Advertisement

ပရာဒို ကားႀကီးစီးၿပီး အုန္းပင္တက္တဲ့ အလုပ္ပဲ လိုက္လုပ္စားေနတဲ့ ကိုတင္လိႈင္ အေၾကာင္း

” ဗ်ိဳ႕ ကိုခင္ ”

ပရာဒို ကားေပၚမွ ဆင္းလာသူက လွမ္းေခၚလိုက္ျခင္းပင္။

” ကိုခင္မရွိဘူးး ကိုတင္လိႈင္ေရ ”

” ေျသာ္ မရွိဘူးလား ”

” ငါအုန္းပင္တက္ဖို ့လာတာ ဒီအပင္လား ”

သူ ့စကားေတြကို ၾကားသျဖင့္ က်ြန္ုပ္အံ့ၾသမိသြားသည္။

စီးလာေသာကားက ပရာဒို အျပာေရာင္။ အေပၚက တိုက္ပံုအျဖဴ ။ ပုဆိုးက အနက္ေရာင္။ အသက္က ၄၀ ဝန္းက်င္ေလာက္ရွိ၍ က်စ္လစ္ေသာခႏၶာကိုယ္ နွင့္ေထာင္ေမာင္းေသာအရပ္။ သံုးသပ္ၾကည့္လိုက္လ်ွင္ သူေဌး တစ္ေယာက္မွန္းသိသာလွသည္။ထိုကဲ႕သို ့ ေသာ လုူက အုန္းပင္တက္ဖို ့ လာသတဲ့ ။နားၾကားလြဲသည့္အထင္နွင့္ က်ြန္ုပ္ရပ္ျကည့္ေနမိလိုက္သည္။

ထိုသူေဌး ကိုတင္လိႈင္သည္ ကားေနာက္ဖံုးကို ဖြင့္သည္။ ဓါးမ နွင့္ ျကိုးေခြကို ထုတ္သည္။ သူ ့ ့့အဝတ္အစားမ်ားကို ခ်ြတ္ကာ ပုဆိုး ခပ္ႏြမ္းႏြမ္းတထည္ကို ဝတ္လိုက္သည္။

ျကိုးတဖက္တြင္ဓါးမကို ခ်ည္ကာ ျကိုးတဖက္ကို သူ၏ ခါးမွာခ်ည္၍ အုန္းပင္ေပၚသို့ သြက္လက္စြာ တက္သြားသည္။ အုန္းခိုင္မ်ားကို က်ြမ္းက်င္စြာခုတ္သည္။ ေျမသို ့ခ်သည္။

အုန္းသိီးခိုင္မ်ား ခုတ္ျပီးေသာအခါ ဓါးမနွင့္ျကိုးေခြကို ကားေနာက္သို ့ ျပန္ထည့္သည္။ ေျခလက္မ်ား သန္ ့စင္ျပီး နဂို အဝတ္အစား ျပန္ဝတ္သည္ ။ က်သင့္ေငြေတာင္းယူကာ ပရာဒိုကားျပာျကီးစီး ၍ ျပန္လည္ ထြက္ခြာသြားေပျပီ။

က်ြန္ုပ္၏ ရင္ထဲမွာေတာ့ နားမလည္ျခင္း မသိျခင္းမ်ားစြာနွင့္အတူ အုန္းပင္တက္ေသာသူေဌးအျဖစ္ က်န္ခဲ့ပါေတာ့သည္။

” ေျသာ္ ဦးဇင္းက ဒီျမိဳ႕ကို ခုမွေရာက္တာဆိုေတာ့ သူေဌးကိုတင္လိႈင္အေျကာင္းမသိဘူးကိုး ”

” ဟုတ္တယ္ ကပၸိယျကီးရဲ႕ ပရာဒိုကားစီးျပီး အုန္းပင္တက္တဲ႕သူေဌး က်ဳပ္ ခုမွျမင္ဖူးတယ္ဗ်ာ ”

” ကိုတင္လိႈင္က ထူးဆန္းတယ္ ဦးဇင္းေလးရဲ႕ ။

သူက ငယ္ငယ္က အရမ္းဆင္းရဲတယ္ ။

အုန္းပင္တက္ျပီးအသက္ေမြးဝမ္းေျကာင္းျပဳတယ္။

တစ္​ေန ့ေတာ့ သူထိုးတဲ႕ထီက သိန္း၃၀၀ေပါက္တယ္ ။

သူက စာမတတ္ေပမတ္ အုန္းပင္ပဲတက္တတ္သူဆိုေတာ့ သူ ့မိန္းမကပဲ စီးပြားေရး ဦးေဆာင္လုပ္တယ္ ။

သူကေတာ့ အုန္းပင္ပဲတက္တယ္။ ဒီလို နဲ႕ သူတို ့ခ်မ္းသာလာတာ။ သူ ့သားသမီးေတြက ဆရာဝန္ေတြ ဘြဲ႕ရပညာတတ္ေတြ။ ကိုတင္လိႈင္က အုန္းပင္တက္တဲ႕ အခေျကးေငြကို ရြာလမ္းခင္းတဲ႕ေနရာမွာသံုးတယ္!!

” ေျသာ္ အဲဒီလိုကိုးးဒါနဲ႕ သူ ့သားသမီးေတြကေရာ ကိုတင္လိႈင္ အုန္းပင္တက္တာကို ခြင့္ျပဳသလား ”

” အမေလးးဦးဇင္းေလးရယ္ ခြင့္ျပဳသလားမေမးနဲ႕ သူ ့ ့သားဆရာဝန္ဆို သူ ့ အေဖအုန္းပင္တက္တဲ႕တခါတခါ သူကိုယ္တိုင္ကားေမာင္း လိုက္ပို ့ေနတတ္တာ သူ ့ သားကလည္း ဒိီျမိဳ႕ေလးမွာ အခမဲ႕ ေဆးခန္းဖြင့္ထားတယ္ေလ ”

” ေျသာ္ အာဂ သားအဖကိုး…”

အဲဒီေန ့က ေနေရာင္ ရွတတေလးပူတဲ႕ေန ့။ ျမိဳ႕ျပင္က လမ္းေလ်ွာက္ျပန္လာခ်ိန္ေပါ့။ ျမိဳ႕ျပင္ျဖစ္သျဖင့္ ကားငွားလို ့လဲမရခဲ႕ဘူး။ ကားေတြတစီးျပီးတစီး က်ြန္ုပ္ေဘးကျဖတ္သန္းေမာင္းသြားျကတယ္။ က်ြန္ုပ္ကေတာ့ လမ္းေလ်ွာက္ေနဆဲပင္။

ရုတ္တရက္ အျပာေရာင္ကားတစီး က်ြန္ုပ္ေဘး ထိုးရပ္လာတယ္။ ကားတံခါး ပြင္႔သြားျပီး ကိုတင္လိႈင္ကားေပၚကဆင္းလာတယ္။

လက္အုပ္ခ်ီရင္း . . .

” ဦးဇင္းေလး ျမိဳ႕ထဲျပန္ျကြမလို့လား ”

” ဟုတ္တယ္ ဒကာရဲ႕”

“တပည့္ေတာ္လည္း ျမိဳ႕ထဲျပန္မွာ လိုက္ခဲ႕ပါလားဘုရား”

ေရငတ္သူေရတြင္းထဲ က်ဆိုသလိုပဲ က်ြန္ုပ္ ကားေပၚတက္ထိုင္လိုက္ေတာ့တာပဲ။

” ဒကာကိုယ္တင္လိႈင္က ဘယ္ကျပန္တာလဲ”

က်ြန္ုပ္စကားကို သူက အံျသသလို နားေထာင္ရင္း ” တပည့္ေတာ္ကိုသိတယ္လား ဘုရား ”

” သိပ္သိတာေပါ့ ပရာဒိုကားနဲ႕ အုန္းပင္တက္တဲ႕သူေဌးကိုး ”

သူက အျပံဳးနွင့္တံု႕ျပန္ရင္းး

” တပည့္ေတာ္ အုန္းပင္သြားတက္တာေလ ”

” ဒကာက ဘာလို့ အုန္းပင္တက္တာလဲ ”

” အုန္းပင္တက္တာက တပည့္ေတာ္ အလုပ္ေလ ”

” လူမွန္ရင္အလုပ္လုပ္ရမယ္ေလ ”

” ဒကာျကီးတို ့က ခ်မ္းသာေနတာပဲေလ အလုပ္မလုပ္လဲရတာပဲကို”

” တပည့္ေတာ္တို့က ခ်မ္းသာတာမဟုတ္ဘူးဘုရား ေငြရွိတာ ”

က်ြန္ုပ္အံျသစြာလွည့္ျကည့္မိသည္ ။

“ဘယ္​လို ဒကာျကီး ခ်မ္းသာတာမဟုတ္ဘူး ေငြရွိတာဟုတ္လား”

” မွန္ပါ့။ ေငြရွိတာနဲ႕ ခ်မ္းသာတာ မတူဘူးဘုရား အလုပ္လုပ္တာနဲ႕ေငြရွာတာလဲ မတူဘူးေလ”

“ရွင္းစမ္းပါဦး ဒကာရဲ႕”

” မွန္ပါ့။ အလုပ္လုပ္တယ္ ဆိုတာက မိမိရဲ႕အတတ္ပညာနဲ႕ ေလာက လူသားေတြအက်ိဳးသယ္ပိုးတာ ။အဲဒီလို သယ္ပိုးလို့ ထိုက္တန္စြာ ျပန္ရတဲ႕ ေငြေျကးနဲ႕ အသက္ေမြးတာ အဲဒါ ကိုအလုပ္လုပ္တယ္ေခၚတာ ။ ေငြရွာတာက်ေတာ့ တရားတယ္မတရားဘူး မစဥ္းစားဘူး ေငြရျပီးေရာ ဘာျဖစ္ျဖစ္အကုန္လုပ္တာ အဲဒါေငြရွာတယ္ေခၚတယ္ဘုရား ”

” အင္းးခ်မ္းသာတာနဲ႕ ေငြရွိတာကေရာ ”

” မွန္ပါ့။ ေငြရွိတယ္ဆိုတာက ေငြရွာတယ္။

ရလာတဲ႕ေငြနဲ႕ သံုးနိုင္တယ္ ျဖဳန္းနိုင္တယ္ တိုက္ ကား ဇိမ္ခံ ပစၥည္းေတြနဲ႕ ေနနိုင္တယ္ ။အာ့ဒါေငြရွိတာ ဘုရား”

” ခ်မ္းသာတယ္ဆိုတာကေတာ့ အရာအားလံုးကို ဥေပကၡာျပဳ ျပီး ရွိသမ်ွနဲ႕ ေရာင့္ရဲ႕ေနတတ္တာပါပဲ ”

က်ြန္ုပ္ကို ေက်ာင္းပို ့ကာ သူျပန္ထြက္ခြာသြားသည္။ ဒီတစ္​ခါ သူထြက္ခြာသြားခ်ိန္မွာေတာ့ သူ ့ကို နာလည္းျခင္းမ်ားစြာ အဓိပၸါယ္ျပည့္ဝေသာမ်က္လံုးေတြနွင့္မ်က္စိတဆံုးရပ္ေငးျကည့္ေနမိပါေတာ့သည္။

#အုန္းပင္တက္ေသာသူေဌး

🌴🌴🌴🌴🌴🌴🌴🌴🌴🌴

credit to. ဇိနပုတၱ (ဂႏၴဝင္) ရသစံုလင္ စာအုပ္စင္ …

Ko Myo Min Htut ထံမွ ေလးစားစြာျဖင့္ ထပ္ဆင့္ ကူးယူေဖာ္ျပပါသည္။

Photo Credit to Ko Htay Han

============

” ဗျို့ ကိုခင် ”

ပရာဒို ကားပေါ်မှ ဆင်းလာသူက လှမ်းခေါ်လိုက်ခြင်းပင်။

” ကိုခင်မရှိဘူးး ကိုတင်လှိုင်ရေ ”

” သြော် မရှိဘူးလား ”

” ငါအုန်းပင်တက်ဖို ့လာတာ ဒီအပင်လား ”

သူ ့စကားတွေကို ကြားသဖြင့် ကျွန်ုပ်အံ့သြမိသွားသည်။

စီးလာသောကားက ပရာဒို အပြာရောင်။ အပေါ်က တိုက်ပုံအဖြူ ။ ပုဆိုးက အနက်ရောင်။ အသက်က ၄၀ ဝန်းကျင်လောက်ရှိ၍ ကျစ်လစ်သောခန္ဓာကိုယ် နှင့်ထောင်မောင်းသောအရပ်။ သုံးသပ်ကြည့်လိုက်လျှင် သူဌေး တစ်ယောက်မှန်းသိသာလှသည်။ထိုကဲ့သို ့ သော လုူက အုန်းပင်တက်ဖို ့ လာသတဲ့ ။နားကြားလွဲသည့်အထင်နှင့် ကျွန်ုပ်ရပ်ကြည့်နေမိလိုက်သည်။

ထိုသူဌေး ကိုတင်လှိုင်သည် ကားနောက်ဖုံးကို ဖွင့်သည်။ ဓါးမ နှင့် ကြိုးခွေကို ထုတ်သည်။ သူ ့ ့့အဝတ်အစားများကို ချွတ်ကာ ပုဆိုး ခပ်နွမ်းနွမ်းတထည်ကို ဝတ်လိုက်သည်။

ကြိုးတဖက်တွင်ဓါးမကို ချည်ကာ ကြိုးတဖက်ကို သူ၏ ခါးမှာချည်၍ အုန်းပင်ပေါ်သို့ သွက်လက်စွာ တက်သွားသည်။ အုန်းခိုင်များကို ကျွမ်းကျင်စွာခုတ်သည်။ မြေသို ့ချသည်။

အုန်းသိီးခိုင်များ ခုတ်ပြီးသောအခါ ဓါးမနှင့်ကြိုးခွေကို ကားနောက်သို ့ ပြန်ထည့်သည်။ ခြေလက်များ သန် ့စင်ပြီး နဂို အဝတ်အစား ပြန်ဝတ်သည် ။ ကျသင့်ငွေတောင်းယူကာ ပရာဒိုကားပြာကြီးစီး ၍ ပြန်လည် ထွက်ခွာသွားပေပြီ။

ကျွန်ုပ်၏ ရင်ထဲမှာတော့ နားမလည်ခြင်း မသိခြင်းများစွာနှင့်အတူ အုန်းပင်တက်သောသူဌေးအဖြစ် ကျန်ခဲ့ပါတော့သည်။

” သြော် ဦးဇင်းက ဒီမြို့ကို ခုမှရောက်တာဆိုတော့ သူဌေးကိုတင်လှိုင်အကြောင်းမသိဘူးကိုး ”

” ဟုတ်တယ် ကပ္ပိယကြီးရဲ့ ပရာဒိုကားစီးပြီး အုန်းပင်တက်တဲ့သူဌေး ကျုပ် ခုမှမြင်ဖူးတယ်ဗျာ ”

” ကိုတင်လှိုင်က ထူးဆန်းတယ် ဦးဇင်းလေးရဲ့ ။

သူက ငယ်ငယ်က အရမ်းဆင်းရဲတယ် ။

အုန်းပင်တက်ပြီးအသက်မွေးဝမ်းကြောင်းပြုတယ်။

တစ်​နေ ့တော့ သူထိုးတဲ့ထီက သိန်း၃ဝဝပေါက်တယ် ။

သူက စာမတတ်ပေမတ် အုန်းပင်ပဲတက်တတ်သူဆိုတော့ သူ ့မိန်းမကပဲ စီးပွားရေး ဦးဆောင်လုပ်တယ် ။

သူကတော့ အုန်းပင်ပဲတက်တယ်။ ဒီလို နဲ့ သူတို ့ချမ်းသာလာတာ။ သူ ့သားသမီးတွေက ဆရာဝန်တွေ ဘွဲ့ရပညာတတ်တွေ။ ကိုတင်လှိုင်က အုန်းပင်တက်တဲ့ အခကြေးငွေကို ရွာလမ်းခင်းတဲ့နေရာမှာသုံးတယ်!!

” သြော် အဲဒီလိုကိုးးဒါနဲ့ သူ ့သားသမီးတွေကရော ကိုတင်လှိုင် အုန်းပင်တက်တာကို ခွင့်ပြုသလား ”

” အမလေးးဦးဇင်းလေးရယ် ခွင့်ပြုသလားမမေးနဲ့ သူ ့ ့သားဆရာဝန်ဆို သူ ့ အဖေအုန်းပင်တက်တဲ့တခါတခါ သူကိုယ်တိုင်ကားမောင်း လိုက်ပို ့နေတတ်တာ သူ ့ သားကလည်း ဒိီမြို့လေးမှာ အခမဲ့ ဆေးခန်းဖွင့်ထားတယ်လေ ”

” သြော် အာဂ သားအဖကိုး…”

အဲဒီနေ ့က နေရောင် ရှတတလေးပူတဲ့နေ ့။ မြို့ပြင်က လမ်းလျှောက်ပြန်လာချိန်ပေါ့။ မြို့ပြင်ဖြစ်သဖြင့် ကားငှားလို ့လဲမရခဲ့ဘူး။ ကားတွေတစီးပြီးတစီး ကျွန်ုပ်ဘေးကဖြတ်သန်းမောင်းသွားကြတယ်။ ကျွန်ုပ်ကတော့ လမ်းလျှောက်နေဆဲပင်။

ရုတ်တရက် အပြာရောင်ကားတစီး ကျွန်ုပ်ဘေး ထိုးရပ်လာတယ်။ ကားတံခါး ပွင့်သွားပြီး ကိုတင်လှိုင်ကားပေါ်ကဆင်းလာတယ်။

လက်အုပ်ချီရင်း . . .

” ဦးဇင်းလေး မြို့ထဲပြန်ကြွမလို့လား ”

” ဟုတ်တယ် ဒကာရဲ့”

“တပည့်တော်လည်း မြို့ထဲပြန်မှာ လိုက်ခဲ့ပါလားဘုရား”

ရေငတ်သူရေတွင်းထဲ ကျဆိုသလိုပဲ ကျွန်ုပ် ကားပေါ်တက်ထိုင်လိုက်တော့တာပဲ။

” ဒကာကိုယ်တင်လှိုင်က ဘယ်ကပြန်တာလဲ”

ကျွန်ုပ်စကားကို သူက အံသြသလို နားထောင်ရင်း ” တပည့်တော်ကိုသိတယ်လား ဘုရား ”

” သိပ်သိတာပေါ့ ပရာဒိုကားနဲ့ အုန်းပင်တက်တဲ့သူဌေးကိုး ”

သူက အပြုံးနှင့်တုံ့ပြန်ရင်းး

” တပည့်တော် အုန်းပင်သွားတက်တာလေ ”

” ဒကာက ဘာလို့ အုန်းပင်တက်တာလဲ ”

” အုန်းပင်တက်တာက တပည့်တော် အလုပ်လေ ”

” လူမှန်ရင်အလုပ်လုပ်ရမယ်လေ ”

” ဒကာကြီးတို ့က ချမ်းသာနေတာပဲလေ အလုပ်မလုပ်လဲရတာပဲကို”

” တပည့်တော်တို့က ချမ်းသာတာမဟုတ်ဘူးဘုရား ငွေရှိတာ ”

ကျွန်ုပ်အံသြစွာလှည့်ကြည့်မိသည် ။

“ဘယ်​လို ဒကာကြီး ချမ်းသာတာမဟုတ်ဘူး ငွေရှိတာဟုတ်လား”

” မှန်ပါ့။ ငွေရှိတာနဲ့ ချမ်းသာတာ မတူဘူးဘုရား အလုပ်လုပ်တာနဲ့ငွေရှာတာလဲ မတူဘူးလေ”

“ရှင်းစမ်းပါဦး ဒကာရဲ့”

” မှန်ပါ့။ အလုပ်လုပ်တယ် ဆိုတာက မိမိရဲ့အတတ်ပညာနဲ့ လောက လူသားတွေအကျိုးသယ်ပိုးတာ ။အဲဒီလို သယ်ပိုးလို့ ထိုက်တန်စွာ ပြန်ရတဲ့ ငွေကြေးနဲ့ အသက်မွေးတာ အဲဒါ ကိုအလုပ်လုပ်တယ်ခေါ်တာ ။ ငွေရှာတာကျတော့ တရားတယ်မတရားဘူး မစဉ်းစားဘူး ငွေရပြီးရော ဘာဖြစ်ဖြစ်အကုန်လုပ်တာ အဲဒါငွေရှာတယ်ခေါ်တယ်ဘုရား ”

” အင်းးချမ်းသာတာနဲ့ ငွေရှိတာကရော ”

” မှန်ပါ့။ ငွေရှိတယ်ဆိုတာက ငွေရှာတယ်။

ရလာတဲ့ငွေနဲ့ သုံးနိုင်တယ် ဖြုန်းနိုင်တယ် တိုက် ကား ဇိမ်ခံ ပစ္စည်းတွေနဲ့ နေနိုင်တယ် ။အာ့ဒါငွေရှိတာ ဘုရား”

” ချမ်းသာတယ်ဆိုတာကတော့ အရာအားလုံးကို ဥပေက္ခာပြု ပြီး ရှိသမျှနဲ့ ရောင့်ရဲ့နေတတ်တာပါပဲ ”

ကျွန်ုပ်ကို ကျောင်းပို ့ကာ သူပြန်ထွက်ခွာသွားသည်။ ဒီတစ်​ခါ သူထွက်ခွာသွားချိန်မှာတော့ သူ ့ကို နာလည်းခြင်းများစွာ အဓိပ္ပါယ်ပြည့်ဝသောမျက်လုံးတွေနှင့်မျက်စိတဆုံးရပ်ငေးကြည့်နေမိပါတော့သည်။

#အုန်းပင်တက်သောသူဌေး

🌴🌴🌴🌴🌴🌴🌴🌴🌴🌴

credit to. ဇိနပုတ္တ (ဂန္ထဝင်) ရသစုံလင် စာအုပ်စင် …

Ko Myo Min Htut ထံမှ လေးစားစွာဖြင့် ထပ်ဆင့် ကူးယူဖော်ပြပါသည်။

Photo Credit to Ko Htay Han