Advertisement

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအေျခအေနေၾကာင့္ Lowy Institute ေဟာေျပာပြဲဖ်က္သိမ္း

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအေျခအေနေၾကာင့္ Lowy Institute ေဟာေျပာပြဲဖ်က္သိမ္း

အာဆီယံ-ၾသစေၾတးလ် ထိပ္သီးအစည္းအေ၀းႏွင့္ ၾသစေၾတးလ် ၀န္ၾကီးခ်ဳပ္ မဲလ္ကြမ္တန္းဘဲလ္၏ဖိတ္ၾကားခ်က္အရ ၾသစေၾတးလ်ႏိုင္ငံတြင္ ေရာက္ရွိေနေသာေဒၚေအာင္ဆန္းစုၾကည္သည္ မတ္ ၂၀ ရက္တြင္ Lowy Institute ၌ မိန္႔ခြန္းေျပာၾကားရန္စီစဥ္ထားရာက်န္းမာေရးအေျခအေနေၾကာင့္ ယင္းအစီအစဥ္ကိုဖ်က္သိမ္းလိုက္ေၾကာင္းသတင္းရသည္။

ယင္းအစီအစဥ္သည္ ေဒၚေအာင္ဆန္းစုၾကည္၏ ၾသစေၾတးလ်ခရီးစဥ္အတြင္းလူထုပရိသတ္ႏွင့္ ေတြ႔ဆံုမည့္ တခုတည္းေသာ အခြင့္အေရးျဖစ္ျပီးပရိသတ္ႏွင့္ အေမးအေျဖက႑ကိုလည္းထည့္သြင္းထားခဲ့ေၾကာင္းသိရသည္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နာမက်န္းျဖစ္ေနသည့္အတြက္ ေဟာေျပာပြဲအစီအစဥ္သို႔ တက္ေရာက္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ျမန္မာသံ႐ုံးကယေန႔ (မတ္ ၁၉) ေန႔လယ္ပိုင္းကအေၾကာင္းၾကားလာေၾကာင္း၊ သို႔ျဖစ္၍ အစီအစဥ္အားဖ်က္သိမ္းလိုက္ပါေၾကာင္းLowy Institute က ထုတ္ျပန္ေၾကညာသည္။

ရခိုင္ျပည္နယ္မွ မူဆလင္းမ်ားအေရးႏွင့္ပတ္သက္၍ ယင္းအစီအစဥ္ ျပဳလုပ္မည့္ေနရာ၌ ကန္႔ကြက္ဆႏၵျပမႈမ်ားရွိႏိုင္ေၾကာင္းလည္းသိရသည္။

ယေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၾသစေၾတးလ် ၀န္းၾကီးခ်ဳပ္ႏွင့္ သီးသန္႔ေတြ႔ဆံုခဲ့ေၾကာင္းသိရသည္။ ဆက္လက္၍ ယေန႔ ညေနပိုင္းတြင္ ၾသစေၾတးလ်ေရာက္ ျမန္မာမိသားစုမ်ားႏွင့္ ေတြ႔ဆံုမည္ျဖစ္ေၾကာင္းသိရသည္။

Ref;ABC

credit News Watch

======================

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် Lowy Institute ဟောပြောပွဲဖျက်သိမ်း

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးနှင့် သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘဲလ်၏ဖိတ်ကြားချက်အရ သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသောဒေါ်အောင်ဆန်းစုကြည်သည် မတ် ၂၀ ရက်တွင် Lowy Institute ၌ မိန့်ခွန်းပြောကြားရန်စီစဉ်ထားရာကျန်းမာရေးအခြေအနေကြောင့် ယင်းအစီအစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းသတင်းရသည်။

ယင်းအစီအစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျခရီးစဉ်အတွင်းလူထုပရိသတ်နှင့် တွေ့ဆုံမည့် တခုတည်းသော အခွင့်အရေးဖြစ်ပြီးပရိသတ်နှင့် အမေးအဖြေကဏ္ဍကိုလည်းထည့်သွင်းထားခဲ့ကြောင်းသိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေသည့်အတွက် ဟောပြောပွဲအစီအစဉ်သို့ တက်ရောက်နိုင်တော့မည် မဟုတ်ကြောင်း မြန်မာသံရုံးကယနေ့ (မတ် ၁၉) နေ့လယ်ပိုင်းကအကြောင်းကြားလာကြောင်း၊ သို့ဖြစ်၍ အစီအစဉ်အားဖျက်သိမ်းလိုက်ပါကြောင်းLowy Institute က ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်မှ မူဆလင်းများအရေးနှင့်ပတ်သက်၍ ယင်းအစီအစဉ် ပြုလုပ်မည့်နေရာ၌ ကန့်ကွက်ဆန္ဒပြမှုများရှိနိုင်ကြောင်းလည်းသိရသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ ဝန်းကြီးချုပ်နှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ယနေ့ ညနေပိုင်းတွင် သြစတြေးလျရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

Ref;ABC

credit News Watch