Advertisement

“အိမ္ေထာင္ဖက္” လိုတာလား? အိမ္ေထာင္ဖက္အမည္ခံ “အိမ္ေဖာ္” ကိုလိုတာလား…

"အိမ္ေထာင္ဖက္" လိုတာလား? အိမ္ေထာင္ဖက္အမည္ခံ "အိမ္ေဖာ္" ကိုလိုတာလား... 2

ေယာက္်ားတစ္ေယာက္ သူ႔အဝတ္သူေလွ်ာ္ေနတာေတြ႕ရင္ လူေတြက “မိန္းမယူလိုက္ပါလား၊ ကိုယ့္ဘာသာကိုယ္ မေလွ်ာ္ရေတာ့ဘူးေပါ့” လို႔ေျပာမယ္။

ေယာက္်ားတစ္ေယာက္ ထမင္းဟင္းခ်က္ေနတာျမင္ရင္ လူေတြက “မိန္းမယူလိုက္ပါလား၊ ကိုယ့္ဘာသာကိုယ္ မခ်က္ရေတာ့ဘူးေပါ့” လို႔ေျပာမယ္။

အသက္ ၃၅ ႏွစ္အရြယ္ ေယာက္်ားတစ္ေယာက္ သူ႔အတြင္းခံသူမေလွ်ာ္တတ္၊ သူ႔ေကာ္ဖီသူေဖ်ာ္ဖို႔ ေရေႏြးေတာင္မတည္တတ္၊

သူ႔အိပ္ယာသူေတာင္မျပင္တတ္၊ သူစားၿပီးသားပန္းကန္ေတာင္ သူ႔ဘာသာမေဆးတတ္တဲ့အခါ

သူ႔အေမက “မင္း အေျခက်ဖို႔လိုၿပီ၊ မင္းကိုဂ႐ုစိုက္ျပဳစုဖို႔ မိန္းမယူေတာ့” လို႔ေျပာမယ္။

ဘယ္လိုျဖစ္တာလဲ??

ဒါေတြကို တျခားတဖက္ကနားလည္ရရင္ လူေတြရဲ႕စိတ္ထဲကေန မသိမသာနဲ႔ “မိန္းမယူတာ ဒီအလုပ္ေတြလုပ္ဖို႔ ျဖစ္တယ္” လို႔ေျပာသလိုျဖစ္ေနတယ္။

သန္႔ရွင္းေရးလုပ္၊ ခ်က္ျပဳတ္၊ ေလွ်ာ္ဖြတ္၊ ကေလးေမြးဖို႔အတြက္သာမိန္းမယူၾကပါလို႔ ေျပာေနသလိုျဖစ္ေနတယ္။

(မ်ားေသာအားျဖင့္ မိန္းမေတြဟာ သူတို႔ခ်စ္တဲ့ေယာက္်ား၊ သူတို႔ခ်စ္တဲ့သားသမီးအတြက္ ဒါေတြကိုလုပ္ေပးခ်င္ပါတယ္။)

ဒါေပမယ့္ လူေတြက အဲဒီလိုေတြပဲျမင္ေန ေျပာေနတဲ့အခါ အဲဒီလိုေယာက္်ားေတြဟာ “အိမ္ေထာင္ဖက္” လိုတာလား?

အိမ္ေထာင္ဖက္အမည္ခံ “အိမ္ေဖာ္” ကိုလိုတာလားလို႔ ေဝခြဲမရျဖစ္လာတယ္။

မိန္းမေတြဟာ သူတို႔ရွိရင္းစြဲအသက္ထက္ ၃ ဆပိုၿပီး႐ုပ္ရင့္ေနၾကတာဟာ စိတ္ဖိစီးမႈမ်ားၿပီး ပင္ပန္းၾကရလို႔ပါ။

ေယာက္်ားက TV ၾကည့္ရင္း ဖုန္းသံုးေနတဲ့အခ်ိန္မွာ မိန္းမက အိမ္အလုပ္ေတြမနားတမ္းလုပ္ေနရမယ္ဆိုရင္ ျဖစ္သင့္ပါ့မလား?

ေယာက္်ားေတြ ကိုယ့္ပန္းကန္ကိုယ္ေဆးတာမွားတယ္လို႔ ဘယ္သူေျပာလဲ?

ေယာက္်ားေတြ ကိုယ့္အဝတ္ကိုယ္ေလွ်ာ္တာမွားတယ္လို႔ ဘယ္သူေျပာလဲ?

ေယာက္်ားေတြ အိပ္ယာခင္းလဲတာ၊ ေစာင္ေခါက္တာေတြကမွားတယ္လို႔ေကာ ဘယ္သူေျပာလဲ?

ကိုယ္လက္ထပ္ယူထားတဲ့အမ်ဳိးသမီး၊ ကိုယ္နဲ႔အတူေနေနတဲ့ခ်စ္သူကို ကူညီေပးဖို႔အတြက္ ဘာေတြမ်ား အမ်ားႀကီးစဥ္းစားဦးမွာလဲ?

ကေလးတစ္ေယာက္လို အျပဳစုအယုယခံခ်င္ရင္ အိမ္ေထာင္ျပဳဖို႔အစား သူမ်ားေမြးစားတာခံလိုက္ဖို႔သာသင့္ပါတယ္။

ဒါေပမယ့္ ကိုယ္ခ်စ္လို႔၊ တန္ဖိုးထားလို႔၊ အတူေနခ်င္လို႔ ဒီအမ်ဳိးသမီးနဲ႔အိမ္ေထာင္ျပဳခ်င္တယ္ဆိုရင္ေတာ့ သူ႔ကိုခ်စ္ပါ၊ သူ႔ကိုကူညီပါ။

အမ်ဳိးသမီးေတြဟာ အခ်စ္ခံရဖို႔၊ အၾကင္နာခံရဖို႔၊ တန္ဖိုးထားေစာင့္ေရွာက္ခံရဖို႔ျဖစ္ပါတယ္။ လိုအပ္တဲ့ေနရာမွာပဲ သံုးဖို႔မဟုတ္ပါဘူး။

အမ်ဳိးသားေတြလဲ အတူတူပါပဲ။ ႏွစ္ဦးႏွစ္ဖက္ ညီညီမွ်မွ် ခ်စ္ခင္၊ ေလးစား၊ တန္ဖိုးထား၊ ကူညီေပးသင့္ပါတယ္။

Credit to Thant Zin Htoo

Unicode >>>>

“အိမ်ထောင်ဖက်” လိုတာလား? အိမ်ထောင်ဖက်အမည်ခံ “အိမ်ဖော်” ကိုလိုတာလား…

ယောက်ျားတစ်ယောက် သူ့အဝတ်သူလျှော်နေတာတွေ့ရင် လူတွေက “မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ဘူးပေါ့” လို့ပြောမယ်။

ယောက်ျားတစ်ယောက် ထမင်းဟင်းချက်နေတာမြင်ရင် လူတွေက “မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ဘူးပေါ့” လို့ပြောမယ်။

အသက် ၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက် သူ့အတွင်းခံသူမလျှော်တတ်၊ သူ့ကော်ဖီသူဖျော်ဖို့ ရေနွေးတောင်မတည်တတ်၊

သူ့အိပ်ယာသူတောင်မပြင်တတ်၊ သူစားပြီးသားပန်းကန်တောင် သူ့ဘာသာမဆေးတတ်တဲ့အခါ

သူ့အမေက “မင်း အခြေကျဖို့လိုပြီ၊ မင်းကိုဂရုစိုက်ပြုစုဖို့ မိန်းမယူတော့” လို့ပြောမယ်။

ဘယ်လိုဖြစ်တာလဲ??

ဒါတွေကို တခြားတဖက်ကနားလည်ရရင် လူတွေရဲ့စိတ်ထဲကနေ မသိမသာနဲ့ “မိန်းမယူတာ ဒီအလုပ်တွေလုပ်ဖို့ ဖြစ်တယ်” လို့ပြောသလိုဖြစ်နေတယ်။

သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့အတွက်သာမိန်းမယူကြပါလို့ ပြောနေသလိုဖြစ်နေတယ်။

(များသောအားဖြင့် မိန်းမတွေဟာ သူတို့ချစ်တဲ့ယောက်ျား၊ သူတို့ချစ်တဲ့သားသမီးအတွက် ဒါတွေကိုလုပ်ပေးချင်ပါတယ်။)

ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲမြင်နေ ပြောနေတဲ့အခါ အဲဒီလိုယောက်ျားတွေဟာ “အိမ်ထောင်ဖက်” လိုတာလား?

အိမ်ထောင်ဖက်အမည်ခံ “အိမ်ဖော်” ကိုလိုတာလားလို့ ဝေခွဲမရဖြစ်လာတယ်။

မိန်းမတွေဟာ သူတို့ရှိရင်းစွဲအသက်ထက် ၃ ဆပိုပြီးရုပ်ရင့်နေကြတာဟာ စိတ်ဖိစီးမှုများပြီး ပင်ပန်းကြရလို့ပါ။

ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့အချိန်မှာ မိန်းမက အိမ်အလုပ်တွေမနားတမ်းလုပ်နေရမယ်ဆိုရင် ဖြစ်သင့်ပါ့မလား?

ယောက်ျားတွေ ကိုယ့်ပန်းကန်ကိုယ်ဆေးတာမှားတယ်လို့ ဘယ်သူပြောလဲ?

ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ်လျှော်တာမှားတယ်လို့ ဘယ်သူပြောလဲ?

ယောက်ျားတွေ အိပ်ယာခင်းလဲတာ၊ စောင်ခေါက်တာတွေကမှားတယ်လို့ကော ဘယ်သူပြောလဲ?

ကိုယ်လက်ထပ်ယူထားတဲ့အမျိုးသမီး၊ ကိုယ်နဲ့အတူနေနေတဲ့ချစ်သူကို ကူညီပေးဖို့အတွက် ဘာတွေများ အများကြီးစဉ်းစားဦးမှာလဲ?

ကလေးတစ်ယောက်လို အပြုစုအယုယခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများမွေးစားတာခံလိုက်ဖို့သာသင့်ပါတယ်။

ဒါပေမယ့် ကိုယ်ချစ်လို့၊ တန်ဖိုးထားလို့၊ အတူနေချင်လို့ ဒီအမျိုးသမီးနဲ့အိမ်ထောင်ပြုချင်တယ်ဆိုရင်တော့ သူ့ကိုချစ်ပါ၊ သူ့ကိုကူညီပါ။

အမျိုးသမီးတွေဟာ အချစ်ခံရဖို့၊ အကြင်နာခံရဖို့၊ တန်ဖိုးထားစောင့်ရှောက်ခံရဖို့ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာပဲ သုံးဖို့မဟုတ်ပါဘူး။

အမျိုးသားတွေလဲ အတူတူပါပဲ။ နှစ်ဦးနှစ်ဖက် ညီညီမျှမျှ ချစ်ခင်၊ လေးစား၊ တန်ဖိုးထား၊ ကူညီပေးသင့်ပါတယ်။

Credit to Thant Zin Htoo