ကင္ဆာဆဲလ္ေတြ ေတြ႕ေပမယ့္ ေနအိမ္မွာသာ ေဆးကုလိုတဲ့ လူရႊင္ေတာ္ဦးစိန္႐ိုး

ကင္ဆာ ေရာဂါျဖစ္ေနတဲ့ လူရႊင္ေတာ္ ဦးစိန္ရိုးႀကီးကို အားေပးလိုက္ၾကပါအံုး

ကင္ဆာဆဲလ္ေတြ ေတြ႕ေပမယ့္ ေနအိမ္မွာသာ ေဆးကုလိုတဲ့ လူရႊင္ေတာ္ဦးစိန္႐ိုး

အစာအိမ္အူလမ္း ေၾကာင္းတြင္ ကင္ဆာဆဲလ္မ်ား ေတြ႕ေသာေၾကာင့္ ေဆးစစ္ရန္ စီစဥ္ခဲ့ေသာ္လည္း ကာယကံရွင္ ၏ သေဘာဆႏၵအရ ေနအိမ္တြင္ သာ ေဆးကုသမႈခံယူေနေၾကာင္း လူရႊင္ေတာ္ႀကီး ဦးစိန္႐ိုး၏က်န္း မာေရးအေျခအေနကို မိသားစုဝင္ တစ္ဦးက ေျပာသည္။

‘‘ေခ်ာင္းဟန္႔လိုက္လို႔ ေသြး ေတြ အခဲလိုက္ပါလို႔ ရန္ကုန္ေဆး ႐ံုႀကီးကို ပို႔လိုက္တာ။ အဲဒီမွာ ဆီး စစ္၊ ေသြးစစ္က်န္းမာေရးစစ္ေဆး တာေတြလုပ္ရင္း မွန္ေျပာင္းအ ေသးၾကည့္လိုက္တယ္။ ထြက္လာ တဲ့အေျဖက အစာအိမ္နဲ႔ အူလမ္း ေၾကာင္းမွာ ကင္ဆာဆဲလ္သြား ေတြ႕တယ္။ အဲဒါေၾကာင့္ ကင္ဆာ ေဆး On ဖို႔၊ ခြဲစိတ္ဖုိ႔ မွန္ေျပာင္း အႀကီးနဲ႔ၾကည့္မယ္လို႔ ခ်ိန္းလည္း ခ်ိန္းေရာ အၾကည့္မခံေတာ့ဘူး။ သူမ်ိဳခ်လို႔မရဘူး ေတာ္ေတာ္ခံစား ရတယ္ဆိုတာနဲ႔ အိမ္မွာပဲ သူစိတ္ ခ်မ္းသာေအာင္ ျပဳစုေနပါတယ္’’ ဟု ဦးစိန္႐ိုး၏က်န္းမာေရးအေျခ အေနကို ၎၏သမက္ ကိုဝင္းျမင့္ က ေျပာသည္။

ေဆးဝါးစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ျခင္း မရွိေသာေၾကာင့္ ကင္ဆာေရာဂါ မည္သည့္အဆင့္ သို႔ ေရာက္ရွိေနသည္ကို မသိရဘဲ အၾကမ္းဖ်င္း အစာအိမ္အူလမ္း ေၾကာင္း ကင္ဆာဟုသာ သိထား သည္ဟု ၎က ဆိုသည္။

‘‘အေဖက အသက္(၈၄) ေလာက္ျဖစ္ေနၿပီ။ Memory က လည္း သိပ္မေကာင္းေတာ့ဘူး။ နားကလည္း မၾကားဘူးဆိုေတာ့ သူ႔ရဲ႕စိတ္ခ်မ္းသာမႈတစ္ခုကိုပဲ ၾကည့္ၿပီး သူလုပ္ခ်င္တာပဲ အ တတ္ႏုိင္ဆံုး ျပည့္စံုေအာင္ ဖန္တီး ေပးထားပါတယ္’’ဟု ကိုဝင္းျမင့္က ေျပာသည္။

လက္ရွိ ဦးစိန္႐ိုး၏က်န္းမာ ေရးအေျခအေနႏွင့္ ပတ္သက္၍ သတင္းေမးျမန္းမႈမ်ားရွိၿပီး လွဴဒါန္းမႈအခ်ိဳ႕လည္း ရွိသည္ဟု ဆို သည္။

‘‘သူကလည္း မိသားစုကို အားနာတဲ့ပုံပဲ။ ဆီးက်ိတ္တုန္းက လည္း ကိုယ့္ဟာကိုယ္ပဲ ကုေပး ခဲ့တာ။ ၾသဘာကုမၸဏီကေတာ့ အေဖ့ကို ရာသက္ပန္ ေထာက္ပံ့ ခ်င္တယ္ဆိုၿပီး တစ္လ သံုးသိန္း ႏႈန္း ေထာက္ပံ့တယ္။ အဲဒါကို ပတၱျမားေကခိုင္က ဓာတ္ပံု႐ိုက္ တင္လိုက္ၿပီး သိသြားၾကတာ’’ဟု ကိုဝင္းျမင့္က ေျပာသည္။

ဦးစိန္႐ိုးအေနျဖင့္ အႏုပညာ အလုပ္မ်ား မလုပ္ျဖစ္သည္မွာ လပိုင္းခန္႔သာရွိေသးၿပီး ပြဲလမ္း သဘင္မ်ား ရွိပါက သြားေရာက္ ကျပခ်င္သည့္စိတ္မ်ားရွိေနသည္ ဟု ၎က ဆိုသည္။

‘‘မိုးေကာင္းဘုရားပြဲဆိုရင္ သြားခ်င္တယ္။ သြားခ်င္ေပမယ့္ ကြၽန္ေတာ္တို႔က ေပးမလႊတ္ဘူး။ အဲဒီေတာ့ သူက ဘာေျပာလဲဆို ေတာ့ တစ္ရက္ေလာက္ေတာ့ သြားပါရေစ။ ေနာက္ႏွစ္ေတြဆို ရင္ ဒီပြဲမ်ိဳး မီခ်င္မွ မီေတာ့မွာဆို ေတာ့ စိတ္မေကာင္းဘူး။ သူက သူ႔တပည့္ေတြနဲ႔ စကားေတြေျပာ ခ်င္တာ’’ဟု ကိုဝင္းျမင့္က ေျပာ သည္။

7Day

——————————-

ကင်ဆာ ရောဂါဖြစ်နေတဲ့ လူရွှင်တော် ဦးစိန်ရိုးကြီးကို အားပေးလိုက်ကြပါအုံး

ကင်ဆာဆဲလ်တွေ တွေ့ပေမယ့် နေအိမ်မှာသာ ဆေးကုလိုတဲ့ လူရွှင်တော်ဦးစိန်ရိုး

အစာအိမ်အူလမ်း ကြောင်းတွင် ကင်ဆာဆဲလ်များ တွေ့သောကြောင့် ဆေးစစ်ရန် စီစဉ်ခဲ့သော်လည်း ကာယကံရှင် ၏ သဘောဆန္ဒအရ နေအိမ်တွင် သာ ဆေးကုသမှုခံယူနေကြောင်း လူရွှင်တော်ကြီး ဦးစိန်ရိုး၏ကျန်း မာရေးအခြေအနေကို မိသားစုဝင် တစ်ဦးက ပြောသည်။

‘‘ချောင်းဟန့်လိုက်လို့ သွေး တွေ အခဲလိုက်ပါလို့ ရန်ကုန်ဆေး ရုံကြီးကို ပို့လိုက်တာ။ အဲဒီမှာ ဆီး စစ်၊ သွေးစစ်ကျန်းမာရေးစစ်ဆေး တာတွေလုပ်ရင်း မှန်ပြောင်းအ သေးကြည့်လိုက်တယ်။ ထွက်လာ တဲ့အဖြေက အစာအိမ်နဲ့ အူလမ်း ကြောင်းမှာ ကင်ဆာဆဲလ်သွား တွေ့တယ်။ အဲဒါကြောင့် ကင်ဆာ ဆေး On ဖို့၊ ခွဲစိတ်ဖို့ မှန်ပြောင်း အကြီးနဲ့ကြည့်မယ်လို့ ချိန်းလည်း ချိန်းရော အကြည့်မခံတော့ဘူး။ သူမျိုချလို့မရဘူး တော်တော်ခံစား ရတယ်ဆိုတာနဲ့ အိမ်မှာပဲ သူစိတ် ချမ်းသာအောင် ပြုစုနေပါတယ်’’ ဟု ဦးစိန်ရိုး၏ကျန်းမာရေးအခြေ အနေကို ၎င်း၏သမက် ကိုဝင်းမြင့် က ပြောသည်။

ဆေးဝါးစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခြင်း မရှိသောကြောင့် ကင်ဆာရောဂါ မည်သည့်အဆင့် သို့ ရောက်ရှိနေသည်ကို မသိရဘဲ အကြမ်းဖျင်း အစာအိမ်အူလမ်း ကြောင်း ကင်ဆာဟုသာ သိထား သည်ဟု ၎င်းက ဆိုသည်။

‘‘အဖေက အသက်(၈၄) လောက်ဖြစ်နေပြီ။ Memory က လည်း သိပ်မကောင်းတော့ဘူး။ နားကလည်း မကြားဘူးဆိုတော့ သူ့ရဲ့စိတ်ချမ်းသာမှုတစ်ခုကိုပဲ ကြည့်ပြီး သူလုပ်ချင်တာပဲ အ တတ်နိုင်ဆုံး ပြည့်စုံအောင် ဖန်တီး ပေးထားပါတယ်’’ဟု ကိုဝင်းမြင့်က ပြောသည်။

လက်ရှိ ဦးစိန်ရိုး၏ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်၍ သတင်းမေးမြန်းမှုများရှိပြီး လှူဒါန်းမှုအချို့လည်း ရှိသည်ဟု ဆို သည်။

‘‘သူကလည်း မိသားစုကို အားနာတဲ့ပုံပဲ။ ဆီးကျိတ်တုန်းက လည်း ကိုယ့်ဟာကိုယ်ပဲ ကုပေး ခဲ့တာ။ သြဘာကုမ္ပဏီကတော့ အဖေ့ကို ရာသက်ပန် ထောက်ပံ့ ချင်တယ်ဆိုပြီး တစ်လ သုံးသိန်း နှုန်း ထောက်ပံ့တယ်။ အဲဒါကို ပတ္တမြားကေခိုင်က ဓာတ်ပုံရိုက် တင်လိုက်ပြီး သိသွားကြတာ’’ဟု ကိုဝင်းမြင့်က ပြောသည်။

ဦးစိန်ရိုးအနေဖြင့် အနုပညာ အလုပ်များ မလုပ်ဖြစ်သည်မှာ လပိုင်းခန့်သာရှိသေးပြီး ပွဲလမ်း သဘင်များ ရှိပါက သွားရောက် ကပြချင်သည့်စိတ်များရှိနေသည် ဟု ၎င်းက ဆိုသည်။

‘‘မိုးကောင်းဘုရားပွဲဆိုရင် သွားချင်တယ်။ သွားချင်ပေမယ့် ကျွန်တော်တို့က ပေးမလွှတ်ဘူး။ အဲဒီတော့ သူက ဘာပြောလဲဆို တော့ တစ်ရက်လောက်တော့ သွားပါရစေ။ နောက်နှစ်တွေဆို ရင် ဒီပွဲမျိုး မီချင်မှ မီတော့မှာဆို တော့ စိတ်မကောင်းဘူး။ သူက သူ့တပည့်တွေနဲ့ စကားတွေပြော ချင်တာ’’ဟု ကိုဝင်းမြင့်က ပြော သည်။

7Day

error: Content is protected !!