Advertisement

အသက္မကြာတဲ့ ခ်စ္သူစုံတဲြေတြက ႏွလုံးသားခ်င္းပိုရင္းႏွီးၾကတဲ့ အေၾကာင္းရင္း

အသက္မကြာၾကတဲ့ ခ်စ္သူစုံတဲြေတြဆုိတာ သူငယ္ခ်င္းကေန ရည္းစားျဖစ္သြားၾကတဲ့ ရြယ္တူခ်စ္သူစုံတဲြေတြပါ။ ခ်စ္သူစုံတဲြတုိင္းဟာ တစ္ေယာက္နဲ႕တစ္ေယာက္ နီးေနဖုိ႕ထက္ ႏွလုံးသားခ်င္းနီးဖုိ႕က ပုိအေရးႀကီးပါတယ္။ ရြယ္တူခ်စ္သူစုံတဲြေလးေတြက ႏွလုံးသားခ်င္းပုိရင္ႏွီးၾကတတ္ပါတယ္။ ဘာျဖစ္လုိ႕လဲဆုိေတာ့ …

(၁) သူငယ္ခ်င္းလုိတစ္မ်ိဳး ခ်စ္သူလုိတစ္မ်ိဳး

အသက္မကြာၾကတဲ့ ရြယ္တူခ်စ္သူစုံတဲြေတြက သူငယ္ခ်င္းလိုမ်ိဳး တရင္းတႏွီးေျပာလို႕ရသလို ခ်စ္သူလုိလည္း အရမ္းခ်စ္ၾကပါတယ္။ အသက္ခ်င္းက ရြယ္တူျဖစ္ေနၾကေတာ့ သူငယ္ခ်င္းလုိမ်ိဳးလည္း သံေယာဇဥ္ရွိၾကတယ္။ ခ်စ္သူလုိမ်ိဳးလည္း တစ္ေယာက္နဲ႕တစ္ေယာက္ ပိုဂရုစိုက္ၾကတယ္။ အဲ့လိုေတြေၾကာင့္ ႏွလုံးသားခ်င္းပုိရင္းႏွီးတတ္ၾကတာပါ။

(၂) ရင္ဖြင့္ေဖာ္ တုိင္ပင္ေဖာ္

တစ္ေယာက္နဲ႕တစ္ေယာက္ အသက္ခ်င္းမကြာၾကေတာ့ ရင္ဖြင့္ေဖာ္ တုိင္ပင္ေဖာ္ရၾကတယ္။ တစ္ခုခုဆုိ ကိုယ့္ထက္ အသက္ႀကီးလုိ႕၊ ငယ္လုိ႕ဆုိၿပီး ရင္ဖြင့္ခ်င္တာေတာင္ ရင္ဖြင့္မရဲတာေတြရွိတတ္ၾကတယ္။ အသက္ခ်င္းသိပ္မကြာတဲ့ ခ်စ္သူစုံတဲြေလးေတာ့ ရြယ္တူျဖစ္ေနတဲ့အတြက္ တစ္ခုခုကိုဆုိ ရင္ဖြင့္ေဖာ္ တုိင္ပင္ေဖာ္ရွိၾကတယ္။ အဲ့လို တစ္ေယာက္နဲဲ႕တစ္ေယာက္ ရင္ဖြင့္ေဖာ္ျဖစ္ေနၾကလို႕လည္း ရင္ဘတ္ခ်င္းပိုနီးစပ္ၾကတာပါ။

(၃) စိတ္တူကုိယ္တူ

ရြယ္တူခ်စ္သူ စုံတဲြေလးေတြက စိတ္တူကိုယ္တူ အျမဲရွိၾကတယ္။ အျမဲစိတ္တူကုိယ္တူရွိၾကေတာ့ တစ္ေယာက္အႀကိဳက္နဲ႕တစ္ေယာက္လည္းတူတတ္ၾကတယ္။ ဘယ္သြားမယ္၊ ဘာလုပ္ၾကမလဲ ဆုိတာကအစ စိတ္တူကုိယ္တူျဖစ္ေနတတ္ၾကတယ္။ ရြယ္တူျဖစ္ၾကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ အႀကိဳက္ကို ပုိသိၾကတယ္။ ဒီအခ်က္ေၾကာင့္လည္း ႏွလုံးသားခ်င္းပိုနီးၾကတာပါ။

(၄) မတည့္ အတူေန

အျမဲတုိင္း ရန္ျဖစ္ေနတတ္ၾကတာ ရြယ္တူခ်စ္သူစုံတဲြေလးေတြပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ အျမဲတက်က္က်က္ရန္ျဖစ္ေနတတ္ၾကတယ္။ စိတ္ဆုိးၾကၿပီးဆုိရင္လည္း တစ္နာရီေတာင္ျပည့္ေအာင္ စိတ္မဆုိးတတ္ၾကဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ မေခၚမေျပာရင္လညး္ မေနႏုိင္တတ္ၾကပါဘူး။ အဲ့လုိေတြ ရန္ခဏခဏ ျဖစ္ၾကလို႕ အခ်စ္ေတြ တုိးတုိးလာၾကတာပါ။ အဲ့ဒါေၾကာင့္ ရြယ္တူစုံတဲြေလးေတြက ရင္ဘတ္ခ်င္း ပိုနီးၾကတယ္။

Hannwe Soe (Shwemom)
uni

အသက်မကွာတဲ့ ချစ်သူစုံတွဲတွေက နှလုံးသားချင်းပိုရင်းနှီးကြတဲ့ အကြောင်းရင်း

အသက်မကွာကြတဲ့ ချစ်သူစုံတွဲတွေဆိုတာ သူငယ်ချင်းကနေ ရည်းစားဖြစ်သွားကြတဲ့ ရွယ်တူချစ်သူစုံတွဲတွေပါ။ ချစ်သူစုံတွဲတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် နီးနေဖို့ထက် နှလုံးသားချင်းနီးဖို့က ပိုအရေးကြီးပါတယ်။ ရွယ်တူချစ်သူစုံတွဲလေးတွေက နှလုံးသားချင်းပိုရင်နှီးကြတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ …

(၁) သူငယ်ချင်းလိုတစ်မျိုး ချစ်သူလိုတစ်မျိုး

အသက်မကွာကြတဲ့ ရွယ်တူချစ်သူစုံတွဲတွေက သူငယ်ချင်းလိုမျိုး တရင်းတနှီးပြောလို့ရသလို ချစ်သူလိုလည်း အရမ်းချစ်ကြပါတယ်။ အသက်ချင်းက ရွယ်တူဖြစ်နေကြတော့ သူငယ်ချင်းလိုမျိုးလည်း သံယောဇဉ်ရှိကြတယ်။ ချစ်သူလိုမျိုးလည်း တစ်ယောက်နဲ့တစ်ယောက် ပိုဂရုစိုက်ကြတယ်။ အဲ့လိုတွေကြောင့် နှလုံးသားချင်းပိုရင်းနှီးတတ်ကြတာပါ။


(၂) ရင်ဖွင့်ဖော် တိုင်ပင်ဖော်

တစ်ယောက်နဲ့တစ်ယောက် အသက်ချင်းမကွာကြတော့ ရင်ဖွင့်ဖော် တိုင်ပင်ဖော်ရကြတယ်။ တစ်ခုခုဆို ကိုယ့်ထက် အသက်ကြီးလို့၊ ငယ်လို့ဆိုပြီး ရင်ဖွင့်ချင်တာတောင် ရင်ဖွင့်မရဲတာတွေရှိတတ်ကြတယ်။ အသက်ချင်းသိပ်မကွာတဲ့ ချစ်သူစုံတွဲလေးတော့ ရွယ်တူဖြစ်နေတဲ့အတွက် တစ်ခုခုကိုဆို ရင်ဖွင့်ဖော် တိုင်ပင်ဖော်ရှိကြတယ်။ အဲ့လို တစ်ယောက်နဲဲ့တစ်ယောက် ရင်ဖွင့်ဖော်ဖြစ်နေကြလို့လည်း ရင်ဘတ်ချင်းပိုနီးစပ်ကြတာပါ။

(၃) စိတ်တူကိုယ်တူ

ရွယ်တူချစ်သူ စုံတွဲလေးတွေက စိတ်တူကိုယ်တူ အမြဲရှိကြတယ်။ အမြဲစိတ်တူကိုယ်တူရှိကြတော့ တစ်ယောက်အကြိုက်နဲ့တစ်ယောက်လည်းတူတတ်ကြတယ်။ ဘယ်သွားမယ်၊ ဘာလုပ်ကြမလဲ ဆိုတာကအစ စိတ်တူကိုယ်တူဖြစ်နေတတ်ကြတယ်။ ရွယ်တူဖြစ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ကို ပိုသိကြတယ်။ ဒီအချက်ကြောင့်လည်း နှလုံးသားချင်းပိုနီးကြတာပါ။

(၄) မတည့် အတူနေ

အမြဲတိုင်း ရန်ဖြစ်နေတတ်ကြတာ ရွယ်တူချစ်သူစုံတွဲလေးတွေပါ။ တစ်ယောက်နဲ့တစ်ယောက် အမြဲတကျက်ကျက်ရန်ဖြစ်နေတတ်ကြတယ်။ စိတ်ဆိုးကြပြီးဆိုရင်လည်း တစ်နာရီတောင်ပြည့်အောင် စိတ်မဆိုးတတ်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောရင်လညး် မနေနိုင်တတ်ကြပါဘူး။ အဲ့လိုတွေ ရန်ခဏခဏ ဖြစ်ကြလို့ အချစ်တွေ တိုးတိုးလာကြတာပါ။ အဲ့ဒါကြောင့် ရွယ်တူစုံတွဲလေးတွေက ရင်ဘတ်ချင်း ပိုနီးကြတယ်။

Hannwe Soe (Shwemom)