Advertisement

ေက်ာက္ကပ္မွာ ေက်ာက္တည္ေနေၾကာင္း ျပသေလ့ရွိတဲ့ လကၡဏာမ်ား

ေက်ာက္ကပ္နဲ႕ ပတ္သတ္တဲ့ ေရာဂါေတြထဲမွာ ေက်ာက္ကပ္ေက်ာက္တည္ျခင္းဟာ အျဖစ္အမ်ားဆံုး ေရာဂါတစ္မ်ိဳးပါ ။

ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္းဟာ မ်ိဳးရိုးေၾကာင့္လည္း ျဖစ္နိုင္သလို အျခားေသာ က်န္းမာေရး အေျခအေနေတြေၾကာင့္လည္း ျဖစ္လာနိုင္ပါတယ္ ။

ေရဓါတ္နည္းျခင္း ၊ အဝလြန္ျခင္း ၊ ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း ၊ အငန္ နွင့္ ပရိုတိန္းဓါတ္ ဆားသုံးမႈမ်ားျခင္းတို႕ဟာ ေက်ာက္တည္ေစနိုင္တဲ့ အေၾကာင္းျပခ်က္ေတြပဲ ျဖစ္ပါတယ္ ။

ေက်ာက္ကပ္ေက်ာက္တည္လာလွ်င္ ကနဦးအစပိုင္းမွာ လကၡဏာေတြကို သတိထားမိမွာ မဟုတ္ပါဘူး ။

သို႔ေသာ္လည္း ေက်ာက္ေတြဟာ အနည္းငယ္လႈပ္သြားရင္ေတာ့ နာၾကင္မႈေတြကို စတင္ခံစားရေတာ့မွာပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ ေက်ာက္ကပ္မွာ ေက်ာက္တည္လာလွ်င္ သိရွိနိုင္မယ့္ လကၡဏာရပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ ။

၁။ဝမ္းဗိုက္နွင့္ ခါးေနာက္ပိုင္း အလြန္နာၾကင္လာမည္ ။ ေက်ာက္ေတြဟာ လႈပ္ရွားမႈျပဳတဲ့အခါမွာ နာၾကင္မႈကို ခံစားရမွာပါ ။ ဒီလိုနာၾကင္မႈဟာ ရွည္ၾကာနိုင္သလို တစ္ခါတစ္ရံမွလည္း ျဖစ္တတ္ပါတယ္။

၂။ဆီးအနံ႔ဟာ နဂိုထက္ သိသိသာသာ ဆိုးဝါးလာတာမ်ိဳးဟာလည္း ေက်ာက္တည္ျခင္းရဲ႕ လကၡဏာတစ္ခုပါပဲ။

၃။ ဆီးသြားေနစဥ္ ယားယံမႈကို ခံစားရတယ္ဆိုရင္လည္း ေက်ာက္ကပ္ ေက်ာက္တည္ဖို႕ အခြင့္အေရး မ်ားပါတယ္ ။

၄။ ဆီးအေရာင္ဟာ လိေမၼာ္ေရာင္ ျဖစ္လာျပီး ေသြြးတစြန္းတစပါလာျပီ ဆိုရင္ေတာ့ ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္းျဖစ္ေနနိုင္ပါတယ္ ။ အျမန္ဆံုး ဆရာဝန္နဲ႕ ေဆြးေႏြးကုသသင့္ပါတယ္။

၅။တင္ပါးဆံုရိုးမ်ား နာၾကင္ျခင္းကလည္း သတိထားသင့္တဲ့ လကၡဏာတစ္ခုပါ။

၆။ေက်ာက္ကပ္ေက်ာက္တည္ျခင္းရဲ႕ ေနာက္ထပ္အျဖစ္မ်ားတဲ့ လကၡဏာတစ္ခုကေတာ့ မအီမသာျဖစ္ကာ ေအာ့အန္ျခင္းပဲ ျဖစ္ပါတယ္။

၇။ ေမာပန္းျခင္းမ်ား ျဖစ္လာမည္ ။ သာမန္ ေလွ်ာက္ေနၾက လမ္းခရီးမ်ိဳးမွာေတာင္ ေမာပန္းလာတတ္တာ ၊ ပင္ပန္းနံုးခ်ိေနတတ္တာဟာလည္း သတိထားသင့္တဲ့ လကၡဏာရပ္ပဲ ျဖစ္ပါတယ္ ။

Credit-CHAN (ေရႊအင္းေလး)

Unicode >>>>

ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ ရောဂါတွေထဲမှာ ကျောက်ကပ်ကျောက်တည်ခြင်းဟာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပါ ။

ကျောက်ကပ်မှာ ကျောက်တည်ခြင်းဟာ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို အခြားသော ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ် ။

ရေဓါတ်နည်းခြင်း ၊ အဝလွန်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ အငန် နှင့် ပရိုတိန်းဓါတ် ဆားသုံးမှုများခြင်းတို့ဟာ ကျောက်တည်စေနိုင်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ် ။

ကျောက်ကပ်ကျောက်တည်လာလျှင် ကနဦးအစပိုင်းမှာ လက္ခဏာတွေကို သတိထားမိမှာ မဟုတ်ပါဘူး ။

သို့သော်လည်း ကျောက်တွေဟာ အနည်းငယ်လှုပ်သွားရင်တော့ နာကြင်မှုတွေကို စတင်ခံစားရတော့မှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ကျောက်ကပ်မှာ ကျောက်တည်လာလျှင် သိရှိနိုင်မယ့် လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

၁။ဝမ်းဗိုက်နှင့် ခါးနောက်ပိုင်း အလွန်နာကြင်လာမည် ။ ကျောက်တွေဟာ လှုပ်ရှားမှုပြုတဲ့အခါမှာ နာကြင်မှုကို ခံစားရမှာပါ ။ ဒီလိုနာကြင်မှုဟာ ရှည်ကြာနိုင်သလို တစ်ခါတစ်ရံမှလည်း ဖြစ်တတ်ပါတယ်။

၂။ဆီးအနံ့ဟာ နဂိုထက် သိသိသာသာ ဆိုးဝါးလာတာမျိုးဟာလည်း ကျောက်တည်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။

၃။ ဆီးသွားနေစဉ် ယားယံမှုကို ခံစားရတယ်ဆိုရင်လည်း ကျောက်ကပ် ကျောက်တည်ဖို့ အခွင့်အရေး များပါတယ် ။

၄။ ဆီးအရောင်ဟာ လိမ္မော်ရောင် ဖြစ်လာပြီး သွေးတစွန်းတစပါလာပြီ ဆိုရင်တော့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်နေနိုင်ပါတယ် ။ အမြန်ဆုံး ဆရာဝန်နဲ့ ဆွေးနွေးကုသသင့်ပါတယ်။

၅။တင်ပါးဆုံရိုးများ နာကြင်ခြင်းကလည်း သတိထားသင့်တဲ့ လက္ခဏာတစ်ခုပါ။

၆။ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ နောက်ထပ်အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ မအီမသာဖြစ်ကာ အော့အန်ခြင်းပဲ ဖြစ်ပါတယ်။

၇။ မောပန်းခြင်းများ ဖြစ်လာမည် ။ သာမန် လျှောက်နေကြ လမ်းခရီးမျိုးမှာတောင် မောပန်းလာတတ်တာ ၊ ပင်ပန်းနုံးချိနေတတ်တာဟာလည်း သတိထားသင့်တဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ် ။

Credit-CHAN (ရွှေအင်းလေး)