက စိုက္ပ်ဳိးေရးက႑ မွာ FDI ၁% ပဲ ရတဲ့ အခ်ိန္မွာ လာအိုကေတာ့ ၃၆% ေက်ာ္ ရထားတယ္။ လာအိုရဲ႕ အမ်ားဆုံး ႏိုင္ငံျခားပို႕ကုန္ကေတာ့ ေကာ္ဖီျဖစ္တယ္။ လွ်ပ္စစ္ ထုတ္လုပ္မႈ အတြက္ ရင္းႏွီးျမဳပ္ႏွံမႈက ၄၅% ေလာက္ရွိတယ္။

ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို ဆြဲေဆာင္ရာမွာ ကုန္ထုတ္လုပ္မႈအတြက္သုံးဖို႕ သြင္းကုန္ေတြကို tax မေကာက္ဘူး၊ Export လုပ္ငန္းေတြအတြက္ ဂ်ဴတီ မေကာက္ဘူး၊ အခြန္ ကင္းလြတ္ခြင့္ ၁၀ ႏွစ္ေလာက္ထိ ေပးတာေတြ ရွိတယ္၊ စီမံကိန္းၾကီးေတြအတြက္ tax ကို ေလ်ာ့ခ်ေပးတယ္၊ ပညာေရးနဲ႕ က်န္းမာေရးအတြက္ ရင္းႏွီးျမဳပ္ႏွံမႈကို အထူး အခြင့္အေရးေပးတယ္။

၂၀၁၆ ခုမွာ ေအဆီယံရဲ႕ ဥကၠဌ ရာထူးကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ျပီး ေဒသတြင္းနဲ႕ ကမၻာ့စီးပြားေရး မွာ ပိုမို ပတ္သက္လာႏိုင္ခဲ့တယ္။ သြင္းကုန္ထုတ္ကုန္နဲ႕ ဝန္ေဆာင္မႈလုပ္ငန္းေတြ ပိုမို လြတ္လပ္ခြင့္ေပးႏိုင္ခဲ့ျပီး ရင္းႏွီးျမဳပ္ႏွံမႈနဲ႕ ကၽြမ္းက်င္ လုပ္သားမ်ားကို ပိုမို ဆြဲေဆာင္ႏိုင္ခဲ့တယ္။

ေထာင္စုႏွစ္ ဖြံ႕ျဖဳိးေရး ရည္မွန္းခ်က္မ်ားကို လာအိုက ေကာင္းစြာ အေကာင္အထည္ေဖာ္ႏိုင္တယ္။ ဆင္းရဲမြဲေတမႈ ထက္ဝက္ေလ်ာ့သြားေစျခင္း၊ ငတ္မြတ္ေခါင္းပါးမႈ ေလ်ာ့ခ်ႏိုင္ျခင္း၊ ပညာေရး အဆင့္ျမင့္လာျခင္းနဲ႕ က်န္းမာေရး ရလာဒ္မ်ား တိုးတက္ျခင္းတို႕ ျဖစ္ေစခဲ့တယ္။

၂၀၁၆ ထဲမွာ ကမၻာ့ဘဏ္က စီမံကိန္း ၁၉ ခုအတြက္ ေဒၚလာ ၄၂၇ သန္း ေထာက္ပံ့ဖို႕ ကတိျပဳခဲ့တယ္။

၂ ႏွစ္သက္တမ္းသာရွိျပီး ကမၻာ့အေသးဆုံး စေတာ့မားကတ္ ပို္င္ဆိုင္ထားတဲ့ လာအိုဟာ တသမတ္တည္းျဖစ္တဲ့ ၈% GDP တိုးတက္မႈကို ဆယ္စုႏွစ္ တစ္ခုလုံးရရွိခဲ့တယ္။

လာအိုဟာ ေတြေဝမႈမရွိဘဲ အိမ္နီးခ်င္းျဖစ္တဲ့ ကမၻာ့ စီးပြားေရး ဒုတိယအၾကီးဆုံးႏိုင္ငံရဲ႕အားကို ရယူႏိုင္ခဲ့ျခင္းေၾကာင့္ ရလာဒ္ေကာင္းကို ေဖာ္ေဆာင္ႏိုင္ခဲ့တာျဖစ္တယ္။

ဘယ္လိုမွ မထင္မွတ္တဲ့ ကုန္းတြင္းပိတ္နဲ႕ သယံဇာတ နည္းပါးတဲ့ လာအိုလိုႏိုင္ငံငယ္ေလးဟာ ျမန္မာႏိုင္ငံကို ေက်ာ္တက္ႏိုင္တာ အံ့ၾသကုန္ႏိုင္ဖြယ္ရာ ျဖစ္ပ်က္ခဲ့တာပါပဲ။ ျမန္မာႏိုင္ငံအတြက္ေတာ့ အႏူလက္သီး အထိုးခံရတာပဲ။ (စကားပုံ)

မႏွစ္က လာအုိ – တစ္ဦးခ်င္း ဂ်ီဒီပီ ေဒၚလာ ၃,၁၀၀ ရွိတဲ့ အခ်ိန္မွာ ျမန္မာ – တစ္ဦးခ်င္း ဂ်ီဒီပီ ေဒၚလာ ၁,၇၁၁ ရွိေသးျပီး ၂ ဆ နီးပါး ကြာဟေနတယ္။

ျမန္မာကေတာ့ စီးပြားေရးခန္႕ခြဲမႈ လြဲမွားျခင္း၊ ႏိုင္ငံျခားမုန္းတီးမႈ စိတ္နဲ႕ စီမံကိန္းၾကီးေတြ ကန္႕ကြက္ေနျခင္း၊ ခရိုနီၾကီးေတြဟာလည္း ယွဥ္ျပိဳင္ရခက္တဲ့ ႏိုင္ငံတကာျပိဳင္ဘက္ေတြကို ပိတ္ဆုိ႕ျပီး လက္ဝါးၾကီးအုပ္လိုျခင္းတို႕ေၾကာင့္ လာအိုကို လိုက္မွီဖို႕ ခက္ခဲေနဦးမွာ ျဖစ္ပါတယ္။

Credit- Moe_Hein

===============

လာအိုဟာ မြန်မာကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ

==================

လူဦးရေ ၆ သန်းကျော်သာရှိပြီး မြေပြန့်နည်းပါး တောင်တွေပေါတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ အမြန်ဆုံး တိုးတက်လာတာ အံ့မခန်းပါပဲ။

နောက်ဆုံး ကျန်ရှိနေတဲ့ ကွန်မြူနစ်နိုင်ငံငယ်လေး တစ်ခုပေမယ့် အဓိက အားကောင်းတဲ့ နိုင်ငံခြား export၊ ဘီလီယံချီတန်တဲ့ အခြေခံ အဆောက်အဦးတွေဖြစ်တဲ့ ကျည်ဆံရထားလမ်းနဲ့ အမြန်လမ်းမကြီးများ၊ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ထူခြား ပြောင်မြောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းထားနိုင်ခဲ့တယ်။

ဘီလီယံချီ ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ ရရှိခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလာမယ့် နိုင်ငံတွေ များလှပေမယ့် ဟိုဟာကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး နဲ့ ချီတုံချတုံဖြစ်ပြီး တကယ်ကောင်းတဲ့ ကိုရီးယား samsung ရဲ့ ၄.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုတော့ လွဲခဲ့ရတယ်။

လာအိုဟာ ရေအားလျှပ်စစ်အပေါ်မှာ အသက်ရှုမှားလောက်အောင် ရည်မှန်းချက်ကြီးတွေရှိတယ်။ အမျိုးသား တံဆိပ်ထဲမှာ ဆန်စပါးနဲ့အတူ ရေကာတာကြီး တစ်လုံးပုံပါ ထည့်ထားတဲ့ အထိပဲ။ နိုင်ငံတွင်း ဆည်ကြီး ၁၃ လုံး ဆောက်ထားပြီး နောက်ထပ် အလုံး ရ၀ ထပ်ဆောက်မှာဖြစ်တယ်။

၁၀၀၀ မီဂါဝပ် ထွက်တဲ့ နမ်သီယွန်-၂ ဆည်ကြီးဟာ ကမ္ဘာ့ဘဏ်နဲ့ ADB ဘဏ်က တစိတ်တပိုင်းထောက်ပံ့ခဲ့ပြီး ၂၀၁၀ မှာ စတင် လည်ပတ်တယ်။ ဒီဆည်က ၂၅ နှစ်အတွင်းမှာ လာအိုအတွက် ၂ ဘီလီယံ ဒေါ်လာကို ရှာဖွေပေးမှာဖြစ်တယ်။

၂၀၂၀ အရောက်မှာတော့ လာအိုဟာ ၁၂,၅၀၀ မီဂါဝပ်ထွက်ဖို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိထုတ်လုပ်မှုထက် ၄ ဆနီးပါးဖြစ်သွားမယ်။ မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်လက်ထက် မြစ်ဆုံဆည်ကို US ထောက်ပံ့မှုတွေနဲ့ ကန့်ကွက်မှု အရှိန်ကောင်းခဲ့ပြီး ရပ်တန့်ခဲ့တယ်။ အခြား ရေအားလျှပ်စစ် စီမံကိန်းကြီးတွေလဲ ဝေလေလေကန့်ကွက်မှုတွေနဲ့ ပြီးမယ့်ရက် ဝေးခဲ့ရတယ်။ အဲကွန်းထဲမှာနေတဲ့သူတွေက ဖယောင်းတိုင်ထွန်းပြီးလဲ နေနိုင်တယ် ကြွေးကြော်သံတွေနဲ့ အတူ မြန်မာနိုင်ငံရဲ့ လင်းလက်မယ့်အနာဂတ်ဟာ ဝေးခဲ့တယ်။

တခါက အိပ်မောကျနေတဲ့ လာအို မြို့တော်ဖြစ်ခဲ့တဲ့ ဗီယင်တင်းဟာ အခုတော့ အသက်ဝင်လာပါပြီး။ စျေးကြီးတဲ့ စားသောက်ဆိုင်နဲ့ ဇိမ်ခံကားများပေါများလာပြီး လမ်းသွားလမ်းလာတွေ များပြားလာပါတယ်။ မာ့ခ်ဝါဒလွှမ်းမိုးတဲ့ နေရာမှာ အထက်တန်းလွှာလူတန်းစား ပေါ်ပေါက်လာနေပါတယ်။ မြန်မာမှာတော့ ကောင်းကျိုးပေးမှု နည်းတဲ့ ခရိုနီ လူတန်းစား ပေါ်ပေါက်လာတယ်။

တရုတ်ဟာ လာအိုကို ကျည်ဆံရထားစီမံကိန်းအတွက် ဒေါ်လာ ၄၈၀ ချေးပေးဖို့ သဘောတူညီခဲ့ကြတယ်။ ဒီ ကျည်ဆံရထားလမ်းဟာ စင်ကာပူအထိ ပေါက်မှာဖြစ်ပြီး ကူမင်းကနေ စင်ကာပူကို ၁၀ နာရီ အတွင်း ရောက်နိုင်ပါမယ်။ ဘန်ကောက်ကတော့ ရထားလမ်းရဲ့ လမ်းဆုံဖြစ်လာပြီး ကမ္ဘောဒီယားနဲ့ ဗီယက်နမ်ကို ထပ်ခွဲသွားလိမ့်မယ်။ လာအိုနိုင်ငံအတွင်း ပရောဂျက်တစ်ခုလုံး ၆ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး တရုတ်က နှစ် ၂၀ ချေးငွေထုတ်ပေးကာ ပထမ ၅ နှစ်က ဆိုင်းငံ့ကာလဖြစ်ပါတယ်။ အတိုးနှုန်းကို ထုတ်မပြောပေမယ့် ၂% လို့ ခန့်မှန်းကြတယ်။

လာအိုဟာ ဒီအဆင့်ရောက်ဖို့ ခရီး ရှည်ကြီး ချီတက်ခဲ့ရပါတယ်။ ၁၉၈၆ ခု စီးပွားရေးကို ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု အားပေးခဲ့ပြီးနောက်ပိုင်း ယခုဆိုရင် အင်အားကောင်းကောင်းနဲ့ စီးပွားရေးဟာ မှန်မှန်တိုးတက်နေပါပြီ။ နိုင်ငံတွင်း ပေါများလှတဲ့ ရေအားလျှပ်စစ်တွေနဲ့ နိုင်ငံတည်ဆောက်မယ်ဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်တယ်။

၁၉၉၅ မှာ လာအိုဟာ မီဂါဝပ် ၂၁၀ သာ ထုတ်နိုင်ရာက ယခုဆို မီဂါဝပ် ၅,၀၄၇ ထုတ်လုပ်နိုင်ပြီ။ မနှစ်ကထက် စာရင် လျှပ်စစ်ကို ၃၀% ပိုမို ထုတ်လုပ်နိုင်ခဲ့တယ်။ (နိုင်ငံသေးပေမယ့် မြန်မာ့ထက် ၁ ဆ ခွဲ ထုတ်နေပြီ) လျှပ်စစ် ပိုပြီးတင်ပို့လာနိုင်တာကြောင့် ကုန်သွယ်ရေး လိုငွေပြမှုဟာ လျော့နည်းလာခဲ့တယ်။ လာအို အစိုးရဟာ သူတို့နိုင်ငံကို အေဆီယံဘက်ထရီဖြစ်ရမယ်ဆိုတဲ့ ကြွေးကြော်တဲ့အတိုင်း လုပ်ဆောင်နေနိုင်ပါပြီ။

ဒီနှစ်ထဲမှာ မှာ ၁၈၇၈ မီဂါဝပ်ထွက်မယ့် ဟောင်ဂဆာ lignite ကျောက်မီးသွေးစက်ရုံကလည်း ပြီးစီးမှာဖြစ်တယ်။ (မြန်မာမှာတော့ တီကျစ်မှာ တိုးချဲ့ မွမ်းမံမယ့် lignite ကျောက်မီးသွေးစက်ရုံကတော့ ကန့်ကွက်မှုကြောင့် ရပ်ထားရတယ်)

၂၀၂၀ မှာ လာအိုရဲ့ ၉၅% ဟာ လျှပ်စစ်ကို အသုံးပြုနိုင်ကြတော့မယ်။ တောင်တန်းပေါများတဲ့ နိုင်ငံရဲ့ မြောက်ဘက်ကို High Voltage Grid တွေ သွယ်တန်းနေပြီ။ (မြန်မာမှာတော့ ဆိုလာ ပြားလေးတွေနဲ့ နှစ်သိမ့်ထားရတယ်) အစိုးရဟာ တောရွာတွေကို လျှပ်စစ်တွေရလာတာနဲ့ တပြိုင်နက် ကုန်ထုတ်လုပ်ငန်းတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီပေးဖို့ ရှိပါတယ်။

တရုတ်ရင်းနှီးမြုပ်နှံမှု များလာတာနဲ့အညီ လာအို လူငယ်တွေဟာ တရုတ်စာ လေ့လာလာခဲ့ကြတယ်။ စီးပွားရေး ကျောင်းသား လာသီဒါက “တရုတ်စာတတ်ရင် တရုတ်ကုမ္ပဏီကြီးတွေမှာ လုပ်ဖို့ ပိုအဆင်ပြေတယ်” လို့ နယူးယောခ်တိုင်း သတင်းစာကို ပြောပြတယ်။

မြန်မာက စိုက်ပျိုးရေးကဏ္ဍ မှာ FDI ၁% ပဲ ရတဲ့ အချိန်မှာ လာအိုကတော့ ၃၆% ကျော် ရထားတယ်။ လာအိုရဲ့ အများဆုံး နိုင်ငံခြားပို့ကုန်ကတော့ ကော်ဖီဖြစ်တယ်။ လျှပ်စစ် ထုတ်လုပ်မှု အတွက် ရင်းနှီးမြုပ်နှံမှုက ၄၅% လောက်ရှိတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ ကုန်ထုတ်လုပ်မှုအတွက်သုံးဖို့ သွင်းကုန်တွေကို tax မကောက်ဘူး၊ Export လုပ်ငန်းတွေအတွက် ဂျူတီ မကောက်ဘူး၊ အခွန် ကင်းလွတ်ခွင့် ၁၀ နှစ်လောက်ထိ ပေးတာတွေ ရှိတယ်၊ စီမံကိန်းကြီးတွေအတွက် tax ကို လျော့ချပေးတယ်၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံမှုကို အထူး အခွင့်အရေးပေးတယ်။

၂၀၁၆ ခုမှာ အေဆီယံရဲ့ ဥက္ကဌ ရာထူးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး မှာ ပိုမို ပတ်သက်လာနိုင်ခဲ့တယ်။ သွင်းကုန်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမို လွတ်လပ်ခွင့်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကျွမ်းကျင် လုပ်သားများကို ပိုမို ဆွဲဆောင်နိုင်ခဲ့တယ်။

ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို လာအိုက ကောင်းစွာ အကောင်အထည်ဖော်နိုင်တယ်။ ဆင်းရဲမွဲတေမှု ထက်ဝက်လျော့သွားစေခြင်း၊ ငတ်မွတ်ခေါင်းပါးမှု လျော့ချနိုင်ခြင်း၊ ပညာရေး အဆင့်မြင့်လာခြင်းနဲ့ ကျန်းမာရေး ရလာဒ်များ တိုးတက်ခြင်းတို့ ဖြစ်စေခဲ့တယ်။

၂၀၁၆ ထဲမှာ ကမ္ဘာ့ဘဏ်က စီမံကိန်း ၁၉ ခုအတွက် ဒေါ်လာ ၄၂၇ သန်း ထောက်ပံ့ဖို့ ကတိပြုခဲ့တယ်။

၂ နှစ်သက်တမ်းသာရှိပြီး ကမ္ဘာ့အသေးဆုံး စတော့မားကတ် ပို်င်ဆိုင်ထားတဲ့ လာအိုဟာ တသမတ်တည်းဖြစ်တဲ့ ၈% GDP တိုးတက်မှုကို ဆယ်စုနှစ် တစ်ခုလုံးရရှိခဲ့တယ်။

လာအိုဟာ တွေဝေမှုမရှိဘဲ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘာ့ စီးပွားရေး ဒုတိယအကြီးဆုံးနိုင်ငံရဲ့အားကို ရယူနိုင်ခဲ့ခြင်းကြောင့် ရလာဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်တယ်။

ဘယ်လိုမှ မထင်မှတ်တဲ့ ကုန်းတွင်းပိတ်နဲ့ သယံဇာတ နည်းပါးတဲ့ လာအိုလိုနိုင်ငံငယ်လေးဟာ မြန်မာနိုင်ငံကို ကျော်တက်နိုင်တာ အံ့သြကုန်နိုင်ဖွယ်ရာ ဖြစ်ပျက်ခဲ့တာပါပဲ။ မြန်မာနိုင်ငံအတွက်တော့ အနူလက်သီး အထိုးခံရတာပဲ။ (စကားပုံ)

မနှစ်က လာအို – တစ်ဦးချင်း ဂျီဒီပီ ဒေါ်လာ ၃,၁၀၀ ရှိတဲ့ အချိန်မှာ မြန်မာ – တစ်ဦးချင်း ဂျီဒီပီ ဒေါ်လာ ၁,၇၁၁ ရှိသေးပြီး ၂ ဆ နီးပါး ကွာဟနေတယ်။

မြန်မာကတော့ စီးပွားရေးခန့်ခွဲမှု လွဲမှားခြင်း၊ နိုင်ငံခြားမုန်းတီးမှု စိတ်နဲ့ စီမံကိန်းကြီးတွေ ကန့်ကွက်နေခြင်း၊ ခရိုနီကြီးတွေဟာလည်း ယှဉ်ပြိုင်ရခက်တဲ့ နိုင်ငံတကာပြိုင်ဘက်တွေကို ပိတ်ဆို့ပြီး လက်ဝါးကြီးအုပ်လိုခြင်းတို့ကြောင့် လာအိုကို လိုက်မှီဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

Credit- Moe_Hein

error: Content is protected !!