Advertisement

အထူးသတိထားၾကပါ

ျမိဳင္ၾကီးငူ ဆရာေတာ္ၾကီးေက်ာက္ဂူေတာရ ဆရာေတာ္ၾကီးတို ့ဆက္တိုက္ဆိုသလို ပ်ံလြန္ေတာ္မူၾကတာဟာ ျမန္မာနိ ုင္ငံအတြက္ ဝမ္းနည္းစရာပါ…

ေမတၱာဓာတ္ၾကီးမားသူေတြ ဆံုးရွံဳးရတာဟာ ပုထုဇဥ္ေတြအတြက္အေၾကာင္းမေကာင္းလွပါဘူး…

သူေတာ္ေကာင္းၾကီးေတြရဲ့ ေမတၱာဓာတ္ဟာ ကမၻာသူကမၻာသားေတြအတြက္ မ်ားစြာ အကာအကြယ္ေပးပါတယ္…

ဥပေစၧဒက ကံေတြရဲ့ အက်ိ ဳ းေပးဟာလည္း ဆန္းၾကယ္လွပါတယ္…

ေသတတ္တဲ့သေဘာတရားရွိလို ့လူေသတာ မဆန္းေပမဲ့ ခုေနာက္ပိုင္းမွာ အကုသိုလ္ေတြရဲ့ အက်ိ ဳ းေပးေတြဟာ ဆန္းက်ယ္လွပါတယ္…

သူေတာ္ေကာင္းေတြ ဥပေစၧဒက ကံနဲ ့ေသဆံုးသလို သာမန္လူေတြအစုလိုက္အျပံဳ လိုက္ မၾကာခဏ ေသဆံုးတာဟာလည္း အကုသိုလ္ၾကီးမားလွတဲ့ အခ်ိန္အခါ မို ့ပါပဲ…

သတၱဝါေတြ အကုသုိလ္ၾကီးလာျပီဆိုရင္ ကယ္တင္မဲ့ သူေတြပါ ပိုျပီး ဒုကၡေရာက္တတ္တာဟာသဘာဝတရားပါပဲ…

အရွင္သာရိပုၾတာမေထရ္ျမတ္ၾကီးေတာင္ အကုသိုလ္ကံ ၾကီးမားလွတဲ့ ခေလးတေရာက္ကို သာမေဏဝတ္ေပးျပီးကယ္မိလို ့….

မေထရ္ျမတ္ၾကီး ဆြမ္းခံၾကြတဲ့အခါ ဆြမ္းခံမရလို ့ ခေလးကို ထားခဲ့ျပီး တပါးတည္းဆြမ္းခံမွဆြမ္းခံလို ့ရပါတယ္….

ရဟန္းသံဃာေတာ္မ်ားကိုေစာ္ကားတဲ့ အရိယူပ ကံထိုက္တဲ့သူမ်ားေနတဲ့ခုလိုေခတ္ၾကီးမွာ ….

အကယ္ခံရမဲ့သူေတြရဲ့ အကုသိုုလ္ကံေၾကာင့္ ကယ္မဲ့သူေတြပါ ေရာျပီး ပ်က္စီးတတ္တာ သံေဝဂယူစရာေကာင္းလွပါတယ္….

ငါကေတာ့ သာသနာေတာ္အတြက္ လုပ္ေနတာပဲ ငါကေတာ့ေကာင္းတာလုပ္ေနတာပဲ ဘာမွမျဖစ္နိ ုင္ဘူးလို ့ မထင္ၾကပါနဲ ့…..

ဗုဒၶက သတၱဝါတဦးဟာ သံသရာမွာ မျပဳ လုပ္ဘူး တဲ့အကုသုလ္မရွိဘူးလို ့ေဟာထားပါတယ္….

အကုသိုလ္ အက်ိ ဳ းေပးခ်ိန္ငါးခ်ိန္ ရွိပါတယ္….

၁ ။အခ်ိန္မဲ့ အခါမဲ့ သြားလာခ်ိန္

၂ ။မိတ္ေကာင္းေဆြေကာင္း ကင္းမဲ့ခ်ိန္

၃။ ေျပာမွား ဆိုမွာ လုပ္မိခ်ိန္္

( စကားအေျပာအဆိုေၾကာင့္ ဒုကၡေရာက္တာကို ေျပာတာပါဒီအခ်ိန္မွာ အဲလိုလူေတြ အမ်ားၾကီးေတြ ့ရနိ ုင္ပါတယ္)

၄ ။မေတာ္တဲ့အခါ ေနမိခ်ိန္( သူမ်ားရန္ျဖစ္တဲ့အခ်ိန္ မွာကိုယ္ကအနားမွာ ရွိေနခ်ိန္မ်ိ ဳ းကိုေျပာတာပါ )

၅။ ေခတ္ဆိုး ေခတ္ပ်က္ ၾကံဳေတြ ့ခ်ိန္

သံသရာကမေကာင္းမႈ႕ေတြဟာလူေတြရဲ့ အကုသိုလ္ၾကီးမားခ်ိန္မွာ ဝင္ေရာက္အက်ိ ဳ းေပးတတ္ပါတယ္ …

အထူးသျဖင့္ အခုလို ေခတ္ဆိုးေခတ္ပ်က္ၾကံဳေတြ ့ခ်ိန္မွာ ဝင္ေရာက္အက်ိ ဳ းေပးတတ္ပါတယ္…

ဒါ့ေၾကာင့္ လူေတြ အစုုလိုက္အျပံဳ လိုက္ေသတာမ်ိ ဳ းေတြ အံ့ၾသစရာေစျခင္းတရားနဲ ့ေသတာမ်ိ ဳ းေတြ…

( ကုန္းျမင့္ေဒသမွာ ေရၾကီးလို ့ေရနစ္ေသတာေတြ ဟိုတေလာက ေလယာဥ္ပ်က္က်လို ့ ေအာက္က ခေလးတေရာက္ စာက်က္ေနရင္းေသတာမ်ိ ဳ းေတြ )

ၾကံဳ ေတြ ့ရသလို သူေတာ္ေကာင္းေတြ ရုတ္တရက္ ေသတာမ်ိ ဳ းေတြ လည္း ၾကံဳေတြ ့ရတတ္ပါတယ္…

ဒါဟာ အေၾကာင္းတရားမကင္းတဲ့အက်ိ ဳ းတရား ေသျခင္းမ်ိ ဴ းေတြပါပဲ….

ဒါ့ေၾကာင့္ ဓမၼမိတ္ေဆြမ်ား အထူးသတိထားရမွာက ရတနာသံုးပါးကို ေစာ္ကားလို ့ရရွိတဲ့ အရိယူပ ကံမထိုက္ေအာင္သတိထားၾကပါ…

တသံသရာလံုးက ျပဳလုပ္ခဲ့ဘူးတဲ့ အကုသိုလ္ကံေတြက ဝင္ေရာက္ အက်ိ ဳ းေပးေနလို ့ သူေတာ္ေကာင္းရယ္ သူရဲေကာင္းရယ္ သာမာန္လူရယ္ မခြဲ ျခားပါဘူး….

သတိတခ်က္ လြတ္တာနဲ ့ေသဆံုးတတ္ျပီး သာသနာနဲ ့လြဲ ရတတ္တာမို ့…အထူးသတိထားၾကပါ….

ေသျခင္းတရားဆိုတာ ေသသင့္လို ့ ေသရတာရွိသလို မေသသင့္တဲ့ အခ်ိန္ေတြမွာ ေသရတာလည္း ရွိပါတယ္….

ေသျခင္းခုနစ္မ်ိ ဳ း ရွိတာ ဗုဒၶဘာသာဝင္ေတြ သိပါလိ္မ့္မယ္….

ဓမၼမိတ္ေဆြမ်ား …အေျပာအဆို ၊ အေနအထိုင္ အစစ အရာရာ ပညာဥာဏ္နဲ ့ယွဥ္နိ ုင္ၾကပါေစ….

ေစတနာ မ်ားစြာျဖင့္…..

ဦးျမင့္ခိုင္

share

Unicode >>>

အထူးသတိထားကြပါ

မြိုင်ကြီးငူ ဆရာတော်ကြီးကျောက်ဂူတောရ ဆရာတော်ကြီးတို့ဆက်တိုက်ဆိုသလို ပျံလွန်တော်မူကြတာဟာ မြန်မာနိ ုင်ငံအတွက် ဝမ်းနည်းစရာပါ…

မေတ္တာဓာတ်ကြီးမားသူတွေ ဆုံးရှုံးရတာဟာ ပုထုဇဉ်တွေအတွက်အကြောင်းမကောင်းလှပါဘူး…

သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓာတ်ဟာ ကမ္ဘာသူကမ္ဘာသားတွေအတွက် များစွာ အကာအကွယ်ပေးပါတယ်…

ဥပစ္ဆေဒက ကံတွေရဲ့ အကျိ ု းပေးဟာလည်း ဆန်းကြယ်လှပါတယ်…

သေတတ်တဲ့သဘောတရားရှိလို့လူသေတာ မဆန်းပေမဲ့ ခုနောက်ပိုင်းမှာ အကုသိုလ်တွေရဲ့ အကျိ ု းပေးတွေဟာ ဆန်းကျယ်လှပါတယ်…

သူတော်ကောင်းတွေ ဥပစ္ဆေဒက ကံနဲ့သေဆုံးသလို သာမန်လူတွေအစုလိုက်အပြုံ လိုက် မကြာခဏ သေဆုံးတာဟာလည်း အကုသိုလ်ကြီးမားလှတဲ့ အချိန်အခါ မို့ပါပဲ…

သတ္တဝါတွေ အကုသိုလ်ကြီးလာပြီဆိုရင် ကယ်တင်မဲ့ သူတွေပါ ပိုပြီး ဒုက္ခရောက်တတ်တာဟာသဘာဝတရားပါပဲ…

အရှင်သာရိပုတြာမထေရ်မြတ်ကြီးတောင် အကုသိုလ်ကံ ကြီးမားလှတဲ့ ခလေးတရောက်ကို သာမဏေဝတ်ပေးပြီးကယ်မိလို့….

မထေရ်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ ဆွမ်းခံမရလို့ ခလေးကို ထားခဲ့ပြီး တပါးတည်းဆွမ်းခံမှဆွမ်းခံလို့ရပါတယ်….

ရဟန်းသံဃာတော်များကိုစော်ကားတဲ့ အရိယူပ ကံထိုက်တဲ့သူများနေတဲ့ခုလိုခေတ်ကြီးမှာ ….

အကယ်ခံရမဲ့သူတွေရဲ့ အကုသိုလ်ကံကြောင့် ကယ်မဲ့သူတွေပါ ရောပြီး ပျက်စီးတတ်တာ သံဝေဂယူစရာကောင်းလှပါတယ်….

ငါကတော့ သာသနာတော်အတွက် လုပ်နေတာပဲ ငါကတော့ကောင်းတာလုပ်နေတာပဲ ဘာမှမဖြစ်နိ ုင်ဘူးလို့ မထင်ကြပါနဲ့…..

ဗုဒ္ဓက သတ္တဝါတဦးဟာ သံသရာမှာ မပြု လုပ်ဘူး တဲ့အကုသုလ်မရှိဘူးလို့ဟောထားပါတယ်….

အကုသိုလ် အကျိ ု းပေးချိန်ငါးချိန် ရှိပါတယ်….

၁ ။အချိန်မဲ့ အခါမဲ့ သွားလာချိန်

၂ ။မိတ်ကောင်းဆွေကောင်း ကင်းမဲ့ချိန်

၃။ ပြောမှား ဆိုမှာ လုပ်မိချိန်

( စကားအပြောအဆိုကြောင့် ဒုက္ခရောက်တာကို ပြောတာပါဒီအချိန်မှာ အဲလိုလူတွေ အများကြီးတွေ့ရနိ ုင်ပါတယ်)

၄ ။မတော်တဲ့အခါ နေမိချိန်( သူများရန်ဖြစ်တဲ့အချိန် မှာကိုယ်ကအနားမှာ ရှိနေချိန်မျိ ု းကိုပြောတာပါ )

၅။ ခေတ်ဆိုး ခေတ်ပျက် ကြုံတွေ့ချိန်

သံသရာကမကောင်းမှု့တွေဟာလူတွေရဲ့ အကုသိုလ်ကြီးမားချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ် …

အထူးသဖြင့် အခုလို ခေတ်ဆိုးခေတ်ပျက်ကြုံတွေ့ချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ်…

ဒါ့ကြောင့် လူတွေ အစုလိုက်အပြုံ လိုက်သေတာမျိ ု းတွေ အံ့သြစရာစေခြင်းတရားနဲ့သေတာမျိ ု းတွေ…

( ကုန်းမြင့်ဒေသမှာ ရေကြီးလို့ရေနစ်သေတာတွေ ဟိုတလောက လေယာဉ်ပျက်ကျလို့ အောက်က ခလေးတရောက် စာကျက်နေရင်းသေတာမျိ ု းတွေ )

ကြုံ တွေ့ရသလို သူတော်ကောင်းတွေ ရုတ်တရက် သေတာမျိ ု းတွေ လည်း ကြုံတွေ့ရတတ်ပါတယ်…

ဒါဟာ အကြောင်းတရားမကင်းတဲ့အကျိ ု းတရား သေခြင်းမျိ ူ းတွေပါပဲ….

ဒါ့ကြောင့် ဓမ္မမိတ်ဆွေများ အထူးသတိထားရမှာက ရတနာသုံးပါးကို စော်ကားလို့ရရှိတဲ့ အရိယူပ ကံမထိုက်အောင်သတိထားကြပါ…

တသံသရာလုံးက ပြုလုပ်ခဲ့ဘူးတဲ့ အကုသိုလ်ကံတွေက ဝင်ရောက် အကျိ ု းပေးနေလို့ သူတော်ကောင်းရယ် သူရဲကောင်းရယ် သာမာန်လူရယ် မခွဲ ခြားပါဘူး….

သတိတချက် လွတ်တာနဲ့သေဆုံးတတ်ပြီး သာသနာနဲ့လွဲ ရတတ်တာမို့…အထူးသတိထားကြပါ….

သေခြင်းတရားဆိုတာ သေသင့်လို့ သေရတာရှိသလို မသေသင့်တဲ့ အချိန်တွေမှာ သေရတာလည်း ရှိပါတယ်….

သေခြင်းခုနစ်မျိ ု း ရှိတာ ဗုဒ္ဓဘာသာဝင်တွေ သိပါလိမ့်မယ်….

ဓမ္မမိတ်ဆွေများ …အပြောအဆို ၊ အနေအထိုင် အစစ အရာရာ ပညာဉာဏ်နဲ့ယှဉ်နိ ုင်ကြပါစေ….

စေတနာ များစွာဖြင့်…..

ဦးမြင့်ခိုင်

share