Advertisement





– အမျိုးသား

– အမျိုးသမီး


Facebook

Twitter

Viber

Hangouts

line

Instagram

Youtube

Browser


( ဒါတွေကိုသတိထားပါ )
















– တွေ့ဆုံရန်လာသည့်အခါ မိမိတစ်ဦးထည်းမလာပါနှင့်အဖေါ်ခေါ်လာပါ။









– တက်တူး(ဆေးမှင်ကြောင်)ထိုးသူများသည် ၎င်းတို့အခက်အခဲတစုံတရာ ကြုံလာရပါကတက်တူးထိုးမိခြင်း အမှားကို ကြီးမားစွာနောင်တရကြသည်။










စေတနာဖြင့်

ရရ

(ရိုးမရိပ်)

18/7/2017

ဗဟုသုတ​ကျေးရွာ

========================

{အွန်လိုင်းတွင်ဓာတ်ပုံတင်သူများနှင့်နေရပ်လိပ်စာတင်သူတွေအထူးသတိထားရမည့်အချက်များ}

(သင်၏ Share တချက်သည် လူပေါင်းများစွာကို ကယ်တင်ရာရောက်သည်)

အွန်လိုင်းပေါ်မှာ မိမိဓာတ်ပုံနှင့် မိမိအကြောင်းများကိုတင်နေကြတဲ့

– အမျိုးသား

– အမျိုးသမီး

များအတွက် နားလည်ထားတာလေးတွေကို စေတနာအရင်းခံနှင့် ဝေမျှလိုက်ပါတယ်။

Facebook

Twitter

Viber

Hangouts

line

Instagram

Youtube

Browser

စတဲ့နေရာတွေမှာ ဓာတ်ပုံတင်တော့မယ်ဆိုရင် သတိထားရမဲ့အချက်တွေက အများကြီးပါ ။စာရှည်မည်စိုး၍ စာတိုဖြင့်ရေးသားတင်ပြလိုက်ပါတယ်။

( ဒါတွေကိုသတိထားပါ )

– ကိုယ်တင်တော့မဲ့ ဓါတ်ပုံမှာ မိမိနှင့်သက်ဆိုင်သောအမှတ်အသား များ ပါမပါ သေချာကြည့်ပြီးမှတင်ပါ။

– Video Live လွှင့်လိုလျှင် မိမိlive ထုတ်လွှင့်မဲ့နေရာကိုသေချာစီစစ်ပါ ။

– မိမိကို အလွယ်တကူသိစေနိုင်သော အမှတ်အသားဖြစ်စေနိုင်သည်များကို ဖယ်ရှားပါ(သို့)ကင်မရာမြင်ကွင်းကို တခြားဖက်ကိုလှည့်ပြီး live လွှင့်ပါ။

– မိမိ မိသားစုနှင့်ဆက်စပ်သော ပစ္စည်းများ စာများဓါတ်ပုံထဲမှာ ပါမပါသေချာကြည့်ပါ။

– စိတ်ချရမှ ပုံတင်ခြင်းကို လုပ်ပါ။

– အရေးတကြီးကိစ္စမဟုတ်ပဲ မိမိဓါတ်ပုံတွင် နေရပ်လိပ်စာအတိအကျ ရေးမထည့်ပါနှင့်။

– အတွင်းရေးကိစ္စများကို CB လိုနေရာတွင်သာပြောကြပါ။

– အချင်းချင်းဆက်သွယ်သောကိစ္စများကို ဖုန်းနှင့် အခြားfriများ မမြင်တွေ့နိုင်သောဟနေရာများမှဆက်သွယ်ကြပါ ။

– ဖုန်းနံပါတ် ရေးမထည့်ပါနှင့်။

– မိမိရောက်နေချိန်နှင့်တပြေးညီ ရောက်ရှိနေရာလိပ်စာကိုအတိအကျထည့်မရေးပါနှင့်။

– သွားရောက်ရမဲ့ခရီးစဉ်အသေးစိပ်ကို ရေးမထည့်ပါနှင့်။

– အကြောင်းမသိပဲ (သို့)လူချင်းမတွေ့ဖူးပဲ ဖုန်းနံပါတ်ကိုအလွယ်တကူမပေးမိပါစေနဲ့။

– သူတပါးဓါတ်ပုံအား တင်လိုပါက ကာယကံရှင်ခွင့်ပြုချက်ရရှိပြီးပုံများကိုသာတင်ပါ။

– အကြောင်းမသိပဲ အိမ်အလည်မခေါ်ပါနှင့်

– မိတ်ဆွေဖြစ်တွေ့လိုပါက စားသောက်ဆိုင်ကဲ့သို့သောလူစည်ကားရာတွင် တွေ့ဆုံပါ။

– တွေ့ဆုံရန်လာသည့်အခါ မိိမိတစ်ဦးထည်းမလာပါနှင့်အဖေါ်ခေါ်လာပါ။

– အကြောင်းမသိပဲ လဘက်ရည်ကော်ဖီတိုက်ကျွေးခြင်းတခြားလက်ဆောင်များ ပေးကမ်းလာခြင်းကို သတိထား စားသောက် လက်ခံကြပါ။

( နောက်ဆက်တွဲပြဿနာများ )

အွန်လိုင်းလောကသည် မည်သူ့ကိုမျှ အမှန်ဟု သတ်မှတ်ယုံကြည်ရန်ခက်ခဲသည်။

မိမိ၏ ရိုးသားချက်များကိုအခွင့်အရေးယူပြီးအခွင့်အရေးသမားများ၏ အသုံးချခြင်းကိုခံရတ်သည်။

– အမျိုးသမီးများဓါတ်ပုံအား sexy အကောင့် pageများတွင် ဖိုတိုရှော့ လုပ်ပြီး အသုံးချခံရတတ်သည်။

– ငွေညှစ်ငွေလိမ်ခြင်းများ ခံရတတ်သည်။

– မိမိအသက်အန္တရာယ်ကို ခြိမ်းခြောက်၍ အကျပ်ကိုင်ခြင်းခံရနိုင်သည်။

– မိမိ၏ ယုံကြည်ပေါ့ဆမှုသည် မိမိအား တချိန်ချိန်တွင်ဒုက္ခပေးနိုင်သည်။

– တက်တူး(ဆေးမှင်ကြောင်)ထိုးသူများသည် ၎င်းတို့အခက်အခဲတစုံတရာ ကြုံလာရပါကတက်တူးထိုးမိခြင်း အမှားက်ုိ ကြီးမားစွာနောင်တရကြသည်။

တက်တူးဆေးမှင်ထိုးခြင်းကား ရေနှင့်အလွယ်တကူဆေးကြော၍ ပျက်ပြယ်သည့်ကိစ္စမဟုတ်

ထို့အတူ အွန်လိုင်းပေါ်တွင် မိမိအချက်အလက်များကို တင်ပြထားသူသည်။

တက်တူးထိုးထားသူများ နောင်တရကြသကဲ့သို့-နောင်တချိန်တွင် ကြီးမားစွာနောင်တ ရတတ်ကြသည်။

အွန်လိုင်းပေါ်၌တင်လိုက်သော မိမိ၏ အချက်အလက်များအား မလိုအပ်ဟု သိလာသောအခါ အလွယ်တကူပြန်ဖျက်၍ မရပေ။

မိမိအကောင့်ထဲတွင် ဖျက်၍ရသော်ငြားလည်းသူတပါးတို့ Save ထားခြင်း Copy ကူးထားခြင်းSs (စကင်ရှော့ရိုက်ထားခြင်း)များကို ဖျက်ရန်မည်သို့မှမဖြစ်နိုင် တော့ပါ ။

– facebook ကဲ့သို့သော ဝတ်ဘ်ဆိုဒ် ထူးထောင်သူများသည် သုံးစွဲသူများကို ဓာတ်ပုံအမှန်မတင်ရန်အမြဲသတိပေးတတ်ကြသည်။

ခြွင်းချက်>> ရိုးသားစွာ အွန်လိုင်းသုံးသူများကိုမဆိုလိုပါမရိုးသားသူများ၏ အန္တရာယ်မှ လွတ်မြောက်စေလိုသောစေတနာဖြင့် ရေးသားတင်ပြရခြင်းဖြစ်ပါ သည်။

လူအမျိုးမျိုးရှိကြသည်ဖြစ်ရာ-အွန်လိုင်းပေါ် တွင်နေ့စဉ်ကြုံတွေ့နေရသော ပြဿနာများကို ရည် ရွယ်ပါသည်။

အပျော်သုံးခြင်းမှအပျက်ဖြစ်သွားခြင်းများကင်းဝေးကြပါစေ

စေတနာဖြင့်

ရရ

(ရိုးမရိပ်)

18/7/2017

ဗဟ​ုသုတ​ကျေးရွာ